Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးပြီဟု မိသားစုကို အကြောင်းကြား၊ အလောင်းပြန်မရ

ဟားခါးမြို့တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကိုတစ်လနီးပါးဖမ်းဆီးထိန်းသိမ်းပြီးနောက် သေဆုံးပြီဟု မိသားစုကို အကြောင်းကြား၊ အလောင်းပြန်မရ

0
By Editor on November 10, 2021 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အသက် ၂၄ နှစ်အရွယ် Pu Rual Cung ကို တစ်လနီးပါး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် သေဆုံးသွားပြီဟု မိသားစုဝင်များထံ အကြောင်းကြားကာ အလောင်းလည်းပြန်မပေးတော့ကြောင်း သိရသည်။

ဟားခါးမြို့မှ ၃ မိုင်ခန့်အကွာ နှီယာန်လောန်ထာရ်ရွာတွင်နေထိုင်သော Pu Rual Cung သည် ပြီးခဲ့သည့် အောက်တို ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့်နောက်ပိုင်း မိသားစုနှင့်လည်းအဆက်အသွယ်မရတော့ပဲ တစ်လနီးပါး အကြာ နိုဝင်ဘာလ ၉ ရက်နေ့တွင် သေဆုံးသွားပြီဟု စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု ဟားခါးမြို့မှ ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“သူတို့ရွာဘက်မှာ ပြီးခဲ့တဲ့လက CDF နဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာရှိတယ် အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ ရွာသားတွေအဖမ်းခံရတော့ သူလည်းပါသွားတယ်၊ သူ့အဖေဆီမှာ စစ်ကောင်စီတွေက ဖုန်းလှမ်းဆက်တော့ နင့်သား သေပြီ အလောင်းလည်းပြန်မရနိုင်ဘူးဆိုပြီးအကြောင်းကြာလာတာ” ဟု ၎င်းတို့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကလေး ၃ ယောက်ဖခင်ဖြစ်သည့် Pu Rual Cung သည် တောင်ယာခြံစိုက်ခင်းကိုသွားရာမှ စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်သည်ဟုသိရပြီး ဖမ်းဆီးချုပ်နှောင်ချိန်ကာလတွင်လည်း မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့်မရရှိခဲ့ပေ။

Pu Rual Cung ၏ အသုဘအစီစဉ်ကို ယမန်နေ့ညက အလောင်းမပါပဲ ဆုတောင်းခြင်းနှင့်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလတုန်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့မှ ဦးတလဲရ်လိန်းနှင့် ဦးခမ်းဘွေတို့နှစ်ဦးကို ဖမ်းဆီးကာ စစ်ဆေးရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးကာ မီးသဂြိုလ်လိုက်သည်ဟု မိသားစုများထံ အကြောင်းကြားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.