Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးၿမိဳ႕တြင္ ယာဥ္စည္းကမ္းမလိုက္နာသည့္ ဆိုင္ကယ္အစီးေရ (၅၀) ခန႔္ဖမ္းဆီးအေရးယူ

ဟားခါးၿမိဳ႕တြင္ ယာဥ္စည္းကမ္းမလိုက္နာသည့္ ဆိုင္ကယ္အစီးေရ (၅၀) ခန႔္ဖမ္းဆီးအေရးယူ

0
By Editor on August 7, 2020 Khonumthung

#Unicode

By ဒိမ် – ချင်းပြည်နယ်မြို့တော် ဟားခါးမြို့အတွင်း ယာဉ်စည်းကမ်းလိုက်နာခြင်းမရှိဘဲ ဆိုင်ကယ်မောင်းနှင်သူများကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့က ယနေ့သြဂုတ်လ ၇ ရက်နေ့ကစ၍ ဖမ်းဆီးအရေးယူမှုလုပ်ဆောင်ရာတွင် ဆိုင်ကယ်အစီး ၅၀ ခန့်ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

ဟားခါးမြို့ ယာဉ်ထိန်းတပ်ဖွဲ့က သြဂုတ်လ (၁) ရက်နေ့မှစ၍ ယာဉ်များကို စတင်စစ်ဆေးမှုပြုလုပ်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေကြောင့် ယနေ့မှသာ စတင်နိုင်တာဖြစ်ကြောင်း အမှတ် (၁၆) ယာဉ်ထိ်န်းရဲတပ်ဖွဲ့မှူးရုံး ရဲမှူးကိုကိုအောင်က ပြောသည်။

“ဒီနေ့မှာတော့ ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူနဲ့ နံပါတ်မပါတဲ့ ဆိုင်ကယ်တွေကိုဖမ်းတာပါ။ ကျတော်တို့က ဖမ်းပြီး တရားစွဲထားတယ်။ တရားရုံးကနေ ဒဏ်ငွေဆောင်ခိုင်းပြီးမှ ကျတော်တို့က ဖမ်းထားတဲ့ဆိုင်ကယ်တွေကို ပိုင်ရှင်ထံပြန်အပ်ပေးမှာပါ၊” ရဲမှူးကိုကိုအောင်က ပြောသည်။

တရားရုံးမှ မည်၍မည်မျှပြစ်ဒဏ် ချမှတ်မည်ကို မသိရသေးသော်လည်း ဆိုင်ကယ်ဦးထုတ်မဆောင်းခြင်း၊ နံပါတ်မပါသည့်ဆိုင်ကယ်များနှင့် နောက်ကြည့်မှန်မပါသည့်ဆိုင်ကယ်ဟူ၍ အမျိုးအစားအလိုက်ပြစ်ဒဏ် ချမှတ်ဖွယ်ရှိကြောင်း သိရသည်။

ဟားခါးမြို့ပေါ်တွင် ယနေ့မှစ၍ ဆိုင်ကယ်နှင့် ကားများကို နေ့စဉ် စစ်ဆေးသွားရန်ရှိကြောင်း ရဲမှူးထံမှသိရသည်။

#Zawgyi

By ဒိမ္ – ခ်င္းျပည္နယ္ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕အတြင္း ယာဥ္စည္းကမ္းလိုက္နာျခင္းမရွိဘဲ ဆိုင္ကယ္ေမာင္းႏွင္သူမ်ားကို သက္ဆိုင္ရာ ယာဥ္ထိန္းရဲတပ္ဖြဲ႕က ယေန႔ၾသဂုတ္လ ၇ ရက္ေန႔ကစ၍ ဖမ္းဆီးအေရးယူမႈလုပ္ေဆာင္ရာတြင္ ဆိုင္ကယ္အစီး ၅၀ ခန႔္ဖမ္းဆီးအေရးယူထားေၾကာင္းသိရသည္။

ဟားခါးၿမိဳ႕ ယာဥ္ထိန္းတပ္ဖြဲ႕က ၾသဂုတ္လ (၁) ရက္ေန႔မွစ၍ ယာဥ္မ်ားကို စတင္စစ္ေဆးမႈျပဳလုပ္ရန္ စီစဥ္ထားေသာ္လည္း ရာသီဥတုအေျခအေနေၾကာင့္ ယေန႔မွသာ စတင္နိုင္တာျဖစ္ေၾကာင္း အမွတ္ (၁၆) ယာဥ္ထိ္န္းရဲတပ္ဖြဲ႕မႉး႐ုံး ရဲမႉးကိုကိုေအာင္က ေျပာသည္။

“ဒီေန႔မွာေတာ့ ဆိုင္ကယ္ဦးထုပ္မေဆာင္းတဲ့သူနဲ႔ နံပါတ္မပါတဲ့ ဆိုင္ကယ္ေတြကိုဖမ္းတာပါ။ က်ေတာ္တို႔က ဖမ္းၿပီး တရားစြဲထားတယ္။ တရား႐ုံးကေန ဒဏ္ေငြေဆာင္ခိုင္းၿပီးမွ က်ေတာ္တို႔က ဖမ္းထားတဲ့ဆိုင္ကယ္ေတြကို ပိုင္ရွင္ထံျပန္အပ္ေပးမွာပါ၊” ရဲမႉးကိုကိုေအာင္က ေျပာသည္။

တရား႐ုံးမွ မည္၍မည္မၽွျပစ္ဒဏ္ ခ်မွတ္မည္ကို မသိရေသးေသာ္လည္း ဆိုင္ကယ္ဦးထုတ္မေဆာင္းျခင္း၊ နံပါတ္မပါသည့္ဆိုင္ကယ္မ်ားႏွင့္ ေနာက္ၾကည့္မွန္မပါသည့္ဆိုင္ကယ္ဟူ၍ အမ်ိဳးအစားအလိုက္ျပစ္ဒဏ္ ခ်မွတ္ဖြယ္ရွိေၾကာင္း သိရသည္။

ဟားခါးၿမိဳ႕ေပၚတြင္ ယေန႔မွစ၍ ဆိုင္ကယ္ႏွင့္ ကားမ်ားကို ေန႔စဥ္ စစ္ေဆးသြားရန္ရွိေၾကာင္း ရဲမႉးထံမွသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.