Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါး မြို့သစ်ရပ်ကွက် လူ (၅) ဦးထက်ပိုမစုရအမိန့် စစ်ကောင်စီရုတ်သိမ်း၊ ဆိုင်ခန်းများ ဆက်လက်ပိတ်ထားရဆဲ

ဟားခါး မြို့သစ်ရပ်ကွက် လူ (၅) ဦးထက်ပိုမစုရအမိန့် စစ်ကောင်စီရုတ်သိမ်း၊ ဆိုင်ခန်းများ ဆက်လက်ပိတ်ထားရဆဲ

0
By Editor on June 28, 2024 Khonumthung

(002MG)

ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက ပြန်ရုတ်သိမ်းခဲ့ပြီး ယခုအခါဘုရားကျောင်းတက်၊ ဝတ်ပြုစည်းဝေးပွဲများပြန်လည်ပြုလုပ်နိုင်ပြီဟု သိရသည်။

လူ (၅) ဦးထက်ပိုမစုရအမိန့်ကို ဇွန်လ ၂၃ ရက်နေ့က ပြန်ရုတ်သိမ်းခဲ့ခြင်းဖြစ်ပြီး မြို့သစ်ရက်ကွက်အတွင်းရှိ ဆိုင်ခန်းများပိတ်ခိုင်းသည့်အမိန့်ကိုမူ လာမည့် ဩဂုတ်လ (၂၀) ရက်နေ့အထိ ထပ်တိုးထားသည်ဟု မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

၎င်းက “ဘုရားကျောင်းတွေက ပြန်တက်လို့ရပြီ၊ ဒီအပတ်ထဲတောင် အသင်းတော်ကဆရာတပါးနဲ့ ကျွန်တော်တို့ ဆုတောင်း စည်းဝေးလုပ်မယ်။ ဘုရားကျောင်းက တက်နေကြပြီဆိုတော့ ပုံမှန်သွားလာရပြီ။ ဆိုင်ခန်းတွေက လုံးဝပြန်ဖွင့်လို့ မရသေးဘူး၊ပြန်တိုးလိုက်တယ် နောက်တလတိုးလိုက်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့်ဝန်ကြီးများ စီးနင်းလိုက်ပါလာသော ယာဉ်တန်းကို CDF-Hakha တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ဈေးဆိုင်နှင့် ဘုရားကျောင်းများကို အကာအ ကွယ်ယူခဲ့သည်ဟု ဆိုကာ မြို့သစ်ရပ်ကွက်က ဈေးဆိုင်းများပိတ်ထားရန်နှင့် လူ ၅ ဦးထက်ပိုမစုရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့ မှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမိန့်ထုတ်ပြန်ချက်ကြောင့် မြို့သစ်ရပ်ကွက်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်အသင်းတော် (၁၀) ခုကျော် မှာ နှစ်လနီးပါးခန့် ဘုရားကျောင်းမတက်ရောက်နိုင်ခဲ့ကြကြောင်းသိရသည်။ ထို့အပြင် ပြည်သူများ နှစ်လနီးပါးခန့် ဆိုင်ခန်းများပိတ်ထားရသောကြောင့် စားဝတ်နေရေး အခက်အခဲ များစွာ ရင်ဆိုင်ခဲ့ရပြီး ယခုတွင်လည်း (၁) လထပ်မံ တိုးမြင့်လိုက်သောကြောင့် ပိုမိုခက်ခဲမှုများ ကြုံတွေ့လာကြရသည်ဟု သိရသည်။

ဟားခါးမြို့၊မြို့သစ်ရပ်ကွက်တွင် လူစုလူဝေးနှင့် ဘုရားကျောင်းဝတ်ပြုခြင်း အစီစဉ်များပြန်လည်ကျင်းပနိုင်သော်လည်း ဆိုင်ခန်းများဖွင့်လှစ်ရန် စစ်ကောင်စီက ခွင့်မပြုခြင်းမှာ ချင်းရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း မတောင်ပန်ခြင်း ကြောင့် ဖြစ်နိုင်ကြောင်း ဟားခါးမြို့က အမျိုးသမီးတဦးက သုံးသပ်ပြောဆိုသည်။

ဟားခါးမြို့ခံ အမျိုးသမီးတဦးက “စစ်ကောင်စီဘက်က ချင်းထုံးတမ်းစဉ်လာအရလာတောင်းပန်မှ မြို့သစ်က အမိန့် ထုတ်ပြန်တဲ့ဟာကို ပြန်ဖွင့်ပေးမယ်လို့ပြောတာ အဲ့တာမတောင်းပန်လို့များလားလို့ထင်တယ်၊ ဘုရားကျောင်းကိုတော့ ဘာသာရေးခေါင်းဆောင်တွေမျက်နှာကြောင့်ဖွင့်တာလို့ထင်တယ်၊ တခုခုဖြစ်တိုင်း ဘာသာရေးခေါင်းဆောင်တွေက သွားညှိနှိုင်းနေကျ ဒီတခေါက်က မရဘူးနဲ့သူတယ်၊ ဆိုင်တွေကဖွင့်လို့မရသေးဘူး” ဟုပြောသည်။

ဇွန်လ (၇) ရက်နေ့တွင် ဟားခါးမြို့မိမြို့ဖနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအနေဖြင့် ချင်းရိုးရာ ဓလေ့ထုံး တမ်းစဉ်လာအတိုင်း တိရိစ္ဆာန်တကောင်၏ သွေးသွန်ခြင်းဖြင့် လာရောက်တောင်းပန်မှသာ ယင်းအမိန့်အား ပြန်ရုပ်သိမ်း မည်ဟု စစ်ကောင်စီကပြောဆိုခဲ့သော်လည်း ချင်းရိုးရာအတိုင်း သွားရောက်တောင်းပန်ခြင်းမရှိကြကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်နောက်ပိုင်း ဟားခါးမြို့တွင် လူစုလူဝေးများနှင့် ဘုရားကျောင်း ဝတ်ပြုခြင်း အစီစဉ်များအတွက် စစ်ကောင်စီတပ်ဖွဲ့ထံ ယနေ့ချိန်ထိ ပုံမှန်ခွင့်ပြုချက်တောင်းခံရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.