Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ရဲတပ်သားတစ်ဦး CDF-Hakha ထံ အလင်းဝင်၊ ယခုနှစ်အတွင်း အလင်းဝင်လာသူ ၁၁ ဦးရှိ

ဟားခါးမြို့က ရဲတပ်သားတစ်ဦး CDF-Hakha ထံ အလင်းဝင်၊ ယခုနှစ်အတွင်း အလင်းဝင်လာသူ ၁၁ ဦးရှိ

0
By Editor on April 8, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ရဲတပ်သား တစ်ဦးသည် ဧပြီလ ၆ ရက်နေ့က G-3 သေနတ်နှင့်အတူအလင်းဝင်လာကြောင်း CDF – Hakha က ယနေ့တွင် ထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသူမှာ လုပ်သက် တစ်နှစ်ရှိပြီဖြစ်သော အသက် ၂၅ နှစ်အရွယ် သန့်ဇင်ဖြိုးဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာခြင်းဟု သိရသည်။

၎င်းသည် လက်နက်ငယ် BA- 63 (G-3) တစ်လက်၊ ကျည် ၁၄၇ ထောင့်နှင့် ကျည်ဘောက်စ် တစ်ခုဖြင့် အလင်းဝင်ရောက် လာကြောင်း CDF-Hakha က ‌အလင်းဝင်လာသူ၏ရုပ်ပုံနှင့်တကွ ထုတ်ပြန်သည်။

CDF – Hakha အနေဖြင့် အလင်းဝင်လာသူ ရဲတပ်သားအား နွေးထွေးစွာကြိုဆိုသည့်အပြင် ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသော နေရာသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်သူ့စစ် ၇ ဦး၊ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ် ၁ ဦးနှင့် ယခု ဧပြီလ ၈ ရက်နေ့အထိ ပြည်သူ့စစ် ၂ ဦးနှင့် ရဲသား ၁ ဦး စုစုပေါင်း ပြည်သူ့စစ်နှင့် ရဲ ၁၁ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်လိုခြင်းမရှိသဖြင့် CDF-Hakha ထံတွင် လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း CDF-Hakha ကထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများအနေဖြင့် CDF – Hakha မှ အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံသောနေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူမည့်အကြောင်း အသိပေးထားသည်။

မတ်လ ၂၅ ရက်နေ့ကလည်း စစ်မှုထမ်းအမိန့် ဥပဒေဖြင့် ပေါ်တာဆွဲခံရပြီး ဟားခါးမြို့မှာ တာဝန်ချခံခဲ့ရသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးဟာလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ CDF – Hakha ထံကို အလင်းဝင်ခဲ့ပြီးဖြစ်သည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား မောင်ဖိုးခွါး နှင့် ဒုတပ်ကြပ် မျိုးမင်းကျော် တို့နှစ်ဦးသည်လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.