Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သင်တန်းသားဦးရေ သုံးဆနီးပါး တိုးလာ၍ ရိက္ခာ မပြည့်စုံခြင်းများ ဖြစ်နေဟု ACDF ဆို

သင်တန်းသားဦးရေ သုံးဆနီးပါး တိုးလာ၍ ရိက္ခာ မပြည့်စုံခြင်းများ ဖြစ်နေဟု ACDF ဆို

0
By Editor on April 2, 2025 Khonumthung

(006SV)

မကွေးတိုင်းအနောက်ခြမ်းတွင် စစ်ကောင်စီကို တော်လှန်နေသည့် အရှိုချင်းကာကွယ်ရေးတပ် ACDF ၏ အပတ်စဉ် ၆ စစ်သင်တန်းတွင် ရဲဘော်အရေအတွက်သည် အခြားအပတ်စဉ်သင်တန်းများထက် သုံးဆနီးပါး များပြား၍ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်းများ ကြုံတွေ့နေရသည်။

လက်ရှိ အပတ်စဉ် ၆ အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်၊ စစ်မေများသည် စစ်ပညာသင်တန်း၏ ခက်ခဲကြမ်းတမ်းသော လေ့ကျင်မှုများအပြင် အစားအသောက်နှင့် ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံခြင်း စသည့် အခက်အခဲများ ရှိနေသည်ဟု ACDF က ဧပြီလ ၁ ရက်မှာ ထုတ်ပြန်သည်။

“အရင်အပတ်စဉ်တွေထက် အများကြီးပိုများတယ်။ အရင်အပတ်စဉ်တွေ အဲလောက်လူဦးရေ မများပါဘူး။ အပတ်စဉ် ၆ က အများတကာ အများဆုံးပေါ့၊၊ အပတ်စဉ်ငါးထက် အများကြီး ပိုများတယ်။ နွေရာသီလည်း ဖြစ်တဲ့အတွက် ဒီအာဟာရဓါတ် လေးတွေ သူတို့ကို ပြည့်ပြည့်ဝဝနဲ့ ကျွေးချင်လို့ စားနပ်ရိက္ခာအတွက် လိုအပ်နေတာပါ။ စားနပ်ရိက္ခာပိုင်းဆိုတဲ့ နေရာမှာ နဂိုထင်ထားတာထက် သုံးဆနီးပါး လူဦးရေ များလာတာရယ်၊ စစ်ပညာပေး တယ်ဆိုတာက ထင်ထားတာထက် အများကြီး ခက်ခဲတယ်ပေါ့”ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။

အပတ်စဉ် ၆ စစ်သင်တန်းတွင် အမျိုးသမီးရဲဘော်သည် ၂၀ ရာခိုင်နှုန်း ပါဝင်ပြီး ရဲဘော်များသည် အရှိုချင်းလူငယ်၊ လူရွယ်များ အများစု ဖြစ်ကြသည်ဟု သိရသည်။

နွေရာသီကာလ စစ်သင်တန်းတွင် ရဲဘော်နှင့် စစ်မေများသည် ချွေးထွက် အလွန်များပြားပြီး အာဟာရဓါတ်၊ အသားဓါတ်များ လည်း လိုအပ်နေသည်ဟု သိရသည်။

အခြားသော အပတ်စဉ် သင်တန်းများထက် ယခုအပတ်စဉ် ၆ တွင် သင်တန်းသားများ အများအပြား တိုးလာချိန်တွင် လိုအပ် ချက်များ များပြားလာကြောင်း၊ ရဲဘော်နှင့် စစ်မေများအတွက် အခြေခံ လိုအပ်ချက်များဖြစ်သော ပွိုင့်ဖိနပ်၊ ဝတ်စုံများကိုလည်း ဆင်ပေရသောကြောင့် ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်လာသည်ဟု သိရသည်။

ရဲဘော်၊ စစ်မေများအနေဖြင့် စစ်ပညာသင်တန်းကို အင်အားအပြည့်ဖြင့် တက်ရောက်နိုင်ရန်အတွက် လိုအပ်သော ရိက္ခာ၊ အစားအသောက်များကို ပါဝင်ကူညီဖြည့်ဆည်းပေးပါရန် အရှိုချင်းကာကွယ်ရေးတပ် က နှိုးဆော်ထားသည်။

ရဲဘော်များအားလုံးအတွက် ဟင်းတစ်နပ်စာ သီးသန့်လှူဒါန်းခြင်းများကိုလည်း ပြုလုပ်၍ ရကြောင်း ACDF က ဆိုသည်။

အရှိုချင်းကာကွယ်ရေးတပ်သည် ဧရာဝတီမြစ်နောက်ခြမ်း၊ မကွေးတိုင်းထဲက အရှိုချင်းဒေသများတွင် စစ်အာဏာရှင်တော်လှန် ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.