Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သီျမစ္- ျမစ္ေရတင္စီမံကိန္း မၿပီးစီးနိုင္သည့္ကိစၥ အစိုးရမွ ျပတ္ျပတ္သားသားေဆာင္ရြက္ရန္လိုအပ္ဟု ဉီးေအာင္လ်န္းေျပာ

သီျမစ္- ျမစ္ေရတင္စီမံကိန္း မၿပီးစီးနိုင္သည့္ကိစၥ အစိုးရမွ ျပတ္ျပတ္သားသားေဆာင္ရြက္ရန္လိုအပ္ဟု ဉီးေအာင္လ်န္းေျပာ

0
By Editor on December 10, 2020 Khonumthung

#Unicode

Benezer – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ရေပေးဝေရေးအတွက် တည်ဆောက်ထားသည့် သီမြစ်- မြစ်ရေတင်စီမံကိန်းသည် ယနေ့ချိန်ထိ ရာနှုန်းပြည့်မပြီးနိုင်ကိစ္စအပေါ် အစိုးရအနေဖြင့် ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန်လိုအပ် ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီမှ မတူပီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။

“ဝန်ကြီးချုပ်က တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ဘဲ လုပ်ခဲ့တယ်လို့ပြောတယ်၊ ဝန်ကြီးတစ်ပါးနဲ့ ပြည်နယ်မှူးတစ်ဉီး တာဝန်မကျေလို့ နှုတ်ထွက်သွားပြီလို့ပြောတယ်၊ ဒါနဲ့မပြီးဘူးလေ၊ သူတို့နှစ်ယောက် နှုတ်ထွက်သွားလို့လည်း ဒီကိစ္စက ပြီးတာမှမဟုတ်တာ၊ အစကတည်းက ငွေထုတ်တဲ့ ကိစ္စက မရှင်းမလင်းဖြစ်တယ်၊ စာချုပ်နဲ့ကိုက်ညီမှုမရှိဘဲ ငွေအကုန်လုံးထုတ်သွားတယ်၊ အစကတည်းကိုက မှားလာတယ်၊ ကုမ္ပဏီကလည်း ကွင်းမဆင်းဘဲနဲ့ ကန်ထရိုက်ဝင်ဆွဲတယ်၊ ဒေသခံတွေနဲ့ အခက်အခဲအများကြီးကြုံရတယ်၊ ငွေထုတ်ရာမှာ လုပ်ငန်းမပြီးဘဲနဲ့ ငွေအကုန်ထုတ်သွားတယ်၊ ငွေအကုန်ထုတ်သွားတာက အစိုးရမှာ တာဝန်ရှိတယ်၊ ဒီဟာကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက်ဖို့လိုတယ်၊ ဒီအစိုးရရဲ့တာဝန်ပါ၊ နောက်အစိုးရကို မကူးစေချင်ဘူး၊ ပြတ်ပြတ်သားသားဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ဉီးအောင်လျန်းမှပြောသည်။

သီမြစ်-မြစ်ရေတင်စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် မြို့တွင်းရှိ သီမြစ်ဆည်နဲ့ ရေလှောင်ကန်များထံ ရေရောက်ရှိ နိုင်ရန်အထိ ငွေကျပ် ၉ ဘီလီယမ်အသုံးပြုကာတည်ဆောက်ခဲ့ကြပြီး ယခုအစိုးရလက်ထက်တွင် ထိုရေလှောင်ကန်မှ တဆင့် မြို့တွင်းရေးပေးဝေရေးအတွက် ၂.၉ ဘီလီယမ်အသုံးပြုခဲ့သော်လည်း ကန်ထရိုက်ယူသည့် KMDL နှင့် မိုးကုတ်ရွှေရည်ကုမ္ပဏီဘက်မှ အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်အတွက် အစိုးရထံ ကျပ်ငွေ ၀.၀၁ ဘီလီယမ်ပြန်သွင်းရန်ကြွေးကျန်ရှိနေကြောင်း သိရသည်။

အဆိုပါ မြို့တွင်းရေဖြန့်ဝေသည့်လုပ်ငန်းကို တာဝန်ယူခဲ့သည့် ကုမ္ပဏီအနေဖြင့် စာချုပ်သက်တမ်း သုံးကြိမ်ထိ သက်တမ်းကျော်လွန်သည့်တိုင် မဖြေရှင်းသည့်အပေါ် အစိုးရအနေဖြင့် ယခုသက်တမ်းမကုန်ခင်တွင် ဆောင်ရွက်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော်တွင် ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းကအဆိုတင်သွင်းခဲ့သည်။

ဝန်ကြီးချုပ်မှ သီမြစ်-မြစ်ရေတင်စီမံကိန်းကိစ္စ အပြီးသတ်ဆောင်ရွက်ရန်မှာ လက်ရှိသက်တမ်းတွင် မဖြစ်နိုင်တော့သဖြင့် အချိန်မလောက်ခြင်းကို ကိုယ်ချင်းစာပြီးနားလည်ပေးရန် လွှတ်တော်တွင် တောင်းဆိုခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာ ဦးပြေမင်း၏အဆိုအောင်မြင်ခဲ့သည်။

ဉီးအောင်လျန်းက “အစိုးရဘက်က ကုမ္ပဏီကို ဉပဒေအရ တရားစွဲရမယ်၊ အဲဒါကို ကုမ္ပဏီကို ဘာလို့တရားမစွဲရတာလဲဆိုပြီးပြောတယ်၊ အစိုးဘက်ကနေ ဒီအစိုးရသက်တမ်းမှာ မပြီးနိုင်လောက်ဘူး၊ ကိုယ်ချင်းစာပြီး နားလည်ပေးပါဆိုပြီးပြောတယ်၊ ကိုယ်ချင်းစာခြင်း မစာခြင်းထက် ကျနော်တို့က စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ ထိရောက်စွာ အရေးယူပေးဖို့၊ ဘာလို့ ၂.၉ဘီလီယမ် အကုန်ကျခံပြီးတော့ ခုထိ အောင်အောင်မြင်မြင်ဘာလို့ မလုပ်နိုင်တာလေ၊ ဒါဘဲကျနော်တို့တောင်းဆိုတာပါ”ဟုပြောသည်။

သီမြစ်- မြစ်ရေတင်စီမံကိန်းနှင့် ပတ်သတ်ပြီး ၂၀၁၈ ခုနှစ်တွင် ထန်တလန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ အဆိုတင်သွင်းခဲ့ဖူးသော်လည်း အစိုးရမှ ဆောင်ရွက်နေဆဲဖြစ်သဖြင့် ယင်းအဆိုကိုဆိုင်းငံ့ပေးပါရန် ဆောင်းဆိုခဲ့သဖြင့် ဆိုင်းငံ့ပေးခဲ့ဖူးကြောင်း သိရသည်။

“ကုပ္မဏီနှစ်ခုကို အရေးယူမှာ၊ ၂၀၁၉ မတ်လကတည်းကနေ ရပ်ထားပြီးတော့ အလုပ်မပြီးတဲ့အပေါ်မှာ လျှော်ကြေး ၀.၀၁ဘီလီယမ် ဒဏ်ကြေးတပ်တယ်၊ ဒီလထဲမှာကို အပြီးသပ်လုပ်ဖို့နဲ့ ထွေအုပ်ကို အလုပ်လွှဲပြောင်းပေးဖို့ပေါ့၊ ထွေအုပ်ကလက်ခံပြီးပြီဆိုမှ ကျနော်တို့ စည်ပင်ကိုပြန်လွှဲရမှာ၊ ဒီဘတ်ဂျက်က ထွေအုပ်နဲ့လုပ်တဲ့ စည်မံကိန်းဖြစ်တဲ့အတွက် စည်ပင်က လက်ခံလို့မရဘူး၊ အဲဒါကြောင့် ကုမ္ပဏီကနေပြီးတော့ ထွေအုပ်ကိုအပ်၊ အဲဒီကနေ စည်ပင်ကို ပြန်အပ်ပြီးမှ စာရင်းစစ်ကနေ အပြီးသတ်အစီရင်ခံစာတက်မယ်၊ အဲဒီမှာ သူတို့ပေးဖို့ လျှော်ဖို့ မပြတ်ဘူးဆိုရင် အဲဒီမှာတရားစွဲမယ်”ဟု စည်ပင်ဝန်ကြီးဉီးစိုးထက်မှပြောသည်။

သီမြစ်- မြစ်ရေတင်စီမံကိန်းမှာ ယခင်အစိုးရလက်ထက်ဖြစ်သည့် ၂၀၁၄ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအားလုံးအတွက် စုစုပေါင်း ငွေကျပ် ၁၃ ဘီလီယမ်ဝန်းကျင်အသုံးပြု တည်ဆောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြည်သူလူထုထံ ပြည့်ပြည့်ဝဝ ရေမရရှိသေးကြောင်းသိရသည်။

#Zawgyi

ခ်င္းျပည္နယ္၏ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕ေရေပးေဝေရးအတြက္ တည္ေဆာက္ထားသည့္ သီျမစ္- ျမစ္ေရတင္စီမံကိန္းသည္ ယေန႔ခ်ိန္ထိ ရာႏႈန္းျပည့္မၿပီးနိုင္ကိစၥအေပၚ အစိုးရအေနျဖင့္ ျပတ္ျပတ္သားသားကိုင္တြယ္ေျဖရွင္းေဆာင္ရြက္ရန္လိုအပ္ ေၾကာင္း ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) ပါတီမွ မတူပီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္းကေျပာသည္။ 

“ဝန္ႀကီးခ်ဳပ္က တာဝန္ယူမႈတာဝန္ခံမႈ အျပည့္နဲ႔ဘဲ လုပ္ခဲ့တယ္လို႔ေျပာတယ္၊ ဝန္ႀကီးတစ္ပါးနဲ႔ ျပည္နယ္မႉးတစ္ဉီး တာဝန္မေက်လို႔ ႏႈတ္ထြက္သြားၿပီလို႔ေျပာတယ္၊ ဒါနဲ႔မၿပီးဘူးေလ၊ သူတို႔ႏွစ္ေယာက္ ႏႈတ္ထြက္သြားလို႔လည္း ဒီကိစၥက ၿပီးတာမွမဟုတ္တာ၊ အစကတည္းက ေငြထုတ္တဲ့ ကိစၥက မရွင္းမလင္းျဖစ္တယ္၊ စာခ်ဳပ္နဲ႔ကိုက္ညီမႈမရွိဘဲ ေငြအကုန္လုံးထုတ္သြားတယ္၊ အစကတည္းကိုက မွားလာတယ္၊ ကုမၸဏီကလည္း ကြင္းမဆင္းဘဲနဲ႔ ကန္ထရိုက္ဝင္ဆြဲတယ္၊ ေဒသခံေတြနဲ႔ အခက္အခဲအမ်ားႀကီးၾကဳံရတယ္၊ ေငြထုတ္ရာမွာ လုပ္ငန္းမၿပီးဘဲနဲ႔ ေငြအကုန္ထုတ္သြားတယ္၊ ေငြအကုန္ထုတ္သြားတာက အစိုးရမွာ တာဝန္ရွိတယ္၊ ဒီဟာကို အစိုးရက ထိထိေရာက္ေရာက္ေဆာင္ရြက္ဖို႔လိုတယ္၊ ဒီအစိုးရရဲ့တာဝန္ပါ၊ ေနာက္အစိုးရကို မကူးေစခ်င္ဘူး၊ ျပတ္ျပတ္သားသားေဆာင္ရြက္ရမွာျဖစ္ပါတယ္” ဟု ဉီးေအာင္လ်န္းမွေျပာသည္။

သီျမစ္-ျမစ္ေရတင္စီမံကိန္းကို ယခင္အစိုးရလက္ထက္တြင္ ၿမိဳ႕တြင္းရွိ သီျမစ္ဆည္နဲ႔ ေရေလွာင္ကန္မ်ားထံ ေရေရာက္ရွိ နိုင္ရန္အထိ ေငြက်ပ္ ၉ ဘီလီယမ္အသုံးျပဳကာတည္ေဆာက္ခဲ့ၾကၿပီး ယခုအစိုးရလက္ထက္တြင္ ထိုေရေလွာင္ကန္မွ တဆင့္ ၿမိဳ႕တြင္းေရးေပးေဝေရးအတြက္ ၂.၉ ဘီလီယမ္အသုံးျပဳခဲ့ေသာ္လည္း ကန္ထရိုက္ယူသည့္ KMDL ႏွင့္ မိုးကုတ္ေရႊရည္ကုမၸဏီဘက္မွ အၿပီးသတ္ေဆာင္ရြက္နိုင္ခဲ့ျခင္းမရွိသည့္အတြက္ အစိုးရထံ က်ပ္ေငြ ၀.၀၁ ဘီလီယမ္ျပန္သြင္းရန္ေႂကြးက်န္ရွိေနေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕တြင္းေရျဖန႔္ေဝသည့္လုပ္ငန္းကို တာဝန္ယူခဲ့သည့္ ကုမၸဏီအေနျဖင့္ စာခ်ဳပ္သက္တမ္း သုံးႀကိမ္ထိ သက္တမ္းေက်ာ္လြန္သည့္တိုင္ မေျဖရွင္းသည့္အေပၚ အစိုးရအေနျဖင့္ ယခုသက္တမ္းမကုန္ခင္တြင္ ေဆာင္ရြက္ရန္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၃ ရက္ႏွင့္ ၄ ရက္ေန႔က က်င္းပခဲ့သည့္ ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ ပလက္၀ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေျပမင္းကအဆိုတင္သြင္းခဲ့သည္။

ဝန္ႀကီးခ်ဳပ္မွ သီျမစ္-ျမစ္ေရတင္စီမံကိန္းကိစၥ အၿပီးသတ္ေဆာင္ရြက္ရန္မွာ လက္ရွိသက္တမ္းတြင္ မျဖစ္နိုင္ေတာ့သျဖင့္ အခ်ိန္မေလာက္ျခင္းကို ကိုယ္ခ်င္းစာၿပီးနားလည္ေပးရန္ လႊတ္ေတာ္တြင္ ေတာင္းဆိုခဲ့ေသာ္လည္း မဲခြဲဆုံးျဖတ္ရာ ဦးေျပမင္း၏အဆိုေအာင္ျမင္ခဲ့သည္။

ဉီးေအာင္လ်န္းက “အစိုးရဘက္က ကုမၸဏီကို ဉပေဒအရ တရားစြဲရမယ္၊ အဲဒါကို ကုမၸဏီကို ဘာလို႔တရားမစြဲရတာလဲဆိုၿပီးေျပာတယ္၊ အစိုးဘက္ကေန ဒီအစိုးရသက္တမ္းမွာ မၿပီးနိုင္ေလာက္ဘူး၊ ကိုယ္ခ်င္းစာၿပီး နားလည္ေပးပါဆိုၿပီးေျပာတယ္၊ ကိုယ္ခ်င္းစာျခင္း မစာျခင္းထက္ က်ေနာ္တို႔က စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားလို႔ ထိေရာက္စြာ အေရးယူေပးဖို႔၊ ဘာလို႔ ၂.၉ဘီလီယမ္ အကုန္က်ခံၿပီးေတာ့ ခုထိ ေအာင္ေအာင္ျမင္ျမင္ဘာလို႔ မလုပ္နိုင္တာေလ၊ ဒါဘဲက်ေနာ္တို႔ေတာင္းဆိုတာပါ”ဟုေျပာသည္။

သီျမစ္- ျမစ္ေရတင္စီမံကိန္းႏွင့္ ပတ္သတ္ၿပီး ၂၀၁၈ ခုႏွစ္တြင္ ထန္တလန္ၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မွ အဆိုတင္သြင္းခဲ့ဖူးေသာ္လည္း အစိုးရမွ ေဆာင္ရြက္ေနဆဲျဖစ္သျဖင့္ ယင္းအဆိုကိုဆိုင္းငံ့ေပးပါရန္ ေဆာင္းဆိုခဲ့သျဖင့္ ဆိုင္းငံ့ေပးခဲ့ဖူးေၾကာင္း သိရသည္။

“ကုပၼဏီႏွစ္ခုကို အေရးယူမွာ၊ ၂၀၁၉ မတ္လကတည္းကေန ရပ္ထားၿပီးေတာ့ အလုပ္မၿပီးတဲ့အေပၚမွာ ေလၽွာ္ေၾကး ၀.၀၁ဘီလီယမ္ ဒဏ္ေၾကးတပ္တယ္၊ ဒီလထဲမွာကို အၿပီးသပ္လုပ္ဖို႔နဲ႔ ေထြအုပ္ကို အလုပ္လႊဲေျပာင္းေပးဖို႔ေပါ့၊ ေထြအုပ္ကလက္ခံၿပီးၿပီဆိုမွ က်ေနာ္တို႔ စည္ပင္ကိုျပန္လႊဲရမွာ၊ ဒီဘတ္ဂ်က္က ေထြအုပ္နဲ႔လုပ္တဲ့ စည္မံကိန္းျဖစ္တဲ့အတြက္ စည္ပင္က လက္ခံလို႔မရဘူး၊ အဲဒါေၾကာင့္ ကုမၸဏီကေနၿပီးေတာ့ ေထြအုပ္ကိုအပ္၊ အဲဒီကေန စည္ပင္ကို ျပန္အပ္ၿပီးမွ စာရင္းစစ္ကေန အၿပီးသတ္အစီရင္ခံစာတက္မယ္၊ အဲဒီမွာ သူတို႔ေပးဖို႔ ေလၽွာ္ဖို႔ မျပတ္ဘူးဆိုရင္ အဲဒီမွာတရားစြဲမယ္”ဟု စည္ပင္ဝန္ႀကီးဉီးစိုးထက္မွေျပာသည္။

သီျမစ္- ျမစ္ေရတင္စီမံကိန္းမွာ ယခင္အစိုးရလက္ထက္ျဖစ္သည့္ ၂၀၁၄ ခုႏွစ္မွစတင္ကာ အေကာင္အထည္ေဖာ္တည္ ေဆာက္ခဲ့ျခင္းျဖစ္ၿပီး စီမံကိန္းအားလုံးအတြက္ စုစုေပါင္း ေငြက်ပ္ ၁၃ ဘီလီယမ္ဝန္းက်င္အသုံးျပဳ တည္ေဆာက္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္ထိ ျပည္သူလူထုထံ ျပည့္ျပည့္ဝဝ ေရမရရွိေသးေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.