Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးတက္ကသိုလ်နှင့် ထန်တလန်မြို့အကြား ကားလမ်းမအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF – Hakha သတိပေးချက်ထုတ်ပြန်

ဟားခါးတက္ကသိုလ်နှင့် ထန်တလန်မြို့အကြား ကားလမ်းမအား ဖြတ်သန်းသွားလာခြင်းမပြုရန် CDF – Hakha သတိပေးချက်ထုတ်ပြန်

0
By Editor on August 19, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့စွန်တွင်တည်ရှိသော ဟားခါးတက္ကသိုလ်မှ ထန်တလန်မြို့အကြား ကားလမ်းမအား သြဂုတ်လ ၂၀ ရက်နေ့မှစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် Chinland Defense Force – Hakha က ယနေ့ သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းတွင် အသိပေးချက် ထုတ်ပြန်သည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားလေ့ရှိပြီး သွားလာသူရှိပါက စစ်ကောင်စီတပ်များဟုမှတ်ယူကာ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်ဟု CDF-Hakha ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“အဓိကတော့ ပြည်သူတွေ ဒီဘက်မလာစေချင်တာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာ ရုတ်တရက် ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်။ အခုအဲဒီလမ်းက ပြည်သူတွေသိပ်သုံးလေ့မရှိတော့ဘူး၊ အများအားဖြင့် စစ်သားတွေသုံးတာများတယ်။ ဆိုတော့ အရပ်သားဝတ်စုံနဲ့လာတာပဲဖြစ်ဖြစ် စစ်သားတွေလို့မှတ်ပြီး ပစ်ခတ်တာတွေရှိနိုင်တော့ သတိရှိနိုင်ဖို့ ထုတ်ပြန်ရခြင်းဖြစ်ပါ တယ်” ဟု CDF-Hakha မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါထုတ်ပြန်ချက်အား မိဘပြည်သူများအသက်အန္တရယ်လုံခြုံမှုရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များမှ သတိပေးခြင်းဖြစ်ပြီး နောက်ထပ်ထုတ်ပြန်ခြင်းမရှိမခြင်း သွားလာခြင်းမပြုရန်နှင့် ဖြတ်သန်းသွားလာခွင့်ပြုသည့်အချိန်တွင် အများပြည်သူ သိစေရန် ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် CDF-Hakha တပ်ဖွဲ့သည် ဟားခါးမြို့သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြ သည်။

စစ်ကောင်စီဘက်ကလည်း ဟားခါးမြို့ ရုန်းတောင်စစ်ဗျူဟာကုန်းတွင် လေကြောင်းမှတဆင့် လေထီးများဖြင့် လက်နက်ကြီး များအပါအဝင် ဗုံး၊ လက်နက်ခဲယမ်းများ အကြိမ်ကြိမ်ချပေးခဲ့ပြီး စစ်အင်အားဖြည့်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.