#Unicode
Benezer – ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်မှာ တစ်ကျောင်းလုံး CDM လှုပ်ရှားမှုတွင် ပါဝင်ကြောင်း ကြေညာထားသော်လည်း စီမံဘဏ္ဍာဌာန ဝန်ထမ်းများအား ရုံးတက်ရန် နေ့စဉ်ဖိအားပေးမှု ရင်ဆိုင်နေရသဖြင့် အချို့မှာ မတက်သာသဖြင့် ရုံးပြန်တက်နေရကြောင်း ဖိအားပေးခံရသည့် ဝန်ထမ်းများထံမှ သိရသည်။
ဟားခါးတက္ကသိုလ်တွင် ဝန်ထမ်းပေါင်း ၂၆၀ ကျော်ရှိပြီး ဌာနလူကြီးများမှ CDM ဝင်သည့် ဆရာ/ဆရာမ များကိုမူ ရုံးပြန်တက်ရန် မပြောဆိုရဲဘဲ လက်အောက်ဝန်ထမ်းအငယ်များအား ရုံးပြန်တက်ရန်ဖိအားပေးမှု ကြောင့် ၁၀ဦးခန့်မှာ ရုံးပြန်တက်နေကြောင်း ဖိအားပေးခံရသည့် ဝန်ထမ်းတစ်ဦးမှပြောသည်။
ချင်းပြည်နယ်တွင် အစိုးရဝန်ထမ်းများမှ အာဏာရှင်စနစ်လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဖော်ပြသည့်အနေဖြင့် CDM လှုပ်ရှားမှုတွင် အများအပြားဝင်ရောက်လှုပ်ရှားမှုများရှိနေပြီး ဌာနဆိုင်ရာ အထက်အရာရှိများမှ ဖိအားပေးမှုများလည်း ရင်ဆိုင်နေရကြောင်း သိရသည်။
#Zawgyi
Benezer – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ရွိ ဟားခါးတကၠသိုလ္မွာ တစ္ေက်ာင္းလုံး CDM လႈပ္ရွားမႈတြင္ ပါဝင္ေၾကာင္း ေၾကညာထားေသာ္လည္း စီမံဘ႑ာဌာန ဝန္ထမ္းမ်ားအား ႐ုံးတက္ရန္ ေန႔စဥ္ဖိအားေပးမႈ ရင္ဆိုင္ေနရသျဖင့္ အခ်ိဳ႕မွာ မတက္သာသျဖင့္ ႐ုံးျပန္တက္ေနရေၾကာင္း ဖိအားေပးခံရသည့္ ဝန္ထမ္းမ်ားထံမွ သိရသည္။
ဟားခါးတကၠသိုလ္တြင္ ဝန္ထမ္းေပါင္း ၂၆၀ ေက်ာ္ရွိၿပီး ဌာနလူႀကီးမ်ားမွ CDM ဝင္သည့္ ဆရာ/ဆရာမ မ်ားကိုမူ ႐ုံးျပန္တက္ရန္ မေျပာဆိုရဲဘဲ လက္ေအာက္ဝန္ထမ္းအငယ္မ်ားအား ႐ုံးျပန္တက္ရန္ဖိအားေပးမႈ ေၾကာင့္ ၁၀ဦးခန႔္မွာ ႐ုံးျပန္တက္ေနေၾကာင္း ဖိအားေပးခံရသည့္ ဝန္ထမ္းတစ္ဦးမွေျပာသည္။
ခ်င္းျပည္နယ္တြင္ အစိုးရဝန္ထမ္းမ်ားမွ အာဏာရွင္စနစ္လက္ေအာက္တြင္ အလုပ္မလုပ္လိုေၾကာင္း ေဖာ္ျပသည့္အေနျဖင့္ CDM လႈပ္ရွားမႈတြင္ အမ်ားအျပားဝင္ေရာက္လႈပ္ရွားမႈမ်ားရွိေနၿပီး ဌာနဆိုင္ရာ အထက္အရာရွိမ်ားမွ ဖိအားေပးမႈမ်ားလည္း ရင္ဆိုင္ေနရေၾကာင္း သိရသည္။