Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှ ဒဏ်ရာပြင်းထန်သော ရဲဘော်အများအပြား ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေ

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲမှ ဒဏ်ရာပြင်းထန်သော ရဲဘော်အများအပြား ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေ

0
By Editor on January 25, 2024 Headline

(006SV)

ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း ဒဏ်ရာ အပြင်းအထန်ရရှိသည့် ရဲဘော် အများအပြားအတွက် ဆေးဝါးကုသမှု ခံယူရရှိနိုင်ရန် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း CDF CDM-Siyin က ထုတ်ပြန်သည်။

ဇန်နဝါရီလလယ်ပိုင်းက ငါးရက်ကြာမြင့်သည့် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ နီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ CDF CDM-Siyin မှ ရဲဘော်အများအပြား ပါဝင်နေသည်ဟု CDF CDM-Siyin စစ်ဦးစီးချုပ်က ပြောသည်။

“ကျနော့ရဲဘော် ၂ ဦးက ညာဘက်ဒူးကနေ ပြတ်သွားတယ်။ နင်းမိုင်း နင်းမိလို့ပါ။ သူတို့ ခြေတုတွေဝယ်ဖို့ လိုတယ်။ အခုလည်း လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးရုံတက်နေရတယ်။ ပြီးတော့ ဌာနချုပ်မှာလည်း ရဲဘော် ၃ ဦးလောက် ရှိသေးတယ်။ ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေပေါ့နော်” ဟု CDF CDM-Siyin မှ စစ်ဦးစီးချုပ်က ပြောသည်။

CDF CDM-Siyin မှ ရဲဘော် (၂) ဦးသည် နင်းမိုင်းကြောင့် ညာဘက်ဒူးအောက်ပိုင်းမှ ပြတ်သွားပြီး ၎င်းတို့အတွက် ခြေတုများ တပ်ဆင်ပေးနိုင်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် နောက်ထပ် ရဲဘော် (၃) ဦးလည်း ဆေးဝါးကုသနေရပြီး ယင်းအထဲမှ တပ်ရင်းမှူးတစ်ဦးသည် ခြေထောက်နှစ်ဖက်စလုံး ဒူးအောက်မှ ကျည်ဆံထိမှန်သွား၍ တစ်ဖက်မှာ အရိုးကြေမွသွားသောကြောင့် သံမဏိ (steel) ထည့်ကာ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးကုနေရသော နောက်ရဲဘော်တစ်ဦးသည် နောက်ကျောပုခုံးတွင် ကျည်ထိမှန်၍ ပုခုံးရိုးကျိုးနေမှုကို ကုသရန်လိုအပ်နေပြီး နောက်ရဲဘော်တစ်ဦးမှာ ခန္ဓာကိုယ်ထဲ ကျည်ဆံကျန်ရှိနေသောကြောင့် ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု သိရသည်။

CDF CDM-Siyin ဌာနချုပ်စခန်းတွင် ဆေးဝါးကုသနေရသည့် ဒဏ်ရာအပြင်းအထန်ရရှိသော ရဲဘော် (၃) ဦးမှာလည်း အကူအညီ လိုအပ်နေသည်ဟု သိရသည်။

CDF CDM-Siyinမှ စစ်ဦးစီချုပ်နှင့် လက်ရှိတွင် ခရီးအတူထွက်နေရသော ရဲဘော်တစ်ဦး၏ လက်မှာလည်း ဗုံးအစအန လေး၊ ငါးခု ကျန်ရှိနေပြီး ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု သိရသည်။

အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်များ များပြားပြီး ဆေးဝါးကုသရန် စရိတ်များ လုံလောက်မှုမရှိသောကြောင့် အရေးပေါ်လိုအပ်နေ၍ အကူအညီတောင်းခံအပ်သည်ဟု သိရသည်။

တချို့ရဲဘော်များ၏ ထိခိုက်ဒဏ်ရာများသည် ၂ လကြာ၊ ၄ လကြာတွင် ထပ်မံကုသရမည့် အခြေအနေများလည်း ရှိနေသေးသည်ဟု သိရသည်။

CDF CDM-Siyin သည် ရဲဘော်များကို ဆေးဝါးကုသစရိတ်များ အကူအညီလိုအပ်နေသကဲ့သို့ စခန်းသိမ်းတိုက်ပွဲတစ်ခုကို ထပ်မံပြင်ဆင်နေသောကြောင့် လက်နက်ခဲယမ်းအကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီတွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF CDM-Siyin၊ CDF-KKG၊ CDF-Thangtlang၊ CDF-Hakha၊ CDF-Haulngoram ၊ CDF-Zanniatram နှင့် PDA စသည့် ချင်းပူးပေါင်းတပ်များက သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက် မနက် ၇ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦးသည် အသေခံခုခံတိုက်ခိုက်ခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ကာ ရဲဘော် ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.