Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»သြစတေးလျအထက်လွှတ်တော်အမတ်နှင့် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေး

သြစတေးလျအထက်လွှတ်တော်အမတ်နှင့် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေး

0
By Editor on October 10, 2022 Headline

သြစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Dean Smith သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အကြီးအကဲအုပ်ချုပ်ရေးမှူး (Governor) နှင့် အောက်တိုဘာလ ၆ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati သည် သြစတေးလျအထက်လွှတ်တော်အမတ်ကို Raj Bhavan တွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရပြန်ြကားရေးဌာနက ထုတ်ပြန်သည်။

ယင်းတွေ့ဆုံမှုတွင် Dean Smith က သူ့အနေဖြင့် မီဇိုရမ်ပြည်နယ်သို့ လာရောက်ရသည့်အကြောင်းရင်းတစ်ခုမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးနှင့်ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဆောင်ရွက်ထားမှုအခြေအနေများအား မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့သည်။

မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားအမြောက်အများ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြပြီး အများစုမှာ ချင်းပြည်နယ်က ချင်းလူမျိုးများဖြစ်ကြကြောင်း၊ မီဇိုရမ်ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြသည့်အပြင် အစိုးရအနေဖြင့်လည်း အရေးကြီးသည့်ကိစ္စရပ်များတွင် လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

Dean Smith ကလည်း ချင်းနှင့် မီဇိုးလူမျိုးများသည် ညီအကိုများဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း၊ သြစတေးလျနိုင်ငံတွင်လည်း ချင်းလူမျိုးအမြောက်အများနေထိုင်ကြပြီး အစိုးရကလည်း ဂရုစိုက်ပေးကြောင်းပြောဆိုခဲ့သည်။

အိန္ဒိယနိုင်ငံသည် မိတ်ဆွေကောင်းဖြစ်သည့်နည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးရန်လည်း သြစတေးလျ အထက်လွှတ်တော်အမတ်က တောင်းဆိုခဲ့သည်။

သြစတေးလျအထက်လွှတ်တော်အမတ်သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါးကိုလည်း သူ၏ရုံးခန်းတွင် တွေ့ရှိခဲ့သည်အပြင် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံး လူမှုအဖွဲ့အစည်း မီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.