Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ဟားခါး – ထန်တလန် ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီ”

“ဟားခါး – ထန်တလန် ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီ”

0
By Editor on December 3, 2024 Featured

လတ်တလောစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်

(006SV)

မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်ကောင်စီ/ ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက Jericho စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ချင်းပြည်အစိုးရတပ်ဖွဲ့ရဲ့ Jericho စစ်ဆင်ရေးအခြေအနေ၊ လတ်တလော စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေး ဆိုခွင့်ရှိသူဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက ဟားခါး-ထန်တလန်ကြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေကို ပြောပေးလို့ရမလား? ဘယ်လို သိမ်းနိုင်ခဲ့တာလဲခင်ဗျာ။

ဖြေ – ကျနော်တို့ ဒီစခန်းက ၄ ခု လို့ ပြောရမှာပေါ့နော်။ သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့ စစ်ဆင်ရေးဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ် ၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ ဘက်က ဂျက်ဖိုက်တာကို အားကိုးပြီးတော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်။

မေး – ဆရာတို့ လတ်တလောသိမ်းပိုက်ရရှိထားတဲ့ စခန်းနာမည်တွေ ပြောပြပေးလို့ ရမလားဗျ။

ဖြေ – နာမည်က Kiamtlang/Ruavazung စခန်းရယ်၊ တံတားစောင့်တဲ့ စခန်းဖြစ်တဲ့ သီမြစ်ချောင်စခန်းရယ်၊ ပွိုင့် – ၃ စခန်းရယ်၊ ပြီးတော့ Umpu Puaknak စခန်းတို့ကို သိမ်းလိုက်တာဖြစ်တယ်။

မေး – ဟားခါး – ထန်တလန်ကြားက တိုက်ပွဲတွေမှာ စစ်ဆင်ရေးကို Jericho လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပေးလို့ ရမလားခင်ဗျာ။

ဖြေ – အဲဒီစစ်ဆင်ရေး နာမည်ကတော့ Jericho စစ်ဆင်ရေးလို့ အမည်ပေးထားတာဖြစ်ပါတယ်။ Jericho စစ်ဆင်ရေးက ခရစ်ယာန်ဘာသာ ကျမ်းစာအရ အရင်က စစ်ဆင်ရေးတခုမှာ အဲဒီ Jericho မြို့ကို ဘုရားက ပေးလို့ သိမ်းနိုင်တဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့ မှည့်ထားတာ ဖြစ်ပါတယ်။

မေး – ဟားခါး -ထန်တလန်ကြားက သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းတွေဟာ ဘယ်လိုအချက်အချာကျတဲ့ အနေအထားမှာ ရှိပါသလဲ။

ဖြေ – စခန်းတွေကတော့ ဟာားခါးနဲ့ ထန်တလန်ကြားက ဖြစ်ပြီးတော့ ဟားခါးဗျူဟာကုန်းနဲ့ နီးတယ်ဆိုတော့ အမြဲတမ်း ထန်တလန်ကို စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာ ရှိနေတဲ့ဟာ ဖြစ်တယ်။ နောက်ပြီးတော့ ဟားခါး – ထန်တလန်နဲ့ကို အဲဒီကြားက လမ်းကြောင်းတွေကို ကျနော်တို့ ထိန်းနိုင်ပြီးဆိုရင်တော့ အဲဒီနေရာတွေမှာ ကုန်းကြောင်းအရ ပြည်သူလူထုအတွက် သွားလာမှုတွေ အဆင်ပြေသွားအောင်က အဓိက ကျသလို၊ ပြီးတော့ ဟားခါးဗျူဟာအတွက် စစ်ရေးအရ ဗျူဟာ ကျသလို၊ ကျနော်တို့ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေအတွက်လည်း အင်မတန်မှ စစ်ရေးအရ အဓိက ကျတဲ့ လမ်းကြောင်းကြီးပေါ်မှာရှိတဲ့ စခန်းတွေ ဖြစ်ပါတယ်။

မေး – စစ်ကောင်စီဘက်က စစ်အရာရှိကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှု များပြားတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း သိချင်ပါတယ်။

ဖြေ – နောက်ပြီး စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦးရယ်၊ တပ်အရာရှိ ၃ ယောက်ရယ်၊ ပြီးတော့ ရဲအရာရှိ ၂ ဦးရယ် သူတို့ဘက်က ကျဆုံးတယ်။ ပြီးတော့ သူတို့ ရဲဘော်တွေက ၃၀ ခန့်တော့ အကျအဆုံးရှိတယ်။ လက်နက်ကြီး လက်နက်ငယ် ၅၁ လက် သိမ်းဆည်းရရှိခဲ့တယ်။

မေး – စစ်သုံ့ပန်း ဖမ်းဆီးရမိမှုအခြေအနေတွလည်း ဖြေကြားပေးပါဦးခင်ဗျာ။

ဖြေ – စစ်သုံ့ပန်းက အားလုံးက ၁၉ ယောက်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ ဒဏ်ရာ ရထားတဲ့တစ်ယောက်ကို ဖမ်းဆီးရမိတာ ရှိသေးတယ်။ ဒဏ်ရာ ရပြီးတော့ ထားခဲ့တဲ့ ရဲဘော် ၁ ဦးလည်း ဖြစ်တယ်။ အားလုံးက ၂၀ ဖမ်းဆီးရမိခဲ့တယ်။

မေး – ချင်းတော်လှန်ရေးပူပေါင်းတပ်ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေလည်း သိချင်ပါတယ်ခင်ဗျာ။

ဖြေ – ကျနော်တို့မှာ ရဲဘော် ၁၅ ယောက်၊ ၁၆ ယောက်တော့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိတယ်။ ပြီးတော့ ၃ ဦး၊ ၄ ဦးတော့ ရဲဘော် ကျဆုံးမှု ရှိပါတယ်။

မေး – ဟားခါး- ထန်တလန်ကြားမှာ စစ်ကောင်စီစခန်းတွေက ဘယ်လောက် ကျန်ရှိပါသေးလဲ။ အဲဒီမှာ အခြေအနေက ဘယ်လို ရှိနေပါသေးလဲခင်ဗျာ။

ဖြေ – စခန်းငယ် ၂ ခုကတော့ ဥသုတ်ဖျား စခန်းနဲ့ C – 3 စခန်းကတော့ ရှိသေးတယ်။ ဒါပေမယ့် အဲဒါက လမ်းမကြီးနဲ့ တော်တော် ဝေးပါတယ်။ ကြားထဲမှာတော့ အဓိကက အဲဒီစခန်းငယ် ၂ ခုတော့ ရှိသေးတယ်ပေါ့။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလာလို့ မရသေးဘူး။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလားလို့ မရသေးဘူး။

မေး – ဒီလိုဆိုရင် ဟားခါး -ထန်တလန်ကြားကို ချင်းပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နိုင်မှု အခြေအနေက ဘယ်လို ရှိပါသလဲ။

ဖြေ – ဟားခါး -ထန်တလန်ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီးလို့ ပြောလို့တော့ရပေမယ့် လွတ်လွတ်လပ်လပ်နဲ့ သွားလာဖို့က လုံခြုံရေးအရ သတိထားနေရဦးမှာဖြစ်ပါတယ်။

မေး – လတ်တလော ထန်တလန်မြို့ပေါ်က တိုက်ပွဲတွေက ဘယ်လို ရှိနေပါသလဲခင်ဗျာ။

ဖြေ – ထန်တလန်မြို့က စစ်ရေးအခြေအနေကတော့ လောလောဆယ်မှာ ငြိမ်နေတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီမှာ တပ်စွဲပြီးတော့ နှစ်ဖက် စောင့်ကြည့်ရတဲ့ အနေအထားမှာ ရှိတယ်။

မေး – ဖြည့်စွက် ပြောကြားချင်တာ ရှိရင် ပြောပါခင်ဗျာ။

ဖြေ – ကျနော်တို့ကတော့ ပြည်သူတွေရဲ့ ပံ့ပိုးမှုနဲ့ ဒီတော်လှန်ရေး၊ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်။ အမြဲတမ်း ပြည်သူတွေရဲ့ ပံ့ပို့ ကူညီမှု အမြဲတမ်း လိုအပ်နေပါတယ်။ အဲဒါကို ကျနော်တို့ဟာ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါလို့ ပြောကြားချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.