Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သိုင်းငင်ရွာတွင် စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား

သိုင်းငင်ရွာတွင် စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွား

0
By Editor on July 12, 2023 Khonumthung

(04SS)

ကလေးမြို့မှ ချင်းတောင်သို့သွားသည့် ကားလမ်းမပေါ်ရှိ သိုင်းငင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွါးကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ သိုင်းငင်ကျေးရွာတွင်တပ်ဆွဲသည့် စစ်ကောင်စီကင်းစခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ယနေ့မနက် ၅ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ယနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်မှ ၉ နာရီကျော်အထိ စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီးများ ၁၀ ကြိမ်ထက်မနည်း ဆက်တိုက် လှမ်းပစ်နေကြောင်း လည်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် စစ်တပ်ကား ၆ စီးဖြင့် ကလေးမြို့မှ ချင်းတောင်သို့ တက်သွားကြသည်ဟု သိရသည်။

ခရီးသွားလူငယ်များအား PDF ဟု စွပ်ဆွဲကာ ဖမ်းဆီးနေသည့် သိုင်းငင်ကျေးရွာ စစ်ကောင်စီကင်းစခန်းအား သွားရောက်ပစ်ခတ်မည်ဟု လွန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် CDM-Siyin မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သိုင်းငင်ကျေးရွာသည် ကလေးမြို့မှ ချင်းတောင် တီးတိန်-ရိခေါဒါရမ်နှင့် ဖလမ်း-ဟားခါးဘက်သို့သွားသည့် လမ်းစုံလမ်းခွတွင်တည်ရှိပြီး ယင်းနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲကာ ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်သည့်အတွက် ယခုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။

ကလေး-သိုင်းငင်ကြား ပြည်သူများသည် ၎င်းထုတ်ပြန်သည့်နောက် လုံခြံုသည့်နေရာသို့ ပြောင်းရွှေ့နေကြပြီးဖြစ်ကာ စစ်ကောင်စီတပ်က ကလေးမြို့-ချင်းတောင် တီးတိန်၊ ဖလမ်း လမ်းမအား ယာဉ်ထွက်ခွင့် ပိတ်ပင်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.