Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမှာ ပြည်သူကို ခြိမ်းခြောက် ငွေညှစ်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီး

ဟားခါးမှာ ပြည်သူကို ခြိမ်းခြောက် ငွေညှစ်နေသော စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီး

0
By Editor on April 22, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသခံပြည်သူများကို ခြိမ်းခြောက်၍ ငွေညှစ်နေသော စစ်ကောင်စီ ရဲတပ်သား ၂ ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း CDF ဟားခါးက ယနေ့ ဧပြီလ ၂၂ ရက်မှာ ထုတ်ပြန်သည်။

ဧပြီလ ၂၁ ရက်က ပြည်သူများကို လက်နက်အားကိုးပြီး ခြိမ်းခြောက်၍ ငွေညှစ်နေသောကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်ဟု CDF ဟားခါးက ဆိုသည်။

ဖမ်းဆီးရမိသူများထံမှ ပစ္စတို ၁ လက်နှင့် ခဲယမ်းတချို့၊ ဖုန်း ၇ လုံး၊ ငွေကြေးတချို့နှင့် စားသောက်ကုန်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

CDF – ဟားခါးထံသို့ ရဲတပ်သား ၂ ဦးကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

ပြည်သူများကို ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီအဖွဲ့ဝင်များကို ဆက်လက်၍ လိုက်လံ အရေးယူသွားမည်ဖြစ်ကြောင်း CDF – ဟားခါးက ထုတ်ပြန်သည်။

တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ဟားခါးသည် ဟားခါးမြို့တွင် စစ်ဆင်ရေးကို ၁၅၀ ကြိမ် ဆင်နွှဲထားပြီး ဟားခါးမြို့ နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းကို ၁၇ ကြိမ် တိုက်ခိုက်ထားကြောင်း သိရသည်။

CDF – ဟားခါး ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ၂၀၂၅ ခုနှစ်တွင် ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.