Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့မှာ စစ်ကောင်စီက ဆိုင်ခန်းများပိတ်ခိုင်းပြီး ဘုရားကျောင်းထဲ လူ ၅ ဦးထက်ပိုမစုရအမိန့် ထုတ်ပြန်

ဟားခါးမြို့မှာ စစ်ကောင်စီက ဆိုင်ခန်းများပိတ်ခိုင်းပြီး ဘုရားကျောင်းထဲ လူ ၅ ဦးထက်ပိုမစုရအမိန့် ထုတ်ပြန်

0
By Editor on April 22, 2024 Headline

(002MG)

ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံး ဖွင့်လှစ်ခြင်းမရှိရန်နှင့် ဘုရားကျောင်း များတွင် လူ ၅ ဦးနှင့်အထက်ပိုမစုရအမိန့်ကို ယနေ့ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီကထုတ်ပြန်ထားသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းထားပြီး ဘုရားကျောင်းထဲမှာလည်း လူ ၅ ဦးနှင့်အထက်ပိုမစုရ အမိန့်ကို ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများ၏ VIP ယာဉ်တန်းကို CDF တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိနေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားကျောင်းများအား အကာအကွယ်ယူ ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့် ဟုဆိုကာ ထိုကဲ့သို့အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ဟားခါးမြို့ခံတဦးဆရာတော်တပါးက ”ဒီနေ့မနက်မှာ လော်စပီကာနဲ့အော်တယ်၊မြို့သစ်တခုပဲမဟုတ်ဘူး၊ ဈေးသစ်ထဲက နေအိမ်တချို့လည်းပါတယ်။ (၂) လပိတ်ခိုင်းတယ်၊ မပိတ်ရင်ဆိုင်တွေရော အိမ်တွေရော ချိတ်ပိတ် မယ်လို့ပြောတယ်။ လူကတော့ သွားလာလို့ရပါတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဈေးဆိုင်ခန်းများပိတ်ခိုင်းသည့်အပြင် ဘုရားကျောင်းအတွင်း လူ ၅ ဦးနှင့်အထက်ပိုမစုရဟု အမိန့်ထုတ်ပြန် ခြင်းကြောင့် ဝတ်ပြုကိုယ်းကွယ်မှုမှာ အဟန့်အတားဖြစ်လာစေနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

“ဝတ်ပြုရေး ဘယ်လိုလာမလဲ မသိရသေးဘူး စိတ်ထဲမှာ စိုးရိမ်နေရတယ်၊ အခုလိုလုပ်ရခြင်းက ဟိုဖက်ကလက်နက် ကိုင်အဖွဲ့တွေ စိတ်ကိုစွသလိုဖြစ်သွားနိုင်တယ် အဲ့ဒါကြောင့် စိတ်ထိတ်လန့်လန့်နဲ့နေနေရပါတယ်” ဟု ဟားခါးမြို့ခံ ဆရာတော်တစ်ပါးကပြောသည်။

စစ်ကောင်စီ၏ အဆိုပါအမိန့်ထုတ်ပြန်ချက်သည် လာမည့်ဇွန်လ ၂၀ နေ့အထိ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန် မချင်း အတည်ဖြစ်သည်ဟု သိရသည်။

မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များ ကာလကြာရှည်ပိတ်ပင်မည်ဆိုပါက ပြည်သူများအနေဖြင့် အခက်အခဲဖြစ် လာစေ နိုင်ပြီး ဆိုင်းခန်းငှါးရမ်းခ၊ သိုလောင်ထားသော ကုန်ပစ္စည်းများ ပျက်စီးလာမည်ကို စိုးရိမ်နေကြရသည်ဟု သိရသည်။

ဟားခါးမြို့ ၊မြို့သစ်ရပ်ကွက်သည် ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်းများ ဖွင့်လှစ်ရောင်းချကာ စည်းကားသည့် ရပ်ကွက်တခုဖြစ်သည်ဟု သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha သည် ဟားခါးမြို့တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ပြီးခဲ့သည့်ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီခန့်ဝန်ကြီးများစီးလာသော ယာဉ်တန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာမှာ လူမှုရေးနှင့်စီးပွားရေးဝန်ကြီးအပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.