Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သီမစ်လွင်ပြင်တိုက်ပွဲ တစ်လနီးပါးအထိကြာမြင့်လာ စစ်ကောင်စီဘက် အကျအဆုံးများ

သီမစ်လွင်ပြင်တိုက်ပွဲ တစ်လနီးပါးအထိကြာမြင့်လာ စစ်ကောင်စီဘက် အကျအဆုံးများ

0
By Editor on August 29, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့်ကြာမြင့်လာပြီး စစ်ကောင်စီဘက်က အကျအဆုံးမျာ နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဟားခါး – ထန်တလန်အကြားရှိ ပျက်စီးပြီး ဖြတ်သန်းသွားလာ၍မရသော သီမစ်ချောင်းတံတားအား ပြင်ဆင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့်ဇူလိုင် ၃၀ ရက်နေ့က ယင်းဒေသသို့ စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကာ ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိုနေ့ကစ၍ ယနေ့ချိန်ထိ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်။

“စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့မှာ ဟားခါးမှာရှိတဲ့ ထန်တလန်ကပါစတာတွေကိုခေါ်ပြီးတော့ ထန်တလန်မြို့ပြန်လ ည်တည်ဆောက် ရေးခေါင်းစဉ်တပ်ပြီးတော့ ဆွေးနွေးကြတယ်၊ အဲလိုလုပ်နိုင်ဖို့ဆိုရင် ဟားခါးနဲ့ ထန်တလန်ကြားက သီမစ် တံတားကိုပြန်ထိုးမှရမှာကိုး အဲဒီသီမစ်တံတားဆောက်နိုင်ဖို့က အဲဒီအနီးတဝိုက်ကို သူတို့စိုးမိုးထားမှရမယ် သူတို့မစိုးမိုး နိုင်ရင် သီမစ်တံတားတည်ဆောက်ရေးက သူတို့လုပ်နိုင်မှာမဟုတ်ဘူး အဲဒီမှာ သူတို့စိုးမိုးပြီဆိုရင် တံတားဆောက်မယ် ပြီးရင် ထန်တလန်မြို့နယ်ဘက်ကို နယ်မြေစိုးမိုးရေးလုပ်လာဖို့သူတို့ရည်ရွယ်တယ် ဒီနေရာက အချက်အချာကျတယ် ဒါကြောင့် ထန်တလန်မြို့ ပြန်လည်တည်ဆောက်ရေးကို အကြောင်းပြပြီး ထန်တလန်မြို့နယ် ပြန်လည်စိုးမိုးရေးအတွက် စစ်ရေးထိုးလာဖြစ်တယ်” ဟု ချင်းအမျိုးသားတပ်မတော် CNA/CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ချင်းပြည်နယ်၏ သဘာဝအလှ သီမစ်လွင်ပြင်သည် ဟားခါးမြို့မှ ၇ မိုင်ခန့်သာကွာဝေးပြီး ဟားခါးမြို့မှ ထန်တလန်မြို့သို့ သွားမည်ဆိုပါက သီမစ်တံတားကို ဖြတ်သန်းရပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၁ ခုနှစ်ကတစ်ကြိမ် ယခုနှစ် ဇူလိုင်လ ၂၈ နေ့ကတစ်ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။

စစ်ကောင်စီတပ်များသည် ယင်းတံတားအား ပြင်ဆင်နိုင်ပါက ထန်တလန်မြို့သို့ စစ်ကူနှင့် ထောက်ပို့လုပ်ငန်းများ အလျင်အပြန်လုပ်ဆောင်နိုင်မည့်အပြင် ထန်တလန်မြို့နှင့် အနီးတစ်ဝိုက်အား ထိန်းချုပ်လာနိုင်မည်ဖြစ်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို ချေမှုန်းနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီက သုံးသပ်သည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် ပျက်စီးနေသော သီမစ်တံတား၏ အောက်ပိုင်းတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် CDF – Zophei, CDF – Hakha, CDF – Thantlang, CDF – Lautu နှင့် CJDC မှ ရဲဘော်များက ပူးပေါင်းတိုက်နေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများတွင် ဟားခါးမြို့အခြေစိုက် ၂၆၆ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်ပစ်ကူနေပြီး စစ်ရဟတ်ယာဉ်ဖြင့်လည်း လက်နက်များ လာရောက်ဖြည့်တင်းလေ့ရှိသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“ဟားခါးမြို့ကနေ ၁၂၀/၁၂၂ မမ လက်နက်ကြီးတွေနဲ့ နေ့စဉ်ထုတယ် လက်နက်ကြီးတအားသုံးတယ် စစ်ရဟတ်ယာဉ်တွေနဲ့ ကျည်ဆံတွေအမြဲလာဖြည့်ပေးတယ် ဂျက်ဖိုက်တာလည်းလာတယ် တိုက်ပွဲကတော့ နည်းနည်းကြာဦးမယ့်သဘောရှိတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

တစ်နီးပါးကြာမြင့်လာသည့် သီမစ်လွင်ပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၅၀ ခန့်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကျည်ဆံများလည်း ပူပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ရရှိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။

ယင်းတိုက်ပွဲတွင် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CDF-Hakha တပ်ဖွဲ့မှ ရဲဘော်တစ်ဦး Salai Thang Hei Lian သြဂုတ်လ ၂၅ ရက်နေ့က လက်နက်ကြီးကျည်ဆံ ထိမှန်ကျဆုံးခဲ့ပြီး တစ်လနီးပါးကြာတိုက်ပွဲအတွင်း ပူးပေါင်းကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.