Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမှာ လျှပ်စစ်မီးပြတ်တောက်မှု ၁၀ ရက်ကျော်ရှိပြီ၊ ထင်း၊ မီးသွေး ဈေးခုန်တက်

ဟားခါးမှာ လျှပ်စစ်မီးပြတ်တောက်မှု ၁၀ ရက်ကျော်ရှိပြီ၊ ထင်း၊ မီးသွေး ဈေးခုန်တက်

0
By Editor on November 2, 2022 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အောက်တိုလာ ၂၁ ရက်မှစပြီး ယနေ့အထိ ၁၀ ရက်ကျော်ကြာ လျှပ်စစ်မီးပျက်နေတာကြောင့် အများစုမှာ ထင်း၊ မီးသွေးများဝယ်သုံးနေရသလို ဈေးနှုန်းလည်း ခုန်တက်နေပြီး လိုသလောက်လည်း ဝယ်မရဘူးလို့ သိရပါတယ်။

ဟားခါးမှာ ပုံမှန်အချိန်တွေမှာ မဟာဓါတ်အားလိုင်းရတာ‌ကြောင့် လျှပ်စစ်မီးနဲ့သာ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေနေခဲ့ပေမဲ့ ယခုမှာ ဟားခါးကနေ ရှစ်မိုင်ဝန်းကျင်ကွာဝေးတဲ့ နီပီးရွာအနီးမှာ လျှပ်စစ်ဓာတ်တာဝါတိုင်ပြိုကျမှု ဖြစ်ပွားပြီးနောက် လျှပ်စစ်မီးပျက်သွားရာကနေ ယနေ့ချိန်ထိ လျှပ်စစ်မီးပြန်မရနိုင်သေးတာဖြစ်ပါတယ်။

ထို့ကြောင့် လျှပ်စစ်မီးအစား ထင်းများ၊ မီးသွေးခဲများ စတင်အသုံးပြုလာကြတာဖြစ်တယ်လို့ သိရပါတယ်။

“အခု မီပျက်တော့ တော်တော်လေး ဒုက္ခရောက်ကြတယ်။ မီးပျက်တဲ့ နောက်ပိုင်း မိးသွေးတေလဲ အကုန်ဈေးတက်နေတာ တစ်ချို့နေရာဆို တစ်အိပ်ကို နှစ်သောင်းခွဲလောက် ရောက်နေတာ။ လက်ကျန်တေဆိုရင်တော့ တစ်သောင်းရှ စ်ထောင်လောက်နဲ့တော့ ရသေးတယ်။ ဂက်စ်ကလဲ အချို့ဆိုရင် သိပ်မရှိကြတော့ဘူး။ ဂက်စ်ကုန်သွားတဲ့ လူဆိုရင်လဲ ဟားခါးမှာ ဖြည့်ဖို့ကလည်း မရှိတော့ဘူးလို့ ပြောတယ်။ အဲတာကြောင့် အခုဆိုရင် ထင်းပဲ သုံးလာကြတော့တာ။ မီးသွေးရှိတဲ့သူကလည်း မီးသွေးပေါ့။” လို့ သူကပြောပါတယ်။

အခုလို ဟားခါးမှာ နှစ်ပါတ်နီးပါး လျှပ်စစ်မီးမရတာကြောင့် လျှပ်စစ်မီးသာ အဓိကအသုံးပြုတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူတွေပါ လုပ်ငန်းလည်ပတ်နိုင်ဖို့ ခက်ခဲတယ်လို့လည်း သိရပါတယ်။

ဟားခါးမြို့ရှိ စားသောက်ဆိုင်တွေဟာလည်း လျှပ်စစ်မီးနဲ့ မီးသွေးသာ အဓိက အသုံးပြုကြတာဖြစ်ပြီးတော့ လျှပ်စစ်မီးမရတာအပြင် မီးသွေးဈေးမှာလည်း အဆမတန်မြင့်တက်ပြီး လိုအပ်သလောက် ဝယ်ယူလို့ မရတာကြောင့် အခက်အခဲတွေကြုံနေရပါတယ်။

အလားတူ လျှပ်စစ်မီးသာ အဓိက အသုံးရတဲ့ အလှပြင်ဆိုင်တွေမှာလည်း လုပ်ငန်းလည်ပါတ်နိုင်ဖို့ ခက်ခဲလာပြီး ဖောက်သည်များထံမှ ပုံမှန်ဈေးနှုန်းထက် ထပ်တောင်းနေရတယ်လို့ အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဆိုင်က အလှပြင်ဆိုင်ဆိုတော့ မီးပဲအားကူးပြီးတော့ လုပ်နေတယ်လေ။ အဲတာကြောင့် အခုဆိုင်က အလုပ်လုပ်လို့လဲ မရတော့ဘူး။ အလုပ်ကလည်း ဒီတိုင်းဆိုင်ပိတ်ပြီးတော့ နေလို့လဲ အဆင်မပြေဘူး။ မီးစက်ပဲ သုံးနေရတယ်။ အခု မီးစက် သုံးတာလဲ ဆီဈေးနဲ့ မကိုက်ပြန်ဘူး။ ဆီက တစ်ပါတ်ကို လေးသောင်းဖိုးတောင် မလောက်ဘူး၊ ဒါတောင် အချိန်ပြ့ည့်မဖွင့်ဘူး လိုတဲ့ချိန်ကျမှ ခဏဖွင့် အဲလိုပဲလုပ်တာ။ အခုနောက်ပိုင်း အရင်က ငါးထောင်ကျတဲ့ဟာကို အခု ဆီဖိုး တစ်ထောင်လောက် ထပ်တောင်းရတာပေါ့။ အားတော့နာတယ် ဒါပေမဲ့ ကျွန်တော်တို့အတွက်လဲ သိပ်အဆင်မပြေလို့လေ။” လို့ သူက ပြောပါတယ်။

အခုလက်ရှိ ဟားခါးမြို့မှာ လျှပ်စစ်မီးအစား အသုံးပြုနိုင်သည့် ထင်း၊ မီးသွေး၊ ဖယောင်းတိုင်ကအစ နေရောင်ခြည် ဆိုလာပြားတွေ အဆမတန်ဈေးမြင့်တက်နေတဲ့အပြင် ဝယ်ယူရဖို့လည်း အလုံအလောက်မရှိဘူးလို့ သိရပါတယ်။

အခုလို မီးပျက်တာဟာ လွန်ခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှစပြီး ဟားခါးကနေ ရှစ်မိုင်ဝန်းကျင်ကွာဝေးတဲ့ နီပီးရွာအနီးမှာ လျှပ်စစ်ဓာတ်တာဝါတိုင်ပြိုကျတာကို ပြန်လည်ပြင်ဆင်ဖို့ လျှပ်စစ်ကျွမ်းကျင်များအား စောင့်ဆိုင်းနေရတာကြောင့် ကြန့်ကြာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.