|| စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေ၊ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းမိ
ချင်းပြည်နယ် ဟားခါးမြို့ အနီး Kiamtlang မှာ အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေဆုံးကာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းမိထားသည်ဟု သိရသည်။
ဟားခါးမြို့အစွန် ဟားခါး-သီမြစ်ကြားတွင်ရှိသော Kiamtlang တွင် တပ်စွဲထားကြသော စစ်ကောင်စီတပ်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေဆုံးပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် သေနတ် ၉ လက်အပါအဝင် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိထားသည်ဟု သိရသည်။