Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် CNA ရဲဘော် ၂ ဦးကျဆုံး

ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် CNA ရဲဘော် ၂ ဦးကျဆုံး

0
By Editor on June 13, 2023 Khonumthung

(04SS)

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား လုံခါရ်တောင်တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် (CNA) က ရဲဘော် ၂ ဦး ယနေ့မနက်ပိုင်းတွင် ကျဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ဇွန်လ ၁၂ ရက်နံနက် ၄ နာရီခွဲဝန်းကျင်ကစပြီး လုံခါရ်တောင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ ထိုတိုက်ပွဲအတွင်း စစ်ကာင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့ရာမှာ CNA ရဲဘော် ၂ ဦးဖြစ်သည့် ဆလိုင် ဆန်းဦး ( ဟုန်လေး) နှင့် ဆလိုင်း ထောင်နောဟွေး ( ဆုန်ပီး) တို့ ကျဆုံးခဲ့ခြင်းဟု The Zotung Post က ဖော်ပြသည်။

“CNA မှာ တာဝန်ထမ်းဆောင်နေကြသော ZOTUNG လူငယ် နှစ်ဦးသည် ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြား Timit တိုက်ပွဲ၌ ဇွန်လ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ကျဆုံးသည်’’ ဟု The Zotung Post က ဖော်ပြသည်။

လွန်ခဲ့သည့် မေလ ၂၆ ရက်နေ့ မှစပြီး ဟားခါး- ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးတစ်ဝိုက်နှင့် လုံခါရ် တောင်ဖက်တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့် ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ကူခဲ့သည်ဟု သိရသည်။

၃ ပါတ်နီးပါးခန့်ရှိလာပြီဖြစ်သော ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက် အယောက် ၅၀ ဝန်းကျင်ခန့်သေဆုံးခဲ့ပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်တိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်ကလည်း ရဲဘော် ၁၇ ဦးကျဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.