Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

0
By Editor on May 19, 2025 Khonumthung

(004SS)

ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့တွင် တာဝန်ကျသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးတို့သည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပူးပေါင်းရန် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ဟားခါးမြို့ရှိ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် မေလ ၁၅ နှင့် ၁၇ ရက်များတွင် အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး သေနတ် ၁ လက် ၊ကျည်ဘောက်စ်နှင့် ကျည်ဆံအချို့၊ လက်ပစ်ဗုံး ၃ လုံးနှင့် အီနာဂါ ၄ လုံးနှင့်အတူ အလင်းဝင်ရောက် လာကြခြင်းဟု ဓါတ်ပုံနှင့်တကွ CDF-Hakha က ထုတ်ပြန်ထားသည်။
‌
ထို့အပြင် မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ စစ်သားတစ်ဦးကိုလည်း အရှင် ဖမ်းဆီးမိကြောင်း သိရသည်။

CDF-Hakha အနေဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းသော သူများကို နွေးနွေး ထွေးထွေး ကြိုဆိုသည့်အပြင် လက်နက်ခဲယမ်းဖြင့် အလင်းဝင်လာသူများအား ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟု ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.