Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

ဟားခါးမြို့တွင် အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

0
By Editor on September 20, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် ချင်းအမျိူးသမီးငယ် Mercy Ngun Tha Cin ကို စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ နံနက်ပိုင်း ၉ နာရီခန့်က PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

Mercy Ngun Tha Cin သည် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အများပြည်သူများ ထိတ်လန့်စေရန်နှင့် ရပ်ရွာအေးချမ်းသာယာမှုပျက်ပြားစေရန် မဟုတ်မမှန်သတင်းများအား ရေးသားဖြန့်ဝေခဲ့ပြီး PDF များအား ထောက်ပံ့ခဲ့သော စာသားများ လုံခြုံရေးအဖွဲ့များမှ စစ်ဆေးတွေ့ရှိသဖြင့် ၎င်းပိုင်ဆိုင်သော Cengkerh Collection ချင်းရိုးရာအထည်ဆိုင်တွင် ရောက်ရှိစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် Fifty Two News တွင် ဖော်ပြထားသည်။

Mercy Ngun Tha Cin သည် ချင်းအဆိုတော်တစ်ဦးဖြစ်ပြီး အသင်းတော်ပိုင်းတွင်လည်း တက်တက်ကြွကြွလှုပ်ရှားနေသည့် လူငယ်တစ်ဦးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ၎င်းအား PDF နှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲမှုသည် စစ်ကောင်စီအနေဖြင့် ယခင်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြံအမှုဆင်ဖန်တီးခြင်းသာဖြစ်နိုင်ပြီး ဟားခါးမြို့တွင် ယခုကဲ့သို့ အဖမ်းခံရသူအမြောက်အများရှိနေပြီဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာ အဲလိုမျိူးစွပ်စွဲပြီး ဖမ်းခံရသူတွေ တော်တော်များများနေပြီ အခုအကျဉ်းထောင်ထဲမှာ မိန်းကလေးကော ယောကျာ်းလေးကော တော်တော်လူများတယ် အဖမ်းခံရတဲ့တော်တော်များများက ကျနော်သိသလောက်ဆိုရင် လုံးဝကို အဖမ်းမခံသင့်တဲ့သူတွေပေါ့နော် လုံးဝမဟုတ်ဘဲနဲ့အဖမ်းခံတဲ့သူတွေတော်တော်များတယ်” ဟု ဟားခါးမြို့ခံကပြောသည်။

ချင်းပြည်နယ်၏ မြို့တော်ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် လုံးဆုံလမ်းခွများတွင် နေ့စဉ်နေ့တိုင်း လုံခြုံရေးစစ်ဆေးမှုများ တင်းတင်းကြပ်ကြပ်ပြုလုပ်လေ့ရှိပြီး လမ်းသွားလမ်းလာများအား ရပ်တန့်စေ၍ ဆိုင်ကယ်၊ လက်ကိုင်ဖုန်းများ ကို စစ်ဆေးကာ မသင်္ကာသူများအား ဖမ်းဆီးခေါ်ဆောင်လေ့ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ်ကလည်း ထိုကဲ့သို့အဖမ်းခံရသူ အမြောက်အများရှိခဲ့ပြီး ဟားခါးအကျဉ်းထောင်ထဲတွင်လည်း ပြည့်ကြပ်နေပြီဟု စုံစမ်းသိရှိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.