Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့အနီး Kiamtlang စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ

ဟားခါးမြို့အနီး Kiamtlang စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး၊ ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိ

0
By Editor on October 30, 2024 Headline

(004SS)

Operation Rung အမည်ဖြင့်ဖော်ဆောင်သော ဟားခါးမြို့အနီး Kiamtlang စစ်တပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ကိုလည်း သိမ်းဆည်းရ‌မိကြောင်း CDF-Hakha က ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့အနီး ဟားခါး- ထန်တလန်လမ်းမရှိ Kiamtlang စစ်‌ကောင်စီတပ်စခန်းကို Chinland Defense Force – Hakha နှင့် Chin National Army တို့က ရုန်းစစ်ဆင်ရေးအမည်ဖြင့် အောက်တိုဘာလ ၂၈ ရက်နေ့က ပူးပေါင်းတိုက်ပွဲဖော်ဆောင်၍ သိမ်းပိုက်ခဲ့ကြသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူးအပါအဝင် ၄ ဦး အရှင်ဖမ်းမိခဲ့ကာ MA1 ၅ လက်၊ MA2 ၁ လက်၊ MA3 ၂ လက်၊ MA11 ၁ လက်၊ ကျည်‌ဘောက် ၄၂ခု၊ မိုင်းနှင့် ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း CDF-Hakha ကထုတ်ပြန်သည်။

CDF-Hakha အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ‌‌နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး အတွက် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ဆက်လက် တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူ လူထုများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်‌‌ပေးပါရန်လည်း မေတ္တာရပ်ခံထားသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲဝန်းကျင်မှာလည်း ဟားခါးမြို့ပြင်ရှိ Rual U သင်ချိုင်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်‌မှုကြောင့် ဆုပ်ခွါသွားကြသည်ဟု သိရသည်။

ထိုပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်က ဟားခါးမြို့ ရုန်းတောင်မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သောကြောင့် ဟားခါးမြို့ မြို့သစ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲကာ ဆယ်ကျော်သက်အရွယ်အပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးကျည်ဆထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.