Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး Covid-19 ပိုးတွေ့လူနာ ကလေးမြို့တွင် Quarantine မ၀င်ဘဲ (၁၀) ရက်တည်းခိုခဲ့
ဟားခါး Covid-19 ပိုးတွေ့လူနာ ကလေးမြို့တွင် Quarantine မ၀င်ဘဲ (၁၀) ရက်တည်းခိုခဲ့
0
By Editor on April 29, 2020 Headline
#Zawgyi
အသက်(၁၈)နှစ်အရွယ် အဆိုပါပိုးတွေ့လူနာ အမျိုးသမီးသည်  တရုတ်နိုင်ငံမှပြန်လာသူဖြစ်ပြီး ကလေးမြို့သို့ မတ်လ ၂၅ ရက်နေ့က ရောက်ရှိလာကာ Quarantine ၀င်ရောက်ခြင်းမရှိဘဲ တောင်ဇလပ်ရပ်ကွက် နယ်မြေ (၃) တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူထံတည်းခိုခဲ့သည်ဟု ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ရှားမီးကပြောသည်။
ထို့ကြောင့် အဆိုပါအမျိုးသမီးတည်းခိုခဲ့သည့် တောင်ဇလပ်ရပ်ကွက်ရှိ အိမ်ရှင်မိသားဝင် (၆) ဦး၏ သွေးနမူနာများယူပြီး ကားအဆင်ပြေပါက စစ်ဆေးရန် ယနေ့ပို့ဆောင်မည်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
ပိုးတွေ့လူနာအမျိုးသမီး Case 150 သည် ကလေးမြို့မှ ချင်းပြည်နယ်သို့ ပြန်သွားသည့်အချိန်တွင် ချက်ချင်း Quarantine ၀င်ရောက်ချင်းမရှိဘဲ သူမနေထိုင်သည့် ဟားခါးမြို့နယ် Tiphul ရွာသို့ တစ်ပတ်ခန့်နေထိုင်ပြီးနောက် ဧပြီလ ၁၆ ရက်နေ့ကျမှ ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ၀င်ရောက်ခဲ့သည်ဟုသိရသည်။
#Unicode
By လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တွေ့ရှိသည် Covid-19 လူနာအမှတ် ၁၅၀ သည် ချင်းပြည်နယ်သို့ မပြန်ခင် ကလေးမြို့ တောင်ဇလပ်ရပ်ကွက်တွင် နေထိုင်သော သူငယ်ချင်းဖြစ်သူ၏ နေအိမ်တွင် ၁၀ ရက်တည်းခိုခဲ့သည်ဟု သိရသည်။
အသက်(၁၈)နှစ်အရွယ် အဆိုပါပိုးတွေ့လူနာ အမျိူးသမီးသည်  တရုတ်နိုင်ငံမှပြန်လာသူဖြစ်ပြီး ကလေးမြို့သို့ မတ်လ ၂၅ ရက်နေ့က ရောက်ရှိလာကာ Quarantine ဝင်ရောက်ခြင်းမရှိဘဲ တောင်ဇလပ်ရပ်ကွက် နယ်မြေ (၃) တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူထံတည်းခိုခဲ့သည်ဟု ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်ရှားမီးကပြောသည်။
“ တရုတ်မှာလည်း Quarantine မဝင်ဘူး ကလေးမှာလည်း Quarantine မဝင်ဘူး သူကအဲဒီအိမ်မှာတည်းခိုပြီးတော့ သူက သူ့ကိုယ်သူတရုတ်ကနေပြန်လာတယ်လို့လည်းသူကပြောဘူး ဒီတိုင်းပဲ တောင်ဇလပ် နယ်မြေ(၃) မှာတည်းသွားပြီးတော့ ဟားခါးကိုတက်သွားတယ် အိမ်ရှင်ကလည်းသတင်းမပို့ဘူးဖြစ်နေတယ် ကလေးမြို့ Quarantine းစာရင်းမှာလည်းမပါဘူး’’ ဟုဒေါ်ရှားမီးကပြောသည်။
ထို့ကြောင့် အဆိုပါအမျိူးသမီးတည်းခိုခဲ့သည့် တောင်ဇလပ်ရပ်ကွက်ရှိ အိမ်ရှင်မိသားဝင် (၆) ဦး၏ သွေးနမူနာများယူပြီး ကားအဆင်ပြေပါက စစ်ဆေးရန် ယနေ့ပို့ဆောင်မည်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
“ သူတည်းခိုခဲ့တဲ့ မိသားစုဝင် ခြောက်ဦးကို အခုသွေးနမူနာယူနေတယ် သွေးနမူနာယူပြီးရင် ဒီနေပို့မလား မနက်ဖြန်ပို့ဖြစ်မလား မသိသေးဘူး ကားအခြေအနေရ ဒီကနေကားငှါးရမှကိုး အဆင်ပြေရင်တော့ ဒီနေ့ပို့မယ် နောက် (၃) ရက်လောက်နေ အဖြေတစ်ခုခုကနေ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာလုပ်ရမှာပေါ့လေ’’ ဟု လွှတ်တော်ကိုယ်စားလှယ်ကပြောသည်။
ပိုးတွေ့လူနာအမျိူးသမီး Case 150 သည် ကလေးမြို့မှ ချင်းပြည်နယ်သို့ ပြန်သွားသည့်အချိန်တွင် ချက်ချင်း Quarantine ဝင်ရောက်ချင်းမရှိဘဲ သူမနေထိုင်သည့် ဟားခါးမြို့နယ် Tiphul ရွာသို့ တစ်ပတ်ခန့်နေထိုင်ပြီးနောက် ဧပြီလ ၁၆ ရက်နေ့ကျမှ ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ခဲ့သည်ဟုသိရသည်။
ယခုအခါ ပိုးတွေ့လူနာအမျိူးသမီး Case 150 ကို ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကာ ကြပ်မတ်ကုသပေး လျက်ရှိသည် ဟု သိရသည်။ ချင်းပြည်နယ်တွင် Vovid-19 ရောဂါပိုးတွေ့လူနာသည် တီးတိန်မြို့ပြည်သူ့ဆေးရုံးတွင် (၅) ဦး၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် (၁)ဦး စုစုပေါင်း (၆) ဦးရှိပြီဖြစ်သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ
ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ
သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်
Leave A Reply Cancel Reply
The reCAPTCHA verification period has expired. Please reload the page.
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025
ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”
September 2, 2025
မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု
August 2, 2025
စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု
June 30, 2025
“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.