Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် ရွေးကောက်ပွဲအတွက် ဝန်ထမ်းနှင့် စစ်ရှောင်များကို ကြိုတင်မဲပေးခိုင်း

ဟားခါးမြို့တွင် ရွေးကောက်ပွဲအတွက် ဝန်ထမ်းနှင့် စစ်ရှောင်များကို ကြိုတင်မဲပေးခိုင်း

0
By Editor on December 4, 2025 Headline

(004SS)

စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းကို ဟားခါးမြို့ပေါ် တွင် စတင်ဆောင်ရွက်နေပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များအပြင် စစ်ဘေးရှောင်အချို့အား ကြိုတင်မဲပေးခိုင်နေကြောင်း သိရသည်။

အဆိုပါ ကြိုတင်မဲပေးမှုများကို ဟားခါးမြို့ရှိ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးနှင့် စျေးသစ် ရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဌာန (MCH) တို့တွင် ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံအမျိုးသားတစ်ဦး၏ ပြောဆိုချက်အရ လဝကရုံးတွင် ကြိုတင်မဲပေးခြင်းကို တစ်ပါတ်ခန့် ကြာမြင့်ပြီဖြစ်ပြီး MCH ရုံးတွင်မူ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်၍ ကြိုတင်မဲ ပေးခဲ့ကြသည်ဟု သိရသည်။

“စပေးတဲ့ရက် အတိအကျတော့ မသိပေမဲ့ ကျွန်တော်သိရသလောက်တော့ သူတို့ ဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေ နောက် စစ်ဘေးရှောင်တစ်ချို့တွေကတော့ ကြိုတင်မဲ ပေးတယ်လို့ သိရတယ်။ သိရသလောက်ကတော့ ဟားခါးမြို့မှာ လဝကရုံးနဲ့ MCH မှာ ပေးတယ် လို့သိရတယ်။ လဝကမှာ ကြိုတင်မဲပေးတာကတော့ တစ်ပါတ်လောက်ရှိပြီ။ MCH မှာကျတော့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပေးတာပါ” ဟု ၎င်းကပြောသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမယ့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပိုင်း ၁ မှာ ဟားခါး နှင့် တီးတိန်မြို့တို့ပါဝင်ပြီး လာမည့်ဇန်နဝါရီလထဲကျင်းပမယ့် အပိုင်း ၂ မှတော့ ဖလမ်း၊ တွန်းဇံနှင့် ထန်တလန်မြို့တို့ပါဝင်သည်။

ချင်းပြည်တောင်ပိုင်းဒေသများဖြစ်သော ပလက်ဝ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင်အားစုများက ဆန့်ကျင်ကန့်ကွက်ထားကြပြီး ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ခြင်းမပြုကြရန် အသိပေးထုတ်ပြန်ထားကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ချင်းတပ်ဖွဲ့များအပါအဝင် ၁၉ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းကြောင်း ကြေညာ

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ဖလမ်းမြို့အနီး တိုက်ပွဲပြင်းထန်နေရာ စစ်ကော်မရှင်တပ် ထိခိုက်ကျဆုံးမှု များပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.