Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လွတ်လပ်သော မီဒီယာများ အကျပ်အတည်းကြား ရှင်သန်တည်တံ့ရေး တိုင်းရင်းမီဒီယာညီလာခံမှာ ဆွေးနွေးခဲ့ဟု BNI ထုတ်ပြန်

လွတ်လပ်သော မီဒီယာများ အကျပ်အတည်းကြား ရှင်သန်တည်တံ့ရေး တိုင်းရင်းမီဒီယာညီလာခံမှာ ဆွေးနွေးခဲ့ဟု BNI ထုတ်ပြန်

0
By Editor on May 10, 2025 Headline

(006SV)

လွတ်လပ်သော မြန်မာသတင်းမီဒီယာများ အကျပ်အတည်းကြားမှ ရှင်သန်တည်တံ့ရေးကို မြန်မာနိုင်ငံပြည်ပ တစ်နေရာတွင် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ မြန်မာသတင်း – BNI က မေလ ၁၀ ရက်မှာ ထုတ်ပြန်သည်။

မေလ ၅ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ ပြင်ပတစ်နေရာမှာ နိုင်ငံတကာ မြန်မာသတင်း – BNI က ကြီးမှုး၍ နဝမအကြိမ်မြောက် တိုင်ရင်းမီဒီယာညီလာခံကို ကျင်းပပြုလုပ်ရာမှာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ညီလာခံတက်ရောက်လာသူ သတင်းသမားများက လတ်တလော ကြုံတွေ့နေရသည့် ဘဏ္ဍာရေး အပါအဝင် အခြားအခက်အခဲ များကို တင်ပြဆွေးနွေးမှုအပေါ် အလှူရှင်များနှင့် တက်ရောက်လာသော အဖွဲ့အစည်းများကလည်း အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

လွတ်လပ်သော သတင်းမီဒီယာများ ရေရှည် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတကာကူညီထောက်ပံ့မှုများအပြင် သတင်းမီဒီယာ တစ်ခုချင်းစီက နည်းလမ်းများ ရှာဖွေကြိုးစားသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တိုင်းရင်းမီဒီယာညီလာခံမှာ မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေသော ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ရှုပ်ထွေးမှု အခြေအနေများ၊ နိုင်ငံရေး ရှုပ်ထွေးမှုများကြားက သတင်းတင်ဆက် ထုတ်လွှင့်မှု အခြေအနေများနှင့် အနာဂါတ် အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ညီလာခံတွင် နိုင်ငံတကာ မြန်မာသတင်း – BNI က စုစည်းနေသော သတင်းမီဒီယာဆိုင်ရာ ဥပဒေများအပေါ် ပြင်ဆင်ဖြည့်စွက် အကြံပြုရန် လိုအပ်ချက်များကို ထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးချက်များတွင် မီဒီယာ ကောင်စီနှင့် သတင်း မီဒီယာ ဥပဒေ၊ ရုပ်မြင်သံကြား နှင့် အသံထုတ်လွှင်ခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအခန်းကဏ္ဍတို့ ပါဝင်ကြောင်း သိရသည်။

အနာဂါတ်မှာ ပေါ်ပေါက်လာမည့် သတင်းမီဒီယာဆိုင်ရာ ဥပဒေများ ပြင်ဆင်ရေးဆွဲရာတွင် အောက်ခြေမှ အထက်သို့ (Bottom- Up Federalism) ပုံသဏ္ဍာန်ကို အခြေခံရန်နှင့် မီဒီယာ ကောင်စီ၊ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ၏ တာဝန်ရှိသူ အဖွဲ့အစည်းများကို အစိုးရနှင့် ကင်းလွတ်သော အဖွဲ့အစည်းများ ဖြစ်ရန်တို့ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့အပြင် တိုင်းရင်းသားလူမျိုးစုများ၊ အခြားစုံလင်ကွဲပြားသော အုပ်စုများ ပါဝင်မှုရှိသည့် ပုံစံဖြင့် ဖွဲ့စည်းသင့်ကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ညီလာခံကို လွတ်လပ်သော မြန်မာသတင်းမီဒီယာများမှ သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အချို့နှင့် မီဒီယာပံ့ပိုးသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၃၀ နီးပါး တက်ရောက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.