Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဝမ္မသူးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှု ချင်းပြည်အစိုးရက အပြင်းအထန် ကန့်ကွက်ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည်ဟုဆို

ဝမ္မသူးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှု ချင်းပြည်အစိုးရက အပြင်းအထန် ကန့်ကွက်ရှုတ်ချ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးမည်ဟုဆို

0
By Editor on April 28, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက ယနေ့မှာ ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် ပြည်သူလူထုအပေါ် ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်ပွားစေရန် စစ်ကောင်စီအပါအဝင် ၎င်းနှင့် ပူးပေါင်း ဆောင်ရွက်သည့် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို မဆို ချင်းပြည်အစိုးရက ပြင်းပြင်းထန်ထန် အရေးယူ တုံ့ပြန်သွားမည်ဟုလည်း ချင်းပြည်အစိုးရက ဆိုသည်။

ဧပြီလ ၂၅ ရက်က စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ဝမ္မသူးဆေးရုံ အဆောက်အအုံတစ်ခုလုံး မီးလောင်ပြာ ကျသွားခဲ့ပြီး ပြည်သူ (၅)ဦး သေဆုံးကာ အပြင်းအထန် ဒဏ်ရာ ရရှိသူ ၁၆ ဦး အပါအဝင် အရပ်သားပြည်သူ ၃၀ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်မှ ပြည်သူများနှင့် ဝမ္မသူးပြည်သူ့ ဆေးရုံဖြစ်စဉ်အပေါ်တွင် အလွန်ဝမ်းနည်းမိပါကြောင်း ၊ ချင်းပြည်အစိုးရက ယနေ့၊ ဧပြီလ ၂၈ ရက် ယနေ့မှာ ထုတ်ပြန်ခြင်းဖြစ်သည်။

ဝမ္မသူးဆေးရုံတိုက်ခိုက်မှုသည် မင်းတပ်လူထုအပေါ် ရည်ရွယ်ချက် ရှိရှိ လူသားမဆန်စွာ ဗုံးကြဲတိုက်ခိုက်၍ စစ်ရာဇတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ချင်းပြည်သူ လူထု၏ အသက်အိုးအိမ် လုံခြုံမှုကို နေ့စဉ် ခြိမ်းခြောက်နေပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့် ဆက်လက်ကျူးလွန်နေကြောင်း သိရသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ကလည်း ဝမ္မသူးဆေးရုံ ပြန်လည် ရပ်တည်ရေးအတွက် လူသားချင်း စာနာ ထောက်ထားမှု အစီအစဉ်များ အမြန်ဆုံး အကောင်အထည် ဖော်ပေးကြရန်နှင့် စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်း အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြပါရန် ဧပြီလ ၂၇ ရက်က တောင်းဆိုထားသည်။

နိုင်ငံရေး ခံယူချက် တူညီသော တိုင်းရင်းသား ညီနောင် မဟာမိတ်များ၊ NUG အစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုများနှင့်အတူ စစ်အာဏာရှင် စနစ် ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည် ဖြစ် ကြောင်း CNF က ထုတ်ပြန်သည်။

ဝမ္မသူးဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ခွဲစိတ်ခန်း၊ လူနာဆောင်၊ ဓါတ်ခွဲခန်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်းများနှင့်တကွ ဆေးရုံကား၊ ဆီပေပါ၊ ဆေးဝါးနှင့် ခွဲစိတ်ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်း အိမ်ရာနှင့်တကွ အသုံးအဆောင်ပစ္စည်း ပေါင်း ကာလတန်ဖိုး သိန်းတစ်သောင်း ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဝမ္မသူး ဆေးရုံသည် မင်းတပ်မြို့နယ်တစ်ခုလုံးသာမက ချင်းပြည်တောင်ပိုင်း မတူပီ၊ ကန်ပက်လက်၊ ပလက်ဝနှင့်တကွ မကွေးတိုင်းထဲက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆိပ်ဖြူ၊ ပေါက်၊ မြိုင်၊ စစ်ကိုင်းတိုင်းထဲက ပုလဲ၊ ယင်းမာပင်ဒေသတို့က တော်လှန်ရေးရဲဘော်များ၊ ပြည်သူများကို အဓိက ကုသပေးနေသည့် ဆေးရုံးဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့အထိ စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁၂၉၃ ကြမ် ကျူးလွန်ခဲ့ပြီး ဆေးရုံးဆေးခန်း (၃၄၃) ခုကို ဖျက်ဆီးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဝန်ထမ်း ၁၃၁ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၇ ရက်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.