Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သင်တန်းသားဦးရေ သုံးဆနီးပါး တိုးလာ၍ ရိက္ခာ မပြည့်စုံခြင်းများ ဖြစ်နေဟု ACDF ဆို

သင်တန်းသားဦးရေ သုံးဆနီးပါး တိုးလာ၍ ရိက္ခာ မပြည့်စုံခြင်းများ ဖြစ်နေဟု ACDF ဆို

0
By Editor on April 2, 2025 Khonumthung

(006SV)

မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကို တော်လှန်နေသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF ၏ အပတ်စဉ် ၆ စစ်သင်တန်းတွင် ရဲဘော်အရေအတွက်သည် အခြားအပတ်စဉ်သင်တန်းများထက် သုံးဆနီးပါး များပြား၍ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်းများ ကြုံတွေ့နေရသည်။

လက်ရှိ အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်၊ စစ်မေများသည် စစ်ပညာသင်တန်း၏ ခက်ခဲကြမ်းတမ်းသော လေ့ကျင်မှုများအပြင် အစားအသောက်နှင့် ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်း စသည့် အခက်အခဲများ ရှိနေသည်ဟု ACDF က ဧပြီလ ၁ ရက်မှာ ထုတ်ပြန်သည်။

“အရင်အပတ်စဉ်တွေထက် အများကြီးပိုများတယ်။ အရင်အပတ်စဉ်တွေ အဲလောက်လူဦးရေ မများပါဘူး။ အပတ်စဉ် ၆ က အများတကာ အများဆုံးပေါ့၊၊ အပတ်စဉ်ငါးထက် အများကြီး ပိုများတယ်။ နွေရာသီလည်း ဖြစ်တဲ့အတွက် ဒီအာဟာရဓါတ် လေးတွေ သူတို့ကို ပြည့်ပြည့်ဝဝနဲ့ ကျွေးချင်လို့ စားနပ်ရိက္ခာအတွက် လိုအပ်နေတာပါ။ စားနပ်ရိက္ခာပိုင်းဆိုတဲ့ နေရာမှာ နဂိုထင်ထားတာထက် သုံးဆနီးပါး လူဦးရေ များလာတာရယ်၊ စစ်ပညာပေး တယ်ဆိုတာက ထင်ထားတာထက် အများကြီး ခက်ခဲတယ်ပေါ့”ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။

အပတ်စဉ် ၆ စစ်သင်တန်းတွင် အမျိုးသမီးရဲဘော်သည် ၂၀ ရာခိုင်နှုန်း ပါဝင်ပြီး ရဲဘော်များသည် အရှိုချင်းလူငယ်၊ လူရွယ်များ အများစု ဖြစ်ကြသည်ဟု သိရသည်။

နွေရာသီကာလ စစ်သင်တန်းတွင် ရဲဘော်နှင့် စစ်မေများသည် ချွေးထွက် အလွန်များပြားပြီး အာဟာရဓါတ်၊ အသားဓါတ်များ လည်း လိုအပ်နေသည်ဟု သိရသည်။

အခြားသော အပတ်စဉ် သင်တန်းများထက် ယခုအပတ်စဉ် ၆ တွင် သင်တန်းသားများ အများအပြား တိုးလာချိန်တွင် လိုအပ် ချက်များ များပြားလာကြောင်း၊ ရဲဘော်နှင့် စစ်မေများအတွက် အခြေခံ လိုအပ်ချက်များဖြစ်သော ပွိုင့်ဖိနပ်၊ ဝတ်စုံများကိုလည်း ဆင်ပေရသောကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်လာသည်ဟု သိရသည်။

ရဲဘော်၊ စစ်မေများအနေဖြင့် စစ်ပညာသင်တန်းကို အင်အားအပြည့်ဖြင့် တက်ရောက်နိုင်ရန်အတွက် လိုအပ်သော ရိက္ခာ၊ အစားအသောက်များကို ပါဝင်ကူညီဖြည့်ဆည်းပေးပါရန် အရှိုချင်းကာကွယ်ရေးတပ် က နှိုးဆော်ထားသည်။

ရဲဘော်များအားလုံးအတွက် ဟင်းတစ်နပ်စာ သီးသန့်လှူဒါန်းခြင်းများကိုလည်း ပြုလုပ်၍ ရကြောင်း ACDF က ဆိုသည်။

အရှိုချင်းကာကွယ်ရေးတပ်သည် ဧရာဝတီမြစ်နောက်ခြမ်း၊ မကွေးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန် ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.