Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသားပြတ်လပ်၊ Non-CDM ဝန်ထမ်းများကို လစာပေးရန် အခက်ခဲဖြစ်နေ

ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသားပြတ်လပ်၊ Non-CDM ဝန်ထမ်းများကို လစာပေးရန် အခက်ခဲဖြစ်နေ

0
By Editor on August 29, 2024 Headline

(004 SS)

ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့က မြန်မာ့စီးပွားရေးဘဏ်တွင် ငွေသားပြတ်လပ်မှုကြောင့် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကိုလည်း လစာပုံမှန် မထုတ်ပေးနိုင်တော့ဘူးဟု စုံစမ်းသိရှိရသည်။

ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ငွေသားများလာမပို့နိုင်တော့သည့်အတွက် ဘဏ်လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရန် ငွေသားမလုံလောက်မှုဖြစ်နေသည်ဟု ဘဏ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

“ငွေသွင်းတာကတော့ ဌာနဆိုင်ရာတွေမသွင်းလို့မရတဲ့ အခွန်ဘာညာတော့သွင်းကြတယ်၊ ပြည်သူလူထုကတော့ ငွေစုစာအုပ် ဘာညာကအစ မသွင်းကြတော့ဘူး။ ပြီးတော့ ငွေလည်းထုတ်မပေးတော့ဘူး အခုက ဟတ်စကီးလည်း မလာရဲတော့ ပိုက်ဆံ မပို့နိုင်တော့ဘူးလေ၊ ဒါကြောင့်အခု ဘဏ်မှာ ပိုက်ဆံမရှိတော့ဘူး” ဟု ဘဏ်နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဟားခါးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် မည်သူ့ကိုမှ ငွေသားထုတ်ပေးနိုင်ခြင်းမရှိတော့ဘူးဟု ကြားသိရပြီး မဖြစ်မနေထုတ်ပေးရမည့် ပင်စင်လစာများထုတ်ပေးရန်ပင် အခက်အခဲရှိနေသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် စစ်ကောင်စီသည် ကုန်းလမ်းဖြင့်မလာရဲတော့ဘဲ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဝန်ထမ်းလစာအတွက် လေယာဉ် (သို့မဟုတ်) ရဟတ်ယာဉ်များဖြင့်သာ ပို့လာလေ့ရှိသည်။

စစ်ကောင်စီသည် ကလေးမြို့မြန်မာ့စီးပွားရေးဘဏ်အထိသာ ငွေကြေးများပို့ပေးနိုင်ပြီး ဟားခါးမြို့အထိ လာမပို့သည်မှာ ကြာနေပြီဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့အခြေအနေကြောင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ချင်းပြည်နယ်က Non-CDM ဝန်ထမ်းများသည်လည်း အချိန်မီ လစာပုံမှန်ရရှိနိုင်ခြင်းမရှိတော့ဘဲ အဆင်ပြေသလိုသာ ခွဲပြီးပေးနေရသည်ဟု သိရသည်။

“ပြီးခဲ့တဲ့လ ဇူလိုင်တုန်းကတော့ လကုန်မှာမရလိုက်ဘူး၊ နောက်အပတ်မှာ တစ်ဝက်ထုတ်ပေးတယ်၊ ပြီးတော့ ဒီလ ပြီးခဲ့တဲ့ တစ်ပတ်က တစ်ဝက် အဲလိုထုတ်ပေးတာ၊ ဟိုတစ်ခေါက်က လေယာဉ်တစ်ခါလာဆင်းသေးတယ်လေ အဲတုန်းက သယ်လာ တာဖြစ်မယ်” ဟု လက်ရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးက ပြောသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ မင်းတပ်၊ တီးတိန် နှင့် ခိုင်ကမ်း စသည့် မြို့ ၅ မြို့မှာသာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးလည်ပတ်နိုင်တော့သည့်အခြေအနေတွင်ရှိနေသည်။

ဟားခါးမြို့အပြင် တီးတိန်မြို့က အစိုးရဝန်ထမ်းများသည် မေလအထိသာ လစာရကြပြီး၊ ဖလမ်းမြို့ကဝန်ထမ်းများမှာလည်း ဇွန်လအထိသာ လစာရရှိကြသေးကြောင်း သိရသည်။

ထို့အပြင် အစိုးရဝန်ထမ်းအချင်းချင်းတွင်လည်း ဌာနတစ်ခုနှင့်တစ်ခု လစာရရှိသည့် အခြေအနေခြင်းမတူကြပဲ အများစုမှာ လစာပုံမှန်မရကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.