Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ရဲတပ်သားတစ်ဦး CDF-Hakha ထံ အလင်းဝင်၊ ယခုနှစ်အတွင်း အလင်းဝင်လာသူ ၁၁ ဦးရှိ

ဟားခါးမြို့က ရဲတပ်သားတစ်ဦး CDF-Hakha ထံ အလင်းဝင်၊ ယခုနှစ်အတွင်း အလင်းဝင်လာသူ ၁၁ ဦးရှိ

0
By Editor on April 8, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က ရဲတပ်သား တစ်ဦးသည် ဧပြီလ ၆ ရက်နေ့က G-3 သေနတ်နှင့်အတူအလင်းဝင်လာကြောင်း CDF – Hakha က ယနေ့တွင် ထုတ်ပြန်သည်။

အလင်းဝင်ရောက်လာသူမှာ လုပ်သက် တစ်နှစ်ရှိပြီဖြစ်သော အသက် ၂၅ နှစ်အရွယ် သန့်ဇင်ဖြိုးဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ စိုက်ပျိုးရေးခြံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ထွက်ပြေးလာခြင်းဟု သိရသည်။

၎င်းသည် လက်နက်ငယ် BA- 63 (G-3) တစ်လက်၊ ကျည် ၁၄၇ ထောင့်နှင့် ကျည်ဘောက်စ် တစ်ခုဖြင့် အလင်းဝင်ရောက် လာကြောင်း CDF-Hakha က ‌အလင်းဝင်လာသူ၏ရုပ်ပုံနှင့်တကွ ထုတ်ပြန်သည်။

CDF – Hakha အနေဖြင့် အလင်းဝင်လာသူ ရဲတပ်သားအား နွေးထွေးစွာကြိုဆိုသည့်အပြင် ငွေသားဆုကြေးများ ချီးမြှင့်ပြီး လုံခြုံသော နေရာသို့ရောက်ရှိသည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်သူ့စစ် ၇ ဦး၊ ဖေဖော်ဝါရီလတွင် ပြည်သူ့စစ် ၁ ဦးနှင့် ယခု ဧပြီလ ၈ ရက်နေ့အထိ ပြည်သူ့စစ် ၂ ဦးနှင့် ရဲသား ၁ ဦး စုစုပေါင်း ပြည်သူ့စစ်နှင့် ရဲ ၁၁ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်လိုခြင်းမရှိသဖြင့် CDF-Hakha ထံတွင် လက်နက် ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း CDF-Hakha ကထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများအနေဖြင့် CDF – Hakha မှ အမြဲတမ်းကြိုဆိုကြောင်းနှင့် လုံခြုံသောနေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူမည့်အကြောင်း အသိပေးထားသည်။

မတ်လ ၂၅ ရက်နေ့ကလည်း စစ်မှုထမ်းအမိန့် ဥပဒေဖြင့် ပေါ်တာဆွဲခံရပြီး ဟားခါးမြို့မှာ တာဝန်ချခံခဲ့ရသော စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၂ ဦးဟာလည်း လက်နက်ခဲယမ်းတွေနဲ့ အတူ CDF – Hakha ထံကို အလင်းဝင်ခဲ့ပြီးဖြစ်သည်။

အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား မောင်ဖိုးခွါး နှင့် ဒုတပ်ကြပ် မျိုးမင်းကျော် တို့နှစ်ဦးသည်လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင်ရောက်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.