Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

ဟားခါး-ဂန့်ဂေါလမ်းတိုက်ပွဲ စစ်ကောင်စီဘက် အကျဆုံးများ

0
By Editor on April 26, 2022 Headline

ချင်းပြည်နယ် ဟားခါး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hakha ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး အနည်းဆုံး အယောက် ၃၀ ခန့် သေဆုံးနိုင်သည်ဟု သိရသည်။

မကွေးတိုင်း ဂန့်ဂေါဘက်မှ ဟားခါးမြို့သို့ စစ်အင်အားဖြည့်တင်းရန်ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည့် ဧပြီလ ၂၃ ကစ၍ ဟားခါး-ဂန့်ဂေါလမ်း လုံကျွေးနှင့် လမ်သုတ်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံးအယောက် ၃၀ ခန် ့သေဆုံးသည်ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

“၂၃ ရက်နေ့ကစတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ။ မနေ့က ၃ ကြိမ်တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်က နှစ်ရက်ပေါင်း လိုက်ရင် ၃၀၊ ၄၀ ကျမယ်။ ကျွန်တော်တို့ရဲဘော်ဘက်တစ်ယောက် လက်နက်ကြီးထိမှန်ထားတယ် သိပ်ပြီး တော့စိုးရိမ်စရာမရှိပါဘူး။ သူတို့က ဟားခါးဖက်ကို အင်အားဖြည့်ဖို့ ခြေလျင်နဲ့ပဲ တက်လာတယ် လူအင်အား အလုံးအရင်းနဲ့ အသုံးပြုတာပေါ့။” ဟု CDF- Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အင်အား ၄၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့မှ မိုင် ၄၀ လောက်ကွာဝေးသော လမ်းသုတ်ကျေးရွာသို့ရောက်ရှိနေကြပြီး တိုက်ပွဲထပ်မံဖြစ်ပွားနိုင်သည်ဟု သိရသည်။ ဟားခါး-ဂန်ဂေါကြားရှိ ကျေးရွာများမှဒေသခံပြည်သူများသည်လည်း တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ဟားခါး- ဂန့်ဂေါ်ကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် သီနမ်းကျေးရွာမှ လူနေအိမ် ၇ လုံး နှင့် ပြည်သူပိုင်အဆောက်အဦး ၂ လုံး စုစုပေါင်း ၉ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၂၈ ရက် မနက်ပိုင်း ၁၀ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

အလားတူ ယမန်နေ့ ဧပြီလ ၂၅ ရက်ကလည်း ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာအဝင်တွင် စစ်ကောင်စီတပ်နှင့် CDF-Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ CDF-Hakha ဘက်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.