Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး-ထန်တလန်ကြား အော်တိုတောင်စခန်းကို ချင်းပြည်အစိုးရတပ်သိမ်းပိုက်

ဟားခါး-ထန်တလန်ကြား အော်တိုတောင်စခန်းကို ချင်းပြည်အစိုးရတပ်သိမ်းပိုက်

0
By Editor on December 8, 2024 Headline

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားက စစ်ရေးအရအရေးပါသော အော်တိုတောင်စခန်းကို ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့က ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်မှာ သိမ်းပိုက်ရရှိကြောင်း သိရသည်။

အော်တိုတောင်စခန်းကုန်းသည် ဟားခါး-ထန်တလန်ကြားမှာ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်ပြီး ယနေ့မနက်ပိုင်းကစ၍ တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားပြီးနောက် ညနေပိုင်း ၃ နာရီခွဲတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးမှုအခြေအနေ မသိရသေးကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ ထန်တလန်မြို့ဘက်ကို တပ်ဆုတ်ထွက်ပြေးသွားကြသည်ဟု ဆလိုင်းထက်နီကပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အော်တိုတောင်အနီးတဝိုက်ကို ဂျက်ဖိုက်တာ၊ Y-12 ဗုံးကြဲလေယာဉ်များဖြင့် စစ်ကောင်စီက အပြင်းအထန် ခုခံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်အစိုးရတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ကစ၍ Jericho စစ်ဆင်ရေးအမည်ဖြင့် ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

ယနေ့ညနေပိုင်းတွင် အော်တိုတောင်စခန်းကို ချင်းပြည်အစိုးရတပ်က ထပ်မံသိမ်းပိုက်ရရှိပြီးနောက် ယခုလက်ရှိတွင် ဟားခါး-ထန်တလန်ကြားတွင် စစ်ကောင်စီခန်း တစ်ခုမှမရှိတော့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.