(004SS)
ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် အောက်တိုဘာလ ၈ ရက်နေ့တွင် CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
လက်နက်အပြည့်ဖြင့် အလင်းဝင်ရောက်လာသူ ရဲတပ်သားကို နွေးထွေးစွာကြိုဆိုလက်ခံ၍ ဆုငွေချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုသည့် မည်သူမဆို CDF-Hakha တပ်ဖွဲ့အား အချိန်မရွေးဆက်သွယ်နိုင်ပြီး ဘေးကင်းလုံခြုံသည့်နေရာသို့ ရောက်ရှိသည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က ဖိတ်ခေါ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလထဲမှာ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဒု-ရဲအုပ်အပါအဝင် ရဲတပ်သား ၄ ဦး လက်နက်နှင့်အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့ကြသည်။