Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဝန္ျကီးခ်ုပ္ရာထူးအတြက္ တာဝန္ေပးလာပါက တာဝန္ယူရန္ အဆင္သင့္ျဖစ္ေနျပီး မည့္သည့္ရာထူးမဆို တာဝန္ေက်ေအာင္ေဆာင္ရြက္သြားမည္ဟု ဦးစိုးထက္မွေျပာ

ဝန္ျကီးခ်ုပ္ရာထူးအတြက္ တာဝန္ေပးလာပါက တာဝန္ယူရန္ အဆင္သင့္ျဖစ္ေနျပီး မည့္သည့္ရာထူးမဆို တာဝန္ေက်ေအာင္ေဆာင္ရြက္သြားမည္ဟု ဦးစိုးထက္မွေျပာ

0
By Editor on November 19, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ရာထူးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်သူလူထုနှင့်အစိုးရမှ တာဝန်ပေးအပ်လာပါက လုပ်ဆောင်ရန်အဆင်သင့်ရှိနေပြီး မည်သည့်ရာထူး/နေရာတွင်မဆို တာဝန်ကျေရန် အဆင်သင့်ဖြစ်နေကြောင်း လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

“ဝန်ကြီးချုပ်နေရာကို ပြည်သူလူထုကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ ပြည်တွင်း/ပြည်ပကပေးတဲ့ အတွေ့အကြုံတွေလည်းရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ ပြောချင်ပါတယ်။ နောက်တခုက အမြင့်ဆုံးရာထူးပဲဖြစ်ဖြစ်၊ ခုလို အစိုးရအဖွဲ့ဝင် ဝန်ကြီးပဲဖြစ်ဖြစ်၊ ဘယ်နေရာဘဲဖြစ်ဖြစ် ကျနော့်အနေနဲ့ တာဝန်ကျေဖို့ အဆင်သင့်ပါ။ လက်ရှိလည်း ပြည်နယ်အတွင်းမှာ လုပ်ရမဲ့အရာတွေကို ခွဲခြားမှုမရှိဘူး၊ ဘယ်နေရာပဲဖြစ်ဖြစ် ရအောင်သွားပြီးမှ လက်ရှိဆောင်ရွက်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် ၃၆ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရခဲ့ပြီးနောက် လူမှုကွန်ယက်တွင် လက်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်အား လာမည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ထင်ကြေးပေးမှုများ မြင့်တက်လာခဲ့သည်။

“စစ်ရေးပဋ္ဋိပက္ခဖြစ်တဲ့ဟာဆိုရင်လည်း စစ်ရေးဖြစ်တဲ့အတွက် သာမန်အားဖြင့် ဘယ်သူမှ ဒီဒေသမျိုးကို သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြားက ကိုယ့်ဒေသကိုသွားပြီး လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာ၊ နိုင်ငံတော်ကိုယ်စား၊ ပြည်နယ်အစိုးရကိုယ်စား၊ နယ်မြေအဖွဲ့အစည်းတွေမျိုး လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကိုခံရတဲ့ထိ ဖြစ်ဖူးပါတယ်။ အဲလိုဒေသကိုလည်း ဖွံံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင်လုပ်ဖို့ကလည်း အင်မတန်မှခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူပြီးမှ လုပ်ရမဲ့အနေအထားပါပဲ။ အချိန်ယူလုပ်မယ်၊ နောက်သဘောထားတွေပြောင်းအောင် ဆွေးနွေးမယ်။ နောက်လိုအပ်တဲ့ဖြည့်ဆည်းမှုတွေလုပ်ပြီးမှ ပြီးသွားမဲ့ဟာတွေဖြစ်ပါတယ်။ တာဝန်ပေးမယ်ဆိုရင် မလုပ်နိုင်စရာမရှိပါဘူး” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှ ဖြည့်စွက်ပြောသည်။

ပလက်ဝမြို့နယ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စည်ပင်ဝန်ကြီးဦးစိုးထက်အနေဖြင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တစ်ဦးတည်းပြိုင်ဖက်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးနန်းဆိုက်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ဖြစ်သူ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်မှာ ယခင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်၏နေရာတွင် ၂၀၁၈ ခုနှစ်အတွင်း ပြင်ပပညာရှင်အဖြစ် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ဝင်ရောက်လာသူဖြစ်သည်။

#Zawgyi

By Benezer – ခ်င္းျပည္နယ္အစိုးရအဖြဲ့၏ ဝန္ျကီးခ်ုပ္ရာထူးအျဖစ္ တာဝန္ထမ္းေဆာင္ရန္ ျပည္သူလူထုနွင့္အစိုးရမွ တာဝန္ေပးအပ္လာပါက လုပ္ေဆာင္ရန္အဆင္သင့္ရွိေနျပီး မည္သည့္ရာထူး/ေနရာတြင္မဆို တာဝန္ေက်ရန္ အဆင္သင့္ျဖစ္ေနေျကာင္း လက္ရွိ ခ်င္းျပည္နယ္အစိုးရအဖြဲ့ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ျကီး ဦးစိုးထက္မွေျပာသည္။

“ဝန္ျကီးခ်ုပ္ေနရာကို ျပည္သူလူထုကပဲျဖစ္ျဖစ္၊ အစိုးရကပဲျဖစ္ျဖစ္ တာဝန္ေပးမယ္ဆိုရင္ လုပ္ဖို့အဆင့္သင့္ပဲလို့ ေျပာခ်င္ပါတယ္။ ျပည္တြင္း/ျပည္ပကေပးတဲ့ အေတြ့အျကံုေတြလည္းရွိပါတယ္။ ကြ်န္ေတာ္တို့ေဒသရဲ့ လိုအပ္ခ်က္ေတြကိုလည္း အတိုင္းအတာတစ္ခုအထိ နားလည္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တာဝန္ေပးမယ္ဆိုရင္ လုပ္ဖို့အဆင့္သင့္ပဲလို့ ေျပာခ်င္ပါတယ္။ ေနာက္တခုက အျမင့္ဆံုးရာထူးပဲျဖစ္ျဖစ္၊ ခုလို အစိုးရအဖြဲ့ဝင္ ဝန္ျကီးပဲျဖစ္ျဖစ္၊ ဘယ္ေနရာဘဲျဖစ္ျဖစ္ က်ေနာ့္အေနနဲ့ တာဝန္ေက်ဖို့ အဆင္သင့္ပါ။ လက္ရွိလည္း ျပည္နယ္အတြင္းမွာ လုပ္ရမဲ့အရာေတြကို ခြဲျခားမႈမရွိဘူး၊ ဘယ္ေနရာပဲျဖစ္ျဖစ္ ရေအာင္သြားျပီးမွ လက္ရွိေဆာင္ရြက္ေနတယ္” ဟု စည္ပင္ဝန္ျကီး ဦးစိုးထက္မွေျပာသည္။

ျပီးခဲ့သည့္ နိုဝင္ဘာလ ၈ ရက္ေန့တြင္ က်င္းပခဲ့သည့္ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္အတြင္း မဲဆနၵနယ္ေျမ ၃၉ ေနရာရွိသည့္အနက္ ၃၆ ေနရာတြင္ အမ်ိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ္ (NLD) ပါတီမွ အနိုင္ရခဲ့ျပီးေနာက္ လူမႈကြန္ယက္တြင္ လက္ရွိ စည္ပင္ဝန္ျကီးဦးစိုးထက္အား လာမည့္ ခ်င္းျပည္နယ္အစိုးရအဖြဲ့ ဝန္ျကီးခ်ုပ္ရာထူးအတြက္ ထင္ေျကးေပးမႈမ်ား ျမင့္တက္လာခဲ့သည္။

“စစ္ေရးပ႗ဋိပကၡျဖစ္တဲ့ဟာဆိုရင္လည္း စစ္ေရးျဖစ္တဲ့အတြက္ သာမန္အားျဖင့္ ဘယ္သူမွ ဒီေဒသမ်ိုးကို သြားဖို့ခက္ခဲပါတယ္။ ကြ်န္ေတာ္တို့ အခက္အခဲေတြျကားက ကိုယ့္ေဒသကိုသြားျပီး လူေတြရဲ့လိုအပ္ခ်က္ကို ျဖည့္ဆည္းတာ၊ နိုင္ငံေတာ္ကိုယ္စား၊ ျပည္နယ္အစိုးရကိုယ္စား၊ နယ္ေျမအဖြဲ့အစည္းေတြမ်ိုး လုပ္ေပးခဲ့ပါတယ္။ ကြ်န္ေတာ္တို့ကိုယ္တိုင္လည္း ပစ္ခတ္တာကိုခံရတဲ့ထိ ျဖစ္ဖူးပါတယ္။ အဲလိုေဒသကိုလည္း ဖြံ့ျဖိုးေအာင္၊ ျငိမ္းခ်မ္းေအာင္လုပ္ဖို့ကလည္း အင္မတန္မွခက္ခဲပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခ်ိန္ယူျပီးမွ လုပ္ရမဲ့အေနအထားပါပဲ။ အခ်ိန္ယူလုပ္မယ္၊ ေနာက္သေဘာထားေတြေျပာင္းေအာင္ ေဆြးေနြးမယ္။ ေနာက္လိုအပ္တဲ့ျဖည့္ဆည္းမႈေတြလုပ္ျပီးမွ ျပီးသြားမဲ့ဟာေတြျဖစ္ပါတယ္။ တာဝန္ေပးမယ္ဆိုရင္ မလုပ္နိုင္စရာမရွိပါဘူး” ဟု စည္ပင္ဝန္ျကီးဦးစိုးထက္မွ ျဖည့္စြက္ေျပာသည္။

ပလက္ဝျမို့နယ္တြင္က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ စည္ပင္ဝန္ျကီးဦးစိုးထက္အေနျဖင့္ ျပည္နယ္လွြတ္ေတာ္ မဲဆနၵနယ္အမွတ္ (၁) တြင္ ဝင္ေရာက္ယွဉ္ျပိုင္ရာ တစ္ဦးတည္းျပိုင္ဖက္ျဖစ္သည့္ ျပည္ေထာင္စုျကံ့ခိုင္ေရးနွင့္ဖြံ့ျဖိုးေရးပါတီမွ ဦးနန္းဆိုက္ကို အနိုင္ရရွိခဲ့ျခင္းျဖစ္သည္။

လက္ရွိ ခ်င္းျပည္နယ္အစိုးရအဖြဲ့ ေျပာေရးဆိုခြင့္ျဖစ္သူ စည္ပင္၊ လွ်ပ္စစ္နွင့္ စက္မႈလက္မႈဝန္ျကီး ဦးစိုးထက္မွာ ယခင္ဝန္ျကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္၏ေနရာတြင္ ၂၀၁၈ ခုနွစ္အတြင္း ျပင္ပပညာရွင္အျဖစ္ ခ်င္းျပည္နယ္အစိုးရအဖြဲ့သို့ ဝင္ေရာက္လာသူျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.