Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၉ ယောက်ကို အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် စစ်ကောင်စီက ထောင်ဒဏ်အသီးသီးချမှတ်

ဟားခါးတွင် အမျိုးသမီးတစ်ဦးအပါအဝင် လူ ၉ ယောက်ကို အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် စစ်ကောင်စီက ထောင်ဒဏ်အသီးသီးချမှတ်

0
By Editor on August 2, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတရားရုံးက အမျိုးသမီးတစ်ဦးအပါဝင် အရပ်သားပြည်သူ ၉ ဦးကို အကြမ်းဖက်မှုဥပဒေပုဒ်မဖြင့် ထောင်ဒဏ်အသီးသီးပစ်ဒဏ်ချမှတ်ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ၉ ဦးကို ဟားခါးမြို့ရဲစခန်းမှ ဒုရဲမှူး တင်ကျော်သူမှ တရားလိုလုပ်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့တရားရုံးတွင် ပြီးခဲ့သည့်ဇူလိုင် ၂၉ ရက် (သောကြာနေ့) က ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၁) အရ ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ပြီး ကျန်တစ်ဦးကိုလည်း ပုဒ်မ (၅၂) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့တွေက ဖေဖော်ဝါရီလမှာအဖမ်းခံရတဲ့သူတွေရှိတယ် မတ်လမှာအဖမ်းခံရတဲ့သူတွေရှိတယ် အခုဆိုရင်တော့ ၅ လနီးပါးကြာမှပဲ ပစ်ဒဏ်သူတို့စီရင်တာပေါ့၊ အများစုကတော့ သာမန်ပြည်သူလူထုတွေများတယ် အဓိကတော့ သူတို့ ဓာတ်ပုံမှာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ သက်သေတွေတွေ့တယ်ဆိုပြီး CDF နဲ့ ပတ်သက်တယ်ဆိုပြီး တရားစွဲခံရသူက ပိုများတယ်” ဟု CHRO က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပစ်ဒဏ်စီရင်ခံရသူများသည် သာမန် အရပ်သားပြည်သူများသာဖြစ်ကြသော်လည်း စစ်ကောင်စီက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တပ်ဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် ယခုနှစ်ဖေဖော်ဝါရီနှင့် မတ်လအတောအတွင်း မတရားဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု CHRO က ဆိုသည်။

“ဒီတော်လှန်ရေးမှာပါဝင်တဲ့သူတွေက လူငယ်တွေပိုများတဲ့အခါကြတော့ စကစက အခု ဘယ်သူတွေမဆို သူတို့ရဲ့ ရန်သူလို့ထင်တာပေါ့နော် အဲ့ဒီထဲမှာမှ လူငယ်တွေကိုတွေ့ရင်တော့ ဖမ်းပြီး မတရားစွပ်စွဲတယ်၊ စစ်ကောင်စီအနေနဲ့ အရပ်သားနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ခွဲခွဲခြားခြားဆက်ဆံလုပ်ဆောင်သင့်တယ်၊ အရပ်သားတွေကို မတရားစွပ်စွဲတာ၊ မတရားထောင်ဒဏ်ချမှတ်တာတွေ မလုပ်သင့်တဲ့ကိစ္စပါ” ဟု CHRO က တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ မတရားထောင်ဒဏ်ချမှတ်ခံရသည့် ၉ ဦးအနက် ထောင်ဒဏ် ၅ နှဏ် ချမှတ်ခံရသူတစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး အသက် ၁၉ နှစ်သာရှိသေးသည်ဟု သိရသည်။

၎င်းတို့အားလုံးကို စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်သို့ ပို့ဆောင်မည်ဟု သိရသည်။

ယခုလက်ရှိ ဟားခါးမြို့တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ အနည်းဆုံး ၃၀ ခန့်ကျန်ရှိနေသေးပြီး အမှုရင်ဆိုင်နေကြရဆဲဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ချင်းပြည်နယ်တွင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ သိသိသာသာကျူးလွန်နေပြီး လူနေအိမ်များမီးရှိုဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ကျူးလွန်လျှက်ရှိကာ စစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်မှုများ သိသိသာသာ ကျူးလွန်နေသည်ဟု CHRO က ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.