Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးမြို့အကျဉ်းထောင်မှ (၂၂၄) ဦးလွတ်မြောက်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကလေးမြို့အကျဉ်းထောင်မှ (၂၂၄) ဦးလွတ်မြောက်

0
By Editor on April 18, 2019 Headline

By လားနွန် – ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ နှစ်ဆန်းတစ်ရက်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် အင်တိုင်းလေး အကျဉ်းထောင်မှ အကျဉ်းသား (၂၂၄) ဦး လွတ်မြောက်လာပြီး ယင်းတို့အထဲတွင် မူးယစ်ဥပဒေဖြင့်ထောင်ကျသည့် အကျဉ်းသား အများဆုံးပါဝင်သည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်တိုင်းလေးအကျဉ်းထောင်မှ ကျား (၁၇၉) ဦး မ (၄၅) ဦး စုစုပေါင်း (၂၂၄) လွတ်မြောက်လာပြီး ၎င်းတို့အနက် မူးယစ်အက်ဖြင့် (၁၉၆) ဦး၊ တပ်မတော်အက်ဖြင့် (၁၈) ဦး၊ အသက် (၇၅) နှစ်အထက်မှ (၈၀) နှစ်အထိ ကျား (၄) ဦး၊ ကျန်းမာရေးချို့တဲ့သူ မ (၁) ဦး၊ ပြည်ပနိုင်ငံခြားသား ကျား (၁) ဦး၊ ရဲစည်းကမ်းဖြင့် ကျား (၄) ဦးတို့လွတ်မြောက်ခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများ နေရပ်ပြန်နိုင်ရေးအတွက် ယာဉ်လိုင်းများ၊ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ပေးနေကြောင်းလည်းသိရသည်။

ယင်းလွတ်မြောက်လာသူများတွင် ရွှေဘို၊ ကသာနှင့် မုံရွာများမှပါဝင်ပြီး ကသာပြန်မည့်သူများတွင် (၁၁၇) ဦးပါဝင်ကာ နယ်ဝေးများကိုနေရပ်ပြန်နိုင်အောင် (၁၂) ဘီးကားဖြင့် ပြန်ပို့ပေးမည်ဖြစ်ကြောင်း မြို့မိမြို့ဖများအကူအညီဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဧပြီလ (၁၇) ရက်နေ့က တစ်နိုင်ငံ လုံးအကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား (၉၅၀၀) ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ (Photo – Kalay IPRD)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.