Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ဟားခါးမြို့တွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

0
By Editor on March 8, 2024 Khonumthung

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင်စစ်ဆေးရေးဂိတ်အနီးတွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာသား ဟားခါးမြို့တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးလွှန်မှုန်းဟုသိရပြီး ၎င်းသည် မတ်လ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအခြေစိုက်ရာ ရုန်းတောင်ဘက်ကို ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဓာတ်ဆီဆိုင်အနီးမှာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ဟားခါးမြိုခံတဦးက “သူက ၂၆၆ တပ်ဖက်မှာ အသွားအလာလုပ်တဲ့အခါကျတော့ အပစ်ခံရတာ၊ သူ့ အလောင်းတောင် အခုထိ ဆေးရုံမှာ ထုတ်လို့မရသေးဘူး။ အဲ့ဖက်က စစ်တပ်ဂိတ် ဖက်ဆိုတော့ ဒီမှာက ည (၆) နာရီနောက်ပိုင်းအပြင် မထွက်ရဘူးလေ ထွက်ရင်တော့ ဖမ်းတာ၊ ပစ်တာတို့လုပ်တယ်” ဟု ပြောသည်။

ဦးလွှန်မှုန်းသည် ဟားခါးမြို့မြေစာရင်းရုံးမှ အစိုးရ ဝန်ထမ်းဟောင်းတဦးဖြစ်သည်ဟု သိရသည်။

လက်ရှိမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းကင်းလှည့်ခြင်း၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးရေးများ ပြုလုပ်နေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.