Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးျမဳိ႕တြင္ ကုိဗစ္ပုိးေတြ႔လူနာမ်ားလာပါက တုိင္းရင္းေဆးရုံတြင္ထားရွိႏုိိင္ရန္ၾကဳိတင္ျပင္ဆင္ထား

ဟားခါးျမဳိ႕တြင္ ကုိဗစ္ပုိးေတြ႔လူနာမ်ားလာပါက တုိင္းရင္းေဆးရုံတြင္ထားရွိႏုိိင္ရန္ၾကဳိတင္ျပင္ဆင္ထား

0
By Editor on October 20, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ကိုဗစ်ပိုးတွေ့လူနာများလာပြီး ပြည်သူ့ဆေးရုံတွင်မဆံ့ပါက ဟားခါးမြို့ရှိ တိုင်းရင်းဆေးရုံတွင်ထားရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ် ပြည်နယ်ကျန်းမာရေးမှုး ဒေါက်တာအောင်ငွေစံကပြောသည်။

“လောလောဆယ်ဟားခါးပြည်သူ့ဆေးရုံမှာအတွင်းလူနာ ၅ယောက်ရှိနေပြီဆိုတော့ ကိုဗစ်ပိုးတွေ့လူနာများလာရင် ဆေးရုံ ထပ်မံလိုအပ်လာမယ်ဆိုပြီးတော့ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့တိုင်းရင်းဆေးရုံအဖွဲ့တွေပူးပေါင်းပြီးတော့ တိုင်းရင်းဆေးရုံကိုကြိုတင်ပြီးတော့ လျာထားပါတယ်” ဟု ဒေါက်တာအောင်ငွေစံကပြောသည်။

COVID-19 ရောဂါသည် မြန်မာနိုင်ငံတွင်သာမက ချင်းပြည်နယ်ဒေသအတွင်း ကူးစက်မှုမြင့် တက်လာ သောကြောင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွန်ချက်များ အတိုင်းပြည်သူများ အနေဖြင့် လိုိက်နာကြရန်လိုအပ်သည်ဟု ပြည်နယ်ကျန်းမာရေးမှုးက ဆက်ပြောသည်။

ဟားခါးမြို့နယ်ရှိ မြို့အဝင် အထွက်နေရာများတွင် ကုန်တင်ကားမောင်းသူများအား Rapid Test Kid ဖြင့် ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခြင်းအားဆောင်ရွက်နေပြီး အောက်တိုဘာ ၁၉ ရက်နေ့တွင် ဂန့်ဂေါဘက်မှ ပြန်လာသည့် ကုန်တင်ကားမောင်းသူနှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့အား စစ်ဆေးရာ ယာဉ်ပိုင်ရှင်ဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ဖလမ်းမြို့တွင်လည်း ကွာရင်တင်းဝင်နေသူများအား Rapid Test Kid ဖြင့် စစ်ဆေးရာ လေးဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းတက်နေသည့် တင်တန်းသားတစ်ဦး၊ အိန္ဒိယပြန်နှစ်ဦး နှင့် ချင်းပြည်နယ်ပြင်ပမှ ပြန်လာသည့် ဆရာမ တစ်ဦး တို့ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ ချင်းပြည်နယ်တွင် ကိုဗစ်ပိုးဓာတ်ခွဲအတည်ပြုလူနာ (၆၀)ဦးထိရှိသည့်အနက် ၄၂ ဦးဆေးရုံမှဆင်းသွားပြီ ဖြစ်ကာ တစ်ဦးသေဆုံး၍ ယခုလက်ရှိ ၁၇ ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ဟားခါးျမဳိ႕တြင္ကုိဗစ္ပုိးေတြ႔လူနာမ်ားလာၿပီး ျပည္သူ႔ေဆးရံုတြင္မဆံ့ပါက ဟားခါးျမဳိ႕ရွိ တုိင္းရင္းေဆးရုံတြင္ထားရွိႏုိင္ရန္အတြက္ ၾကဳိတင္ျပင္ဆင္ထားေၾကာင္း ခ်င္းျပည္နယ္ ျပည္နယ္က်န္းမာေရးမႈး ေဒါက္တာေအာင္ေငြစံကေျပာသည္။ 

“ေလာေလာဆယ္ဟားခါးျပည္သူ႔ေဆးရုံမွာအတြင္းလူနာ ၅ေယာက္ရွိေနျပီဆုိေတာ့ ကုိဗစ္ပုိးေတြ႕လူနာမ်ားလာရင္ ေဆးရုံ ထပ္မံလုိအပ္လာမယ္ဆုိျပီးေတာ့ ခ်င္းျပည္နယ္အစုိးရအဖြဲ႔နဲ႔ ကြ်န္ေတာ္တုိ႔တုိင္းရင္းေဆးရုံအဖြဲ႕ေတြပူးေပါင္းျပီးေတာ့ တုိင္းရင္းေဆးရုံကုိၾကဳိတင္ျပီးေတာ့ လ်ာထားပါတယ္” ဟု ေဒါက္တာေအာင္ေငြစံကေျပာသည္။ 

COVID-19 ေရာဂါသည္ ျမန္မာႏုိင္ငံတြင္သာမက ခ်င္းျပည္နယ္ေဒသအတြင္း ကူးစက္မႈျမင့္ တက္လာ ေသာေၾကာင့္ က်န္းမာေရးႏွင့္အားကစား ဝန္ၾကီးဌာနမွ လမ္းညြန္ခ်က္မ်ား အတုိင္းျပည္သူမ်ား အေနျဖင့္ လုိိက္နာၾကရန္လုိအပ္သည္ဟု ျပည္နယ္က်န္းမာေရးမႈးက ဆက္ေျပာသည္။

ဟားခါးၿမိဳ႕နယ္ရွိ ျမဳိ႕အဝင္ အထြက္ေနရာမ်ားတြင္ ကုန္တင္ကားေမာင္းသူမ်ားအား Rapid Test Kid ျဖင့္ ကိုဗစ္-၁၉ ပိုးရွိမရွိ စစ္ေဆးျခင္းအားေဆာင္ရြက္ေနၿပီး ေအာက္တိုဘာ ၁၉ ရက္ေန႔တြင္ ဂန္႔ေဂါဘက္မွ ျပန္လာသည့္ ကုန္တင္ကားေမာင္းသူႏွင့္ ယာဥ္ပိုင္ရွင္ျဖစ္သူတို႔အား စစ္ေဆးရာ ယာဥ္ပိုင္ရွင္ျဖစ္သူထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ဖလမ္းၿမိဳ႕တြင္လည္း ကြာရင္တင္းဝင္ေနသူမ်ားအား Rapid Test Kid ျဖင့္ စစ္ေဆးရာ ေလးဦးထံတြင္ ကိုဗစ္ပိုး ေတြ႕ရွိခဲ့ၿပီး ၎တို႔မွာ ေရြးေကာက္ပြဲဆိုင္ရာ အထူးရဲသင္တန္းတက္ေနသည့္ တင္တန္းသားတစ္ဦး၊ အိႏၵိယျပန္ႏွစ္ဦး ႏွင့္ ခ်င္းျပည္နယ္ျပင္ပမွ ျပန္လာသည့္ ဆရာမ တစ္ဦး တို႔ျဖစ္ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္ထိ ခ်င္းျပည္နယ္တြင္ ကုိဗစ္ပုိးဓာတ္ခြဲအတည္ျပဳလူနာ (၆၀)ဦးထိရွိသည့္အနက္ ၄၂ ဦးေဆးရံုမွဆင္းသြားၿပီ ျဖစ္ကာ တစ္ဦးေသဆံုး၍ ယခုလက္ရွိ ၁၇ ဦး ကုသမႈခံယူလ်က္ရွိေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.