Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သီးဘွာလ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့အားလုံးနီးပါး ထွက်ပြေး၊ စစ်ကောင်စီတပ်မှ ၂ ဦး ကနေဦး သေဆုံး

သီးဘွာလ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့အားလုံးနီးပါး ထွက်ပြေး၊ စစ်ကောင်စီတပ်မှ ၂ ဦး ကနေဦး သေဆုံး

0
By Editor on November 15, 2023 Headline

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်သား အားလုံးနီးပါး စခန်းကို စွန့်ခွာထွက်ပြေးသောကြောင့် လိုက်လံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ကျနော်တို့ မနက် ၄ နာရီမှာ စတင် သွားပစ်တဲ့အခါကြတော့ များသောအားဖြင့် အကုန်လုံးက ထွက်ပြေးကြတယ်။ ထွက်ပြေးကြတဲ့အခါကြတော့ ခုထိ ကျနော်တို့ လိုက်နေတုန်းပဲ။ ပြေးမယ်ထင်တဲ့ လမ်းကြောင်းတွေကို လိုက်နေတုန်းပဲ။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာကလည်း အတိအကျ ပြောလို့မရသေးဘူး” ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်က ပြောသည်။

သီးဘွာလ်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ခန့်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထွက်ပြေးနိုင်သော လမ်းကြောင်းများကို ပိတ်ဆို့ပြီး လိုက်လံတိုကိုက်ခိုက်နေသည်ဟု သိရသည်။

ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများသည် အိန္ဒိယ- မြန်မာနယ်စပ်ကို ရောက်ရှိနေပြီး ဗာဖိုင်ကျေးရွာမှ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တပ်ဖွဲ့က ကယ်ထုတ်ရန် ပြင်ဆင်နေသည်ဟု CNDF သတင်းဌာန The Rihli Voice ကလည်း ရေးသားသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက် မနက် ၄ နာရီခန့်တွင် သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ စတင်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအများစုက ထွက်ပြေးသောကြောင့် မနက် ၅ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်က ပြောသည်။

လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းကိုလည်း မီးရှို့ဖျက်စီးလိုက်သည်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ကနေဦးအထိ ထိခိုက်ကျဆုံးမှု မရှိဟု သိရသည်။

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းစခန်းသိမ်းတိုက်ပွဲနှင့် တမူးခရိုင် ခမ်းပါတ်စခန်သိမ်းတိုက်ပွဲများတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ CNDF တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီးလ ၁၀ ရက်ကလည်း ဖလမ်းမြို့နှင့် ကလေးလမ်းမပေါ်ရှိ ဗါရ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကာ၊ စစ်သုံးပန် ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.