Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမှာ Mi- 17 စစ်ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ဟု CDF – ဟားခါး ထုတ်ပြန်

ဟားခါးမှာ Mi- 17 စစ်ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ဟု CDF – ဟားခါး ထုတ်ပြန်

0
By Editor on November 13, 2024 Headline

|| လေးလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်ခဲ့ပြီး ၅၀ ကျော် သေဆုံး

(006SV)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်ကောင်စီနှင့် CDF – ဟားခါးတို့ကြားက တိုက်ပွဲ ၄ လအတွင်း စစ်ရဟတ်ယာဉ် ၁ စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း CDF – ဟားခါးထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင် ၁၂ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ ၄ လအတွင်း ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှု များနှင့် ပတ်သက်၍ CDF – ဟားခါးက ယမန်နေ့က ထုတ်ပြန်ရာတွင် အသိပေးလာခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းတွင် ဟားခါးမြို့မှ အပြန် ကလေးမြို့ဘက်အဆင်းတွင် Mi – 17 ရဟတ်ယာဉ်အမြီးပိုင်းကို ပျက်စီးသည်အထိ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF – ဟားခါးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့ ပစ်ခတ်တာတော့ ကလေးနဲ့ ဟားခါးကြားမှာပါ။ ဟားခါးဘက်မှာ ရဟတ်ယာဉ်စောင့်တဲ့ ကျနော်တို့အဖွဲ့တွေ ရှိတယ်။ စစ်မှူးထမ်းကိစ္စနဲ့ လာတော့မယ်လို့ သတင်းကြားပြီးတော့ ကျနော်တို့ တပ်ဖွဲ့တွေ ၃ ပတ်လုံးလုံး ရဟတ်ယာဉ် စောင့်ထားတာရှိ တယ်။ အဲဒီ ၁၀ လပိုင်း ၁၀ ရက် မနက်ပိုင်းကတော့ ကျနော်တို့ ပစ်တုန်းက ထိခိုက်တာ ဖုန်းနဲ့ မှတ်တမ်းရိုက်ထားတာတွေ ရှိတယ်” ဟု CDF – ဟားခါးတာဝန်ရှိသူက ပြောသည်။

ယင်းရဟတ်ယာဉ်သည် အမြီးပိုင်းထိသွားပြီး စက်နှိုး၍ မရသောကြောင့် ပြန်လည်း မပြန်နိုင်တော့ကြောင်း နယ်ခံသတင်းရင်း မြစ်များထံမှ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၆ ဦးကို အရှင်ဖမ်းဆိးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး စုစုပေါင်း ၁၇ ဦးတို့သည် CDF – ဟားခါးထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း CDF ဟားခါးထံမှ သိရသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်း ၄၃ လက် သိမ်းဆည်းရရှိခဲ့ပြီး CDM ပြုလုပ်လားသည့် တပ်ဖွဲ့ဝင်များထံမှ သေနတ် ၉ လက် ရရှိခဲ့သောကြောင့် ၆၀ မမ၊ MA 15 နှင့် M79 အပါအဝင် လက်နက်ခဲယမ်းပေါင်း ၅၂ ခု ရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖော်တာ အများကြီးရှိတယ်။ တိုက်ပွဲ တခါလုပ်တာနဲ့ စစ်ကောင်စီဘက်က တစ်ယောက်ကျ တာလည်းရှိတယ်၊ ဒီလေးလ ပိုင်းအတွင်း CDM ဆီကနေ ဖြစ်ဖြစ်၊ စခန်းသိမ်းတုန်းက ဖြစ်ဖြစ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ၊ စကစဘက်က ကျဆုံးတာ တွေ ကျနော်တို့ စုပြီးတော့ အတိအကျအတည်ပြုပြီး ထုတ်ပြန်တာဖြစ်တယ်” ဟု CDF – ဟားခါးတာဝန်ရှိသူက ပြောသည်။

ထန်တလန်မြို့တွင် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေမှုအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူ မသွားနိုင်ရန် ဟားခါး – ထန်တလန်ကြားကို ရက်ပေါင်း ၈၂ ရက်အထိ တားဆီး ပိတ်ပင်နိုင်ခဲ့ကြောင်း CDF – ဟားခါးက ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၈ ရက်ကလည်း ဟားခါးမြို့အနီးက ဟားခါး- ထန်တလန်လက်ရှိ Kiamtlang စစ်စခန်းကို CNA နှင့် CDF – ဟားခါးတို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ဗိုလ်မှူးအပါအဝင် ၄ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောာင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.