Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သီးဘွာလ်စစ်စခန်းကို ယနေ့မနက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ် သိမ်းပိုက်
Photo Crd: CNDF

သီးဘွာလ်စစ်စခန်းကို ယနေ့မနက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ် သိမ်းပိုက်

0
By Editor on November 15, 2023 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းက စစ်ကောင်စီ၏ သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ယနေ့ မနက်ပိုင်းတွင် သိမ်းပိုက်လိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူက ပြောသည်။

“မနေ့ညက တပ်သားတွေ စခန်းသိမ်းတိုက်ပွဲ ဝင်တိုက်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က တိုက်ခဲ့ကြသေးတယ်။ ငါးရက်လောက် မနားမနေ တိုက်တယ်။ လေကြောင်းနဲ့ အပြင်းအထန် စစ်ကူပေးတဲ့အချိန်မှာ မသိမ်းလိုက်နိုင်ဘူး။ ဒီတစ်ခေါက်ကြတော့ နေရာအနှံမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ရှိနေတဲ့အခါကြတော့ စစ်ကူတွေ မလာနိုင်ခင် အပြီးသတ် တိုက်ဖို့ စီစဉ်ခဲ့ကြတယ်။ စခန်းကို မီးရှို့ပြီးတေ့ာ ပြန်ထွက်လာခဲ့ကြတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက် ည ၁၁ နာရီကတည်းက သီးဘွာလ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာလ ၁၅ မနက် ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သီးဘွာလ်စစ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ပြီး ယင်းစခန်းကိုလည်း မီးရှို့ဖျက်စီးလိုက်သည်ဟု သိရသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများ ထွက်ပြေးမှုများလည်း ရှိပြီး ယင်းစစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တစ်ခုတည်းဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

သီးဘွာလ်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် CNDF မှ တာဝန်ရှိသူများကို ဆက်သွယ်နေဆဲဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းစခန်းသိမ်းတိုက်ပွဲနှင့် တမူးခရိုင် ခမ်းပါတ်စခန်သိမ်းတိုက်ပွဲများတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ CNDF တပ်ဖွဲ့များလည်း ပါဝင် တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီးလ ၁၀ရက်ကလည်း ဖလမ်းမြို့နှင့် ကလေးလမ်းမပေါ်ရှိ ဗါရ်စစ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြာ သိမ်းဆည်းရမိကာ၊ စစ်သုံးပန်များလည်း ဖမ်းဆီးရမိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.