Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားတစ်ဦး ကျည်ထိသေဆုံး

ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုဖြစ်ပွား၊ အရပ်သားတစ်ဦး ကျည်ထိသေဆုံး

0
By Editor on September 13, 2024 Headline

(004SS)

ချင်းပြည်နယ်၊ မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ်ထဲအိပ်နေသော အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့မနက်အစောပိုင်း ၃ နာရီဝန်းကျင်တွင် ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်ရှိ ပြည်နယ်အစိုးရရုံးအနီးမှာ ပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီခန့်တွင် ပစ်ခတ်မှုရပ်သွားကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရုံးအနီးရှိ သက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် နေအိမ်ထဲအိပ်နေစဉ် ကျည်ဆံထိမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

“သေဆုံးတဲ့သူက အိပ်နေတဲ့ချိန် သေနတ်မှန်တာ ‌ခေါင်းတည့်တည့်မှာထိတယ်လို့ပြောတယ်၊ ကျွန်တော့်အမျိုးသမီးက အခု အသုဘသွားနေတာ” ဟု ဟားခါးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ချင်းဦးစီးရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်အနောက်ဘက်တွင်နေထိုင်သော အသက် ၆၀ ဝန်းကျင်အရွယ်ခန့်ရှိသည့် Pu Ngun Thio ဟု သိရသည်။

ဟားခါးမြို့ ရုန်းတောင်မှာ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ်တွင် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

“ဒီမနက်အစောကြီးပဲ ပစ်ကြတာ၊ သေနတ်သံ၊ ဒရုန်းသံတွေနဲ့ ဗုံးသံကတော့ ဆက်တိုက်ပဲကြားနေရတယ်၊ အရမ်းကျယ်တယ်၊ ကျွန်မတို့အိမ်တောင်တုန်တယ်၊ ဒါပေမဲ့ အခုထိသိရသလောက်တော့ နေအိမ်ကျည်ထိတာရှိတယ်၊ လုံးလုံး ပျက်ဆီးသွားတာတော့ မရှိဘူး” ဟု ဟားခါးမြို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းစုံအား သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လက်ရှိ ဟားခါးမြို့ပေါ်တွင် လမ်းသွားလမ်းလာနည်းပါးပြီး တိတ်ဆိတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.