Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ၄ ရက်မြောက်နေ့ဆန္ဒဖော်ထုတ်၊ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လာ

ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ၄ ရက်မြောက်နေ့ဆန္ဒဖော်ထုတ်၊ ဝန်ထမ်းအများအပြား ပူးပေါင်းပါဝင်လာ

0
By Editor on February 10, 2021 Headline

#Unicode

Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် မြန်မာ့တပ်မတော်မှ အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်ကြောင်း ၄ ရက်မြောက်အဖြစ် ယနေ့ညနေပိုင်း ၂ နာရီမှ စတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများမှလည်း ဝင်ရောက် ပူးပေါင်းပါဝင်ကာ လူဦးရေ ၁၀၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
“ကျနော်တို့ ပြည်နယ် ခရိုင် မြို့နယ်က ထွေအုပ်ဝန်ထမ်း ၁၂၄ဦးအနေနဲ့ CDM လှုပ်ရှားမှုကို ဒီနေ့စတင်ကြတယ်၊ ပြီးတော့ ခုလက်ရှိ ဆန္ဒထုတ်ဖော်ပွဲမှာလည်း ဝင်ရောက်ပူးပေါင်းတယ်၊ အဓိကတော့ စစ်အာဏာရှင်ကနေ မတရားသိမ်းပိုက်ထားတဲ့ စနစ်အောက်မှာ အလုပ်မလုပ်ချင်တော့ဘူး၊ ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရအောက်မှာဘဲ အလုပ်လုပ်ချင်တာ ကြောင့် ဒီအစီအစဉ်ကို စလုပ်ကြတာပါ” ဟု ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းတစ်ဦးကပြောသည်။
ယနေ့ ဟာခါးမြို့တွင် ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အင်ဂျင်နီယာများနှင့် အခြားဌာနဆိုင်ရာမှ ဝန်ထမ်းများအပါဝင် သင်းအုပ်ဆရာများ၊ ကျောင်းသားများ နှင့် ပြည်သူအများအပြား ပါဝင် ဆင်နွှဲကြကြောင်း သိရသည်။
ဟားခါးမြို့တွင် ပြုလုပ်နေသည့် ဆန္ဒပြသူများအား အားပေးသည့်အနေဖြင့် ပြည်သူများမှ လမ်းဘေးမှ ရပ်ကာ အာဏာရှင်ဆန့်ကျင်သည့် သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ခြင်း လက်ခုပ်တီးခြင်းအပြင် ဈေးဆိုင်ခန်းများ ပိတ်ထားခြင်းများဖြင့် အားပေးခဲ့ကြကြောင်းသိရသည်။
#Zawgyi

Benezer – ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕တြင္ ျမန္မာ့တပ္မေတာ္မွ အာဏာသိမ္းမႈအား ဆန႔္က်င္ကန႔္ကြက္ေၾကာင္း ၄ ရက္ေျမာက္အျဖစ္ ယေန႔ညေနပိုင္း ၂ နာရီမွ စတင္ကာ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ဌာနဆိုင္ရာေပါင္းစုံမွ ဝန္ထမ္းမ်ားမွလည္း ဝင္ေရာက္ ပူးေပါင္းပါဝင္ကာ လူဦးေရ ၁၀၀၀၀ ဝန္းက်င္ခန႔္ရွိေၾကာင္း သိရသည္။

“က်ေနာ္တို႔ ျပည္နယ္ ခရိုင္ ၿမိဳ႕နယ္က ေထြအုပ္ဝန္ထမ္း ၁၂၄ဦးအေနနဲ႔ CDM လႈပ္ရွားမႈကို ဒီေန႔စတင္ၾကတယ္၊ ၿပီးေတာ့ ခုလက္ရွိ ဆႏၵထုတ္ေဖာ္ပြဲမွာလည္း ဝင္ေရာက္ပူးေပါင္းတယ္၊ အဓိကေတာ့ စစ္အာဏာရွင္ကေန မတရားသိမ္းပိုက္ထားတဲ့ စနစ္ေအာက္မွာ အလုပ္မလုပ္ခ်င္ေတာ့ဘူး၊ ျပည္သူလူထုက ေရြးခ်ယ္ထားတဲ့ အစိုးရေအာက္မွာဘဲ အလုပ္လုပ္ခ်င္တာ ေၾကာင့္ ဒီအစီအစဥ္ကို စလုပ္ၾကတာပါ” ဟု ဟားခါးခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးမွ ဝန္ထမ္းတစ္ဦးကေျပာသည္။

ယေန႔ ဟာခါးၿမိဳ႕တြင္ ျပဳလုပ္သည့္ ဆႏၵထုတ္ေဖာ္ပြဲတြင္ ပညာေရး၊ က်န္းမာေရး၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အင္ဂ်င္နီယာမ်ားႏွင့္ အျခားဌာနဆိုင္ရာမွ ဝန္ထမ္းမ်ားအပါဝင္ သင္းအုပ္ဆရာမ်ား၊ ေက်ာင္းသားမ်ား ႏွင့္ ျပည္သူအမ်ားအျပား ပါဝင္ ဆင္ႏႊဲၾကေၾကာင္း သိရသည္။

ဟားခါးၿမိဳ႕တြင္ ျပဳလုပ္ေနသည့္ ဆႏၵျပသူမ်ားအား အားေပးသည့္အေနျဖင့္ ျပည္သူမ်ားမွ လမ္းေဘးမွ ရပ္ကာ အာဏာရွင္ဆန႔္က်င္သည့္ သေကၤတျဖစ္သည့္ လက္သုံးေခ်ာင္းေထာင္ျခင္း လက္ခုပ္တီးျခင္းအျပင္ ေဈးဆိုင္ခန္းမ်ား ပိတ္ထားျခင္းမ်ားျဖင့္ အားေပးခဲ့ၾကေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.