Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ဂန့်ဂေါလမ်းပေါ် ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်

ဟားခါး-ဂန့်ဂေါလမ်းပေါ် ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်

0
By Editor on December 18, 2023 Headline

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟာခါး-ဂန့်ဂေါလမ်းပေါ်မှာတည်ရှိသော ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်ရဲစခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သိမ်းတာက မနက်ပိုင်း ၁၀ နာရီကတည်းကပါ။ မနေ့ကတည်းက ဒရုန်းနဲ့စတိုက်တယ် ဒီနေ့မနက်က အင်အားနဲ့ ဝင်တိုက်တဲ့အခါကြတော့ သိမ်းနိုင်သွားတယ်။ စခန်းက နယ်စပ်မှာရှိတဲ့စခန်းဆိုတော့ စစ်ရေးလုပ်ရှားမူပိုင်းမှာဖြစ်ဖြစ်၊ ဗျုဟာအတွက်လည်း အရေးပါတယ်။ဘုံဇုံးစခန်းလည်း လက်ထဲရောက်သွားပြီဆိုတော့ ပြင်ဆင်ဖို့အတွက် မြို့သိမ်းတိုက်ပွဲအတွက်လည်း ပိုကောင်းသွားတယ်” ဟု CDF –Hakha က တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအ၀င် စတပ်သားများ အရှင်ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်းမှာ CDF –Hakha ရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်က ရဲဘော် (၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

ဘုံဇုံးကျေးရွာသည် ချင်းပြည်နယ်နှင့် ဂန့်ဂေါအစပ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.