Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

0
By Editor on May 24, 2022 Khonumthung

ဒီသတင်းအမှားကို Kyaw Thiha ဆိုတဲ့အကောင့်ကနေ မေလ ၂၀ ရက် နေ့က ရေးသားဖော်ပြခဲ့တာဖြစ်ပြီး “ကရင်ပြည်နယ်၊ သေဘောထို စခန်းသိမ်း စစ်ပွဲတွင် မြန်မာတပ်မတော်မှ အရှင်လက်ရ ဖမ်ဆီးရရှိ နီပိတ် ၆ ဦးအားတွေ့စဉ်” ဆိုပြီး အောက်ပါဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “အမျိုးဘာသာ သာသနာ နှင့် ကြံ့ခိုင်ရေးပါတီအတွက် စိတ်အေးရပါပြီဟု တပ်မတော်ပြောရေး ဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြားခဲ့ပါသည်’’ လို့လည်း အဲဒီအကောင့်မှာဆက်လက်ဖော်ပြခဲ့ပါတယ်။

တကယ့်ဖြစ်စဉ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၂၇)၊ တပ်ခွဲ (၂) မှ ဒုခွဲမှူးဗိုလ်ဒ့ါဘော (လက်ရှိCobra စစ်ကြောင်း၏ စစ်ကြောင်းမှူး) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကရင်ပြည်နယ် သေ့ဘော့ဘိုးအခြေစိုက်စခန်းကို မေလ ၁၈ ရက်နေ့ညနေ ၄ နာရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU) ရဲ့ထုတ်ပြန်ချက်ကို အောက်ပါလင့်မှာတွေ့ရှိနိုင်သည်။

https://m.facebook.com/story.php?story_fbid=342961834605698&id=100066756515394

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒု-ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စုစုပေါင်းအလောင်းငါးလောင်းတွေ့ရှိခဲ့သလို စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးနှစ်ဦး၊ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊တပ်သားနှစ်ဦး စုစုပေါင်း ၆ ဦးကို အရှင်ဖမ်းဆီးရမိပြီး နောက်တနေ့မှာလည်း စစ်ကောင်စီတပ်သားတစ်ဦးထပ်မံဖမ်းဆီးခဲ့တာလို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါကြောင့် Kyaw Thiha ဆိုတဲ့အကောင့်ကနေ ဖေဖော်ပြထားတဲ့ အဲဒီသတင်းဟာ သတင်းအမှားသာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်း လိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.