Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သံဖိုကျေးရွာကို စစ်တပ်က ပိုက်စိပ်တိုက်ရှာ​ဖွေမည်ဟု ​ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရ

သံဖိုကျေးရွာကို စစ်တပ်က ပိုက်စိပ်တိုက်ရှာ​ဖွေမည်ဟု ​ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရ

0
By Editor on April 2, 2021 Headline
#Unicode
ကလေးမြို့နယ် သံဖိုကျေးရွာတွင် ယမန်နေ့ည(ဧပြီ ၁ ရက်)က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်ကာ ယနေ့ဧပြီလ ၂ ရက်နေ့တွင် တစ်အိမ်တက်ဆင်းတူမီးသေနတ်များပိုက်စိပ်တိုက်ရှာဖွေမည်ခြိမ်းခြောက်ပြောဆိုသောကြောင့် တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
သံဖိုကျေးရွာသားတစ်ဦးက “ မနေ့ညက စစ်သားတွေရွာထဲကိုဝင်လာတယ် ကျေးရွာဥက္ကဌဟောင်းအိမ်သွားပြီးမှ ရွာမှာ တူမီးသေနတ်ဘယ်လောက်ရှိလဲ၊ မနက်ဖြန်ကျရင် ခင်များတို့ရွာကို သန့်ရှင်းရေးလုပ်မယ်ဆိုပြီးပြောသွားတယ်၊ သူလည်း မနေ့ညတွင်းချင်းပဲ ထွက်ပြေးသွားတယ်၊ သူ့သမီးရဲ့ဆိုင်ကိုလည်း စစ်သားတွေကသော့ဖျက်ပြီးဝင်တယ် ပစ္စည်းတွေလည်း ယူသွားတယ်လို့သိရတယ်’’ ဟု ပြောသည်။
ယင်းကိစ္စကြောင့် သံဖိုကျေးရွာသားအများစုသည် ဘေးလွတ်ရာတောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာတွင်သက်ကြီးရွယ်အိုတစ်ချို့ သာကျန်ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“တစ်ရွာလုံးနီးပါးထွက်ပြေးကြပြီ ၅ ပုံမှာ တစ်ပုံလောက် သက်ကြီးရွယ်အိုတွေလောက်ပဲရွာမှာကျန်တော့တယ်၊ ဒုက္ခသည် ဘဝရောက်ကုန်ကြပြီ၊ မထွက်ပြေးကြဘူးဆိုရင် ရွာမှာစစ်သားတွေဝင်လာပြီး ပစ်သတ်ခံရမှာစိုးရိမ်ရတယ်လေ’’ ဟု ပြောသည်။
ယမန်နေ့ကလည်း ကလေး-ဂန့်ဂေါမြို့ကားလမ်းမနဘေးရှိ နတ်ချောင်း၊ ငါဖား၊ ချောင်းခွကျေးရွာများတွင် အာဏာသိမ်းစစ် ကောင်စီတပ်ဖွဲ့ဝင်များကသေနတ်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ချောင်းခွကျေးရွာမှ လူ ၄ ဦးနှင့် ဝေဘူလကျေးရွာမှ ၁ ဦးသေဆုံးခဲ့ကြ သည်။
ယခုလက်ရှိတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းခွကျေးရွာတွင်လှုပ်ရှားနေပြီး ပစ်ခတ်မှုများလည်းရှိနေ သည်ဟု သိရသည်။
#Zawgyi
ကေလးၿမိဳ႕နယ္ သံဖိုေက်းရြာတြင္ ယမန္ေန႔ည(ဧၿပီ ၁ ရက္)က အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔မ်ား ၀င္ေရာက္ကာ ယေန႔ဧၿပီလ ၂ ရက္ေန႔တြင္ တစ္အိမ္တက္ဆင္းတူမီးေသနတ္မ်ားပိုက္စိပ္တိုက္ရွာေဖြမည္ၿခိမ္းေျခာက္ေျပာဆိုေသာေၾကာင့္ တစ္ရြာလံုးနီးပါး ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။
သံဖိုေက်းရြာသားတစ္ဦးက “ မေန႔ညက စစ္သားေတြရြာထဲကို၀င္လာတယ္ ေက်းရြာဥကၠဌေဟာင္းအိမ္သြားၿပီးမွ ရြာမွာ တူမီးေသနတ္ဘယ္ေလာက္ရွိလဲ၊ မနက္ျဖန္က်ရင္ ခင္မ်ားတို႔ရြာကို သန္႔ရွင္းေရးလုပ္မယ္ဆိုၿပီးေျပာသြားတယ္၊ သူလည္း မေန႔ညတြင္းခ်င္းပဲ ထြက္ေျပးသြားတယ္၊ သူ႔သမီးရဲ႕ဆိုင္ကိုလည္း စစ္သားေတြကေသာ့ဖ်က္ၿပီး၀င္တယ္ ပစၥည္းေတြလည္း ယူသြားတယ္လို႔သိရတယ္’’ ဟု ေျပာသည္။
ယင္းကိစၥေၾကာင့္ သံဖိုေက်းရြာသားအမ်ားစုသည္ ေဘးလြတ္ရာေတာထဲသို႔ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး ရြာတြင္သက္ႀကီးရြယ္အိုတစ္ခ်ဳိ႕ သာက်န္ရွိသည္ဟု ၎ကဆက္ေျပာသည္။
“တစ္ရြာလံုးနီးပါးထြက္ေျပးၾကၿပီ ၅ ပံုမွာ တစ္ပံုေလာက္ သက္ႀကီးရြယ္အိုေတြေလာက္ပဲရြာမွာက်န္ေတာ့တယ္၊ ဒုကၡသည္ ဘ၀ေရာက္ကုန္ၾကၿပီ၊ မထြက္ေျပးၾကဘူးဆိုရင္ ရြာမွာစစ္သားေတြ၀င္လာၿပီး ပစ္သတ္ခံရမွာစိုးရိမ္ရတယ္ေလ’’ ဟု ေျပာသည္။
ယမန္ေန႔ကလည္း ကေလး-ဂန္႔ေဂါၿမိဳ႕ကားလမ္းမနေဘးရွိ နတ္ေခ်ာင္း၊ ငါဖား၊ ေခ်ာင္းခြေက်းရြာမ်ားတြင္ အာဏာသိမ္းစစ္ ေကာင္စီတပ္ဖြဲ႔၀င္မ်ားကေသနတ္ပစ္ခတ္ၿဖိဳခြင္းမႈေၾကာင့္ ေခ်ာင္းခြေက်းရြာမွ လူ ၄ ဦးႏွင့္ ေ၀ဘူလေက်းရြာမွ ၁ ဦးေသဆံုးခဲ့ၾက သည္။
ယခုလက္ရွိတြင္လည္း စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားသည္ ေခ်ာင္းခြေက်းရြာတြင္လႈပ္ရွားေနၿပီး ပစ္ခတ္မႈမ်ားလည္းရွိေန သည္ဟု သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.