Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်

ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ်

0
By Editor on September 11, 2019 Headline

By လားနွန် – ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ် ရောက်ရှိနေပြီဖြစ်သော်လည်း စိုက်ထူမည့်နေရာအတည်တကျမရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

“နေရာကတော့ ရှာတုန်းပါပဲ၊ နေရာအတည်တကျမရသေးဘူး၊ နှစ်နေရာ သုံးနေရာလောက်တော့ လွတ်တဲ့နေရာကို စီစဉ်ထားတယ်၊ ဒါပေမဲ့ ဘာမှအတည်ပြုမပြောနိုင်သေးဘူး၊ ဗိုလ်ချုပ်ကြေးရုပ်က အရင်ကစိုက်ထူပြီးသားလေ၊ အရင်က စည်ပင်ဧရိယာအတွင်းမှာ စိုက်ထူပြီးသားဖြစ်တယ်၊ အရင်က စိုက်ထူတဲ့ဟာက ကွန်ကရစ်နဲ့စိုက်ထူတဲ့ဟာဆိုတော့ ဟိုရွှေ့ဒီရွှေလုပ်တာနဲ့ ပွန်းတာ၊ ပဲ့တာတွေရှိတယ်၊ အဲဒါနဲ့ အသစ်ပြန်လုပ်ပေးမယ်ဆိုပြီး ပြန်လုပ်ပေးတဲ့ဥစ္စာဖြစ်တယ်” ဟု လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။

ယခုအသစ်ပြုလုပ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ချင်းပြည်နယ်လွှတ်တော်ရုံးတွင် ကွန်ကရစ်ခင်းပေးသည့်ကုမ္ပဏီမှ ကျပ်သိန်းနှစ်ရာအကုန်ကျခံကာ ပြုလုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်းလည်း ဥက္ကဌကပြောသည်။

ဟားခါးမြို့တွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ကြေးရုပ်စိုက်ထူခြင်းသည် လွတ်လပ်ရေးနှင့်သက်ဆိုင်ခြင်းကြောင့် ချင်းလွတ်လပ်ရေးခေါင်းဆောင်များ၏ ကြေးရုပ်များလည်းပါလျှင် ပြသနာများလျော့နည်းနိုင်မည်ဟု ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းမှ ကို Jacob Thang ကပြောသည်။

“ကော်မတီမဖွဲ့ခင်ကတည်းက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အလှူရှင်တွေရှိတယ်၊ လွတ်လပ်ရေးကျောက်တိုင်လည်းစိုက်ထူမယ်၊ အဲဒီကော်မတီမဖွဲ့ခင် ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်တုန်းက ကျနော်လည်းဆွေးနွေးခွင့်ရတော့ ကျွန်တော်ကပြောတယ်၊ ဗိုလ်ချုပ်က လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ်တယ်၊ အဲဒါကြောင့် လွတ်လပ်ရေးနှင့်ပတ်သက်တဲ့ဟာဖြစ်ရင်တော့ ချင်းလွတ်လပ်ရေးခေါင်းဆောင် (၃) ဦး၊ အဓိက ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ ပုဂ္ဂိုလ် (၃) ဦးရဲ့ကြေးရုပ်ရယ်၊ ဗိုလ်ချုပ်ရယ်၊ စုစုပေါင်း (၄) ယောက်ရဲ့ကြေးရုပ်ကို စိုက်ထူရင်တော့ ပြသာနာရှိမှာမဟုတ်ဘူး၊ တစ်ဦးတည်းကိုစိုက်ထူရင်တော့ ဒီဟာက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဒုက္ခရောက်မယ်လို့တော့ ကျနော်ဆွေးနွေးခဲ့ဖူးတယ်၊ အားလုံးတော့ သဘောတူခဲ့ကြပါတယ်” ဟု ကို Jacob Thang ကပြောသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူဘက်မှ ကန့်ကွက်မှုများကြောင့် စိုက်ထူမည့်အစီအစဉ်အား ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.