Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

သတ္တိရှိပါက မြို့ပြင်ထွက်ပြီး စစ်ဆင်ရေးလုပ်ရန် စစ်ကောင်စီတပ်ကို CDF-Hakha တပ်ဖွဲ့က စိန်ခေါ်

0
By Editor on August 11, 2022 Headline

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်များအား တိုက်ရိုက်ထိခိုက်မှုမရှိနိုင်မည့် မြို့ပြင်သို့ ထွက်ခွါလာပြီး စစ်ဆင်ရေးများလုပ်ဆောင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က စိန်ခေါ်လိုက်သည်။

ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူပိုင်ပစ္စည်းအမြောက်အများ ပျက်စီးခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်ချက်ကြောင့် ပြည်သူ ၆ ဦး သေဆုံးခဲ့ရသည့်အပြင် လူနေအိမ်ခြေ ၃၀ ကျော်လည်း ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု CDF-Hakha က ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ္တိရှိပါက မြို့ပြင်သို့ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ရန် CDF-Hakha က ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့တွင်လည်း ဟားခါးမြို့နယ် နှီယာလောန်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Pi Chia Hnem အသက်ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်သည် နိုင်ငံတကာစစ်ဥပဒေ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်ပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုများနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဟု CDF-Hakha က သတိပေးထားသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြင်းထန်သောစစ်ဆင်ရေးများ ပိုမိုလုပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDM နှင့် ဒလန်များကိုလည်း CDF-Hakha ၏ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေနှင့်အညီပြင်းပြင်းထန်ထန် အရေးသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.