Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲ၊ အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲ၊ အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

0
By Editor on December 10, 2024 Khonumthung

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး ချွန်ကျုံးရွာကို စစ်ကောင်စီက ယနေ့မနက်ပိုင်း ၂ နာရီခန့်မှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်တွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ချွန်ကျုံးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိသားစုဝင် ၄ ယောက်သေဆုံးကာ ၉ ယောက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ Pu Ram Cung (၆၆ နှစ်)၊ ဇနီးဖြစ်သူ Pi Tial Pum (၆၅ နှစ်) ၊ သမီးဖြစ်သူ Pi Sui Len (၄၇ နှစ်) နှင့် Mai Biak Tha Tin Cuai (၁၃ နှစ်) တို့ဖြစ်သည်ဟု VOC ချင်းသတင်းဌာနက ဖော်ပြသည်။

ထို့အပြင် နေအိမ် ၂ လုံး ပျက်စီးသွားပြီး အရပ်သားပြည်သူ ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချွန်ကျုံးကျေးရွာသည် ဟားခါးမြို့မရောက်ခင် ၁၀ မိုင်ခန့်အကွာ ဖလမ်း-ဟားခါး လမ်းမပေါ်တွင်တည်ရှိသော ကျေးရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.