Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္ဒဏ္ (၄၃) နွစ္က်ခံေနေသာ တရားေဟာဆရာအား ျပစ္ဒဏ္ေျဖေလ်ာ့မႈ အရပ္ဘက္အဖြဲ့အစည္းမ်ားလက္မခံ

သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္ဒဏ္ (၄၃) နွစ္က်ခံေနေသာ တရားေဟာဆရာအား ျပစ္ဒဏ္ေျဖေလ်ာ့မႈ အရပ္ဘက္အဖြဲ့အစည္းမ်ားလက္မခံ

0
By Editor on August 20, 2020 Khonumthung

#Unicode

By လားနွန် – ကလေးခရိုင်တရားရုံးကနေ သက်ငယ်မုဒိမ်းမှုဖြင့် ထောင်ဒဏ် (၄၃) နှစ်ချမှတ်ခဲ့သော ဧဝံဂေလိတရား ဟောဆရာကို တိုင်းဒေသကြီးတရားလွှတ်တော်မှ (၁၇) နှစ်သာချခံစေရန် ပြစ်ဒဏေ် ဖြလျော့လိုက်သ ည်အတွက် ကလေးမြို့ အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ ဆန့်ကျင်ကန့်ကွက်သွားမည်ဟုသိရသည်။

ကလေးမြို့ အနောက်မြောက်ဘက် လက်ပံချောင်းကျေးရွာတွင်နေထိုင်သည့် ဧဝံဂေလိတရားဟောဆရာ Lal biak lar (ခ) Lar Boih သည် အသက် (၁၄) နှင့် (၁၅) နှစ်အရွယ်ရှိသော အမျိူးသမီးငယ်နှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်အတွက် ကလေးခရိုင်တရားရုံးကနေ ထောင်ဒဏ် (၄၃) နှစ်ချခံစေရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြစ်ဒဏ်ချမှတ်သည့်ကိစ္စနှင့်ပတ်သက်၍ တရားဟောဆရာ၏ ရှေ့နေက တိုင်းအဆင့်သို့ အယူခံဝင်ပြီးနောက် ပြစ်ဒဏ် (၄၃) နှစ်ကနေ (၁၇) နှစ်ပြန်လည်ဖြေလျော့ခဲ့သည့်အတွက် ကလေးမြို့အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ကလေးမြို့အခြေစိုက် အထက်ချင်းတွင်းလူငယ်များကွန်ယက်မှ ကိုကျော်သက်ဝင်းကပြောသည်။

“ကလေးခရိုင်တရားရုံးက အမျိုးသမီးငယ်နှစ်ယောက်ကို သက်ငယ်မုဒိမ်းမှုနဲ့ သူကို (၄၃) နှစ်ချထားတာ တိုင်းဒေသကြီးတရားလွှတ်တော်ကနေပြီးတော့ သူကအယူခံဝင်တဲ့အခါမှာ (၁၇) နှစ်ပဲချတာ အဲဒါကို ကျနော်တို့ လုံးဝလက်မခံနိုင်တော့တာ၊ အယူခံဆက်တက်တဲ့အတွက်ကြောင့် နေပြည်တော်ကနေ ကလေးနှစ်ယောက်ကိုခေါ်တယ်၊ အဲ့အတွက်ကြောင့် ကျနော်တို့က ကလေးနှစ်ယောက်ရဲ့ ကျနော်တို့ ဒီဘက်ကအရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအဖွဲ့တွေကနေပြီးတော့ ထပ်ပြီးတော့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီးတရားလွှတ်တော်မှာ ဖြေလျော့ထားတာတွေကို လုံးဝလက်မခံဖို့ကိ စ္စရယ် ပြန်လည်သုံးသပ်ဖို့ ဒီအမှုကို ကလေးခရိုင်တရားရုံးရဲ့ ချမှတ်ထားတဲ့ (၄၃) နှစ်ကိုပဲ အတည်ပြုပေးဖို့အတွက် ကျနော်တို့ ဥပဒေအရ ဘယ်လိုအကာအကွယ်လုပ်ရမလဲ ဘယ်လိုပုံစံမျိုးပြန်ချေပရမလဲဆိုတာကို ကျနော် ဒီနေ့ ကလေးမြို့နယ် ဥပဒေထောက်ကော်မတီနဲ့ အမျိုးသမီးအဖွဲ့နဲ့ ကျနော်တို့အဖွဲ့တွေ ကာယံကံရှင်ဖြစ်တဲ့ ကလေးတွေနဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေတယ်” ဟု ကိုကျော်သက်ဝင်းကပြောသည်။

ဧဝံဂေလိတရားဟောဆရာ Lal biak Lar (ခ) Lar Boih သည် ၎င်းနေအိမ်သို ့ ဖလမ်းမြို့နယ်မှလာရောက်နေထိုင်နေသော မိုင်… (၁၅) နှစ်ကို ၂၀၁၅ ခုနှစ်ဇွန်လပိုင်းမှာလည်းကောင်း၊ မိုင်…(၁၄) နှစ်ကို ၂၀၁၈ ခုနှစ်ဧပြီလမှာလည်းကောင်း အဓမ္မပြုကျင့်သည်ဟုဆိုကာ ကာယကံရှင်ကလေးမိဘများကိုယ်တိုင်မှ တာဟန်းရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် အမှုဖွင့် အရေးယူထားခြင်းဖြစ်သည်။

ကလေးမြို့အခြေစိုက် ဒိန်းဒီးအမျိုးသမီးအဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေါ်မားဆော်မီးကလည်း ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား ပြစ်ဒစ်ဖြေလျော့မှုသည် လက်ခံနိုင်စရာမရှိဘူးဟု ပြောသည်။

“သက်ငယ်မုဒိမ်းမှုမြောက်တဲ့ကိစ္စမှာ အငယ်မဆိုရင် ဒီလောက်စိတ်ထိခိုက်မှုရှိချိန်မှာ ဒီလိုပြစ်ဒဏ်လျော့လိုက်တဲ့ဟာက စဉ်းစားကြည့်ရင် ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ပြီးရင် သူတို့ဖက်က ပြောနေတဲ့ ကိစ္စအဝ၀တွေမှာလည်း ပိုက်ဆံလိုချင်လို့ ငွေလိုချင်လို့ ဒီလိုလုပ်တယ်ဆိုတဲ့ဟာတွေလည်း ကျမတို့လက်မခံဘူး ” ဟု ဒေါ်မားဆော်မီးကပြောသည်။

အဆိုပါကိစ္စများကြောင့် ကလေးမြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများဖြစ်သည့် ဒိန်းဒီးအဖွဲ့၊ Women For Justice၊ အထက်ချင်းတွင်းလူငယ်များကွန်ရစ်တို့မှ အဓိကပါဝင်ဆောင်ဦးကာ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများလုပ်ဆောင်သွားမည်ဟု သိရသည်။

ဧဝံဂေလိတရားဟောဆရာ Lal biak Lar (ခ) Lar Boih သည် ကလေးခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ (၃၇၆) မုဒိမ်းမှု၊ (၃၂၃) နာကျင်စေမှု၊ (၅၀၆) ခြိမ်းခြောက်မှု၊ (၃၇၆/၅၁၁) မုဒိမ်းပြုကျင့်ရန်ကြိုးစားအားထုတ်မှုတို့ဖြင့် ထောင်ဒဏ် (၄၃) နှစ် ချမှတ်ထားသူဖြစ်သည်။

#Zawgyi

By လားနြန္ – ကေလးခရိုင္တရားရံုးကေန သက္ငယ္မုဒိမ္းမႈျဖင့္ ေထာင္ဒဏ္ (၄၃) နွစ္ခ်မွတ္ခဲ့ေသာ ဧဝံေဂလိတရား ေဟာဆရာကို တိုင္းေဒသျကီးတရားလွြတ္ေတာ္မွ (၁၇) နွစ္သာခ်ခံေစရန္ ျပစ္ဒေဏ္ ျဖေလ်ာ့လိုက္သ ည္အတြက္ ကေလးျမို့ အေျခစိုက္ အရပ္ဘက္အဖြဲ့အစည္းမ်ား ဆန့္က်င္ကန့္ကြက္သြားမည္ဟုသိရသည္။

ကေလးျမို့ အေနာက္ေျမာက္ဘက္ လက္ပံေခ်ာင္းေက်းရြာတြင္ေနထိုင္သည့္ ဧဝံေဂလိတရားေဟာဆရာ Lal biak lar (ခ) Lar Boih သည္ အသက္ (၁၄) နွင့္ (၁၅) နွစ္အရြယ္ရွိေသာ အမ်ိူးသမီးငယ္နွစ္ဦးကို အဓမၼျပုက်င့္ခဲ့သည့္အတြက္ ကေလးခရိုင္တရားရံုးကေန ေထာင္ဒဏ္ (၄၃) နွစ္ခ်ခံေစရန္ ျပီးခဲ့သည့္ ၂၀၁၉ ခုနွစ္ ဇန္နဝါရီလ (၁၆) ရက္ေန့က ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။

ယင္းျပစ္ဒဏ္ခ်မွတ္သည့္ကိစၥနွင့္ပတ္သက္၍ တရားေဟာဆရာ၏ ေရွ့ေနက တိုင္းအဆင့္သို့ အယူခံဝင္ျပီးေနာက္ ျပစ္ဒဏ္ (၄၃) နွစ္ကေန (၁၇) နွစ္ျပန္လည္ေျဖေလ်ာ့ခဲ့သည့္အတြက္ ကေလးျမို့အရပ္ဘက္ အဖြဲ့အစည္းမ်ားအေနျဖင့္ ဆန့္က်င္ကန့္ကြက္သြားမည္ဟု ကေလးျမို့အေျခစိုက္ အထက္ခ်င္းတြင္းလူငယ္မ်ားကြန္ယက္မွ ကိုေက်ာ္သက္ဝင္းကေျပာသည္။

“ကေလးခရိုင္တရားရံုးက အမ်ိုးသမီးငယ္နွစ္ေယာက္ကို သက္ငယ္မုဒိမ္းမႈနဲ့ သူကို (၄၃) နွစ္ခ်ထားတာ တိုင္းေဒသျကီးတရားလွြတ္ေတာ္ကေနျပီးေတာ့ သူကအယူခံဝင္တဲ့အခါမွာ (၁၇) နွစ္ပဲခ်တာ အဲဒါကို က်ေနာ္တို့ လံုးဝလက္မခံနိုင္ေတာ့တာ၊ အယူခံဆက္တက္တဲ့အတြက္ေျကာင့္ ေနျပည္ေတာ္ကေန ကေလးနွစ္ေယာက္ကိုေခၚတယ္၊ အဲ့အတြက္ေျကာင့္ က်ေနာ္တို့က ကေလးနွစ္ေယာက္ရဲ့ က်ေနာ္တို့ ဒီဘက္ကအရပ္ဘက္လူမႈအဖြဲ့အစည္းေတြနဲ့ အမ်ိုးသမီးအဖြဲ့ေတြကေနျပီးေတာ့ ထပ္ျပီးေတာ့ ဒီအမႈနဲ့ ပတ္သက္ျပီးေတာ့ တိုင္းေဒသျကီးတရားလွြတ္ေတာ္မွာ ေျဖေလ်ာ့ထားတာေတြကို လံုးဝလက္မခံဖို့ကိ စၥရယ္ ျပန္လည္သံုးသပ္ဖို့ ဒီအမႈကို ကေလးခရိုင္တရားရံုးရဲ့ ခ်မွတ္ထားတဲ့ (၄၃) နွစ္ကိုပဲ အတည္ျပုေပးဖို့အတြက္ က်ေနာ္တို့ ဥပေဒအရ ဘယ္လိုအကာအကြယ္လုပ္ရမလဲ ဘယ္လိုပံုစံမ်ိုးျပန္ေခ်ပရမလဲဆိုတာကို က်ေနာ္ ဒီေန့ ကေလးျမို့နယ္ ဥပေဒေထာက္ေကာ္မတီနဲ့ အမ်ိုးသမီးအဖြဲ့နဲ့ က်ေနာ္တို့အဖြဲ့ေတြ ကာယံကံရွင္ျဖစ္တဲ့ ကေလးေတြနဲ့ေတြ့ဆံုေဆြးေနြးမႈျပုလုပ္ေနတယ္” ဟု ကိုေက်ာ္သက္ဝင္းကေျပာသည္။

ဧဝံေဂလိတရားေဟာဆရာ Lal biak Lar (ခ) Lar Boih သည္ ゞင္းေနအိမ္သို ့ ဖလမ္းျမို့နယ္မွလာေရာက္ေနထိုင္ေနေသာ မိုင္… (၁၅) နွစ္ကို ၂၀၁၅ ခုနွစ္ဇြန္လပိုင္းမွာလည္းေကာင္း၊ မိုင္…(၁၄) နွစ္ကို ၂၀၁၈ ခုနွစ္ဧျပီလမွာလည္းေကာင္း အဓမၼျပုက်င့္သည္ဟုဆိုကာ ကာယကံရွင္ကေလးမိဘမ်ားကိုယ္တိုင္မွ တာဟန္းရဲစခန္းတြင္ ၂၀၁၈ ခုနွစ္ ဧျပီလ (၁၃)ရက္ေန့တြင္ အမႈဖြင့္ အေရးယူထားျခင္းျဖစ္သည္။

ကေလးျမို့အေျခစိုက္ ဒိန္းဒီးအမ်ိုးသမီးအဖြဲ့မွ ဥကၠဌျဖစ္သူ ေဒၚမားေဆာ္မီးကလည္း ယခုကဲ့သို့ သက္ငယ္မုဒိမ္းမႈက်ူးလြန္သူအား ျပစ္ဒစ္ေျဖေလ်ာ့မႈသည္ လက္ခံနိုင္စရာမရွိဘူးဟု ေျပာသည္။

“သက္ငယ္မုဒိမ္းမႈေျမာက္တဲ့ကိစၥမွာ အငယ္မဆိုရင္ ဒီေလာက္စိတ္ထိခိုက္မႈရွိခ်ိန္မွာ ဒီလိုျပစ္ဒဏ္ေလ်ာ့လိုက္တဲ့ဟာက စဉ္းစားျကည့္ရင္ ဘယ္လိုမွလက္ခံနိုင္စရာအေျကာင္းမရွိဘူး၊ ျပီးရင္ သူတို့ဖက္က ေျပာေနတဲ့ ကိစၥအဝဝေတြမွာလည္း ပိုက္ဆံလိုခ်င္လို့ ေငြလိုခ်င္လို့ ဒီလိုလုပ္တယ္ဆိုတဲ့ဟာေတြလည္း က်မတို့လက္မခံဘူး ” ဟု ေဒၚမားေဆာ္မီးကေျပာသည္။

အဆိုပါကိစၥမ်ားေျကာင့္ ကေလးျမို့အေျခစိုက္ အရပ္ဘက္အဖြဲ့အစည္းမ်ားျဖစ္သည့္ ဒိန္းဒီးအဖြဲ့၊ Women For Justice၊ အထက္ခ်င္းတြင္းလူငယ္မ်ားကြန္ရစ္တို့မွ အဓိကပါဝင္ေဆာင္ဦးကာ ဆန့္က်င္ကန့္ကြက္သည့္ လႈပ္ရွားမႈမ်ားလုပ္ေဆာင္သြားမည္ဟု သိရသည္။

ဧဝံေဂလိတရားေဟာဆရာ Lal biak Lar (ခ) Lar Boih သည္ ကေလးခရိုင္တရားရံုးမွ ရာဇသတ္ျကီးပုဒ္မ (၃၇၆) မုဒိမ္းမႈ၊ (၃၂၃) နာက်င္ေစမႈ၊ (၅၀၆) ျခိမ္းေျခာက္မႈ၊ (၃၇၆/၅၁၁) မုဒိမ္းျပုက်င့္ရန္ျကိုးစားအားထုတ္မႈတို့ျဖင့္ ေထာင္ဒဏ္ (၄၃) နွစ္ ခ်မွတ္ထားသူျဖစ္သည္။

(ပံုစာ – တရားေဟာဆရာ Lar boih)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရိခေါဒါရ်မြို့က ဘိန်းဖြူဖမ်းဆီးရမိသော မူကြိုကျောင်းတွင် စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး

အရှို (ချင်း) အမျိုးသားပြည်နယ် တည်ထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ACNFC ကြေညာ

မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား နှစ်ဦးထံ ရူပီး သိန်း ၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.