Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါး COVID-19 လူနာ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔သည့္အတြက္ ယေန႔ ေဆးရံုမွဆင္းမည္

ဟားခါး COVID-19 လူနာ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔သည့္အတြက္ ယေန႔ ေဆးရံုမွဆင္းမည္

0
By Editor on May 13, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ COVID-19 ပိုးေတြ႔ လူနာအမွတ္ ၁၅၀ အမ်ိဳးသမီးသည္ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႔ရွိေတာ့သည့္အတြက္ ယေန႔ညေနပိုင္းတြင္ ေဆးရံုမွ ဆင္းခြင့္ျပဳမည္ဟု ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“လူနာအမွတ္ ၁၅၀ က မေန႔က Negative ျဖစ္သြားျပီ၊ ဒီေန႔ ညေနပိုင္း ၃ နာရီေလာက္မွာ သူ႔ကို ေဆးရံုကေနဆင္းေပးမယ္၊ Facility Quarantine  (၇) ရက္နဲ႔ Home Quarantine (၇) ထပ္ေနဖုိ႔လိုတယ္ လမ္းညႊန္းထားတယ္၊ သူက က်န္းက်န္းမာမာပဲ ဘာမွေျပာင္းလဲမႈမရိွပါဘူး’’ ဟု လူမႈေရး၀န္ႀကီးကေျပာသည္။

လူနာအမွတ္ ၁၅၀ သည္ တရုတ္ႏုိ္င္ငံမွ ျပန္လည္ေရာက္ရွိလာသူျဖစ္ၿပီး ဟားခါးၿမိဳ႕ န.တ.လ ေက်ာင္းတြင္ Facility Quarantine ၀င္ေရာက္ကာ ဧၿပီလ ၂၉ ရက္ေန႔က ေရာဂါပိုးေတြ႔ရွိေၾကာင္း က်န္းမာေရးႏွင္ ့အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ခဲ့သည္။

အဆိုပါလူနာ၏ အာေခါင္တို႔ဖတ္ ႏွင့္ ႏွာေခါင္းတို႔ဖတ္ နမူနာကို ဓာတ္ခြဲစစ္ေဆးၾကည့္ရာတြင္ ေမလ (၁၀) ရက္ေန႔က Negative တစ္ႀကိမ္ျပၿပီးေနာက္ ထပ္မံစစ္ေဆးၾကည့္ရာတြင္ ေမလ (၁၃) ရက္ေန႔က ဒုတိယအႀကိမ္ Negative ျပသည့္ အတြက္ ယေန႔ညေနပိုင္းတြင္ ေဆးရံုမွဆင္းခြင့္ျပဳေတာ့မည္ျဖစ္သည္။

လူနာအမွတ္ ၁၅၀ ႏွင့္ ဆက္စပ္မႈရွိခဲ့သူ ၅၂ ဦးႏွင့္ Facility Quarantine ၀င္ၿပီးသား (၄) ဦးတို႔သည္လည္း ဓာတ္ခြဲစစ္ေဆးၾကည့္ရာတြင္ ေမလ ၄ ရက္ေန႔က Negative ျပခဲ့ၿပီးျဖစ္သည္။

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ COVID-19 ပိုးေတြ႔လူနာ (၄) ဦးအနက္ လူနာအမွတ္(၃၁) သည္း ဓာတ္ခြဲနမူနာစစ္ေဆးရာတြင္ ပထမအႀကိမ္ Negative ျပၿပီး ေနာက္ထပ္စစ္ေဆးကာ ဒုတိယအႀကိမ္ Negative ျပပါက ေဆးရံုမွဆင္းခိုင္းမည္ဟု လူမႈေရး၀န္ႀကီးကေျပာသည္။

“တီးတိန္မွာလည္း လူနာအမွတ္ (၃၁) က Negative တစ္ခါရျပီ မနက္ျဖန္ဆိုရင္ ျပန္ပို႔မယ္ မနက္ျဖန္ျပန္ပို႔ျပီးေတာ့ ဒုတိယအၾကိမ္ Negative ျပရင္ က်ေနာ္တို႔ လူနာအမွတ္ ၁၅၀ လိုပဲ ေဆးရံုကဆင္းခိုင္းၿပီး Quarantine ႏွစ္ပတ္ကိုနားခိုင္းမယ္” ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြင္မင္းထန္ကေျပာသည္။

ခ်င္းျပည္နယ္တြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕လူနာ (၆) ရိွျပီး ယင္းတို႔အနက္ တီးတိန္ၿမိဳ႕မွ လူနာအမွတ္ (၁) သည္ Negative ႏွစ္ၾကိမ္ျပကာ ေရာဂါပိုးမေတြ႔ေတာ့သည့္အတြက္ ဧျပီလ ၃၀ ရက္ေန႔က ေဆးရံုမွ ဆင္းသြားၿပီး ေနအိမ္တြင္ (၁၄) Home Quarantine ျဖင့္ထားရွိၾကသည္။

#Unicode

ချင်းပြည်နယ် ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့ လူနာအမှတ် ၁၅၀ အမျိုးသမီးသည် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ယနေ့ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုမည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“လူနာအမှတ် ၁၅၀ က မနေ့က Negative ဖြစ်သွားပြီ၊ ဒီနေ့ ညနေပိုင်း ၃ နာရီလောက်မှာ သူ့ကို ဆေးရုံကနေဆင်းပေးမယ်၊ Facility Quarantine  (၇) ရက်နဲ့ Home Quarantine (၇) ထပ်နေဖို့လိုတယ် လမ်းညွှန်းထားတယ်၊ သူက ကျန်းကျန်းမာမာပဲ ဘာမှပြောင်းလဲမှုမရှိပါဘူး’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။

လူနာအမှတ် ၁၅၀ သည် တရုတ်နိ်ုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ကာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင် ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါလူနာ၏ အာခေါင်တို့ဖတ် နှင့် နှာခေါင်းတို့ဖတ် နမူနာကို ဓာတ်ခွဲစစ်ဆေးကြည့်ရာတွင် မေလ (၁၀) ရက်နေ့က Negative တစ်ကြိမ်ပြပြီးနောက် ထပ်မံစစ်ဆေးကြည့်ရာတွင် မေလ (၁၃) ရက်နေ့က ဒုတိယအကြိမ် Negative ပြသည့် အတွက် ယနေ့ညနေပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုတော့မည်ဖြစ်သည်။

လူနာအမှတ် ၁၅၀ နှင့် ဆက်စပ်မှုရှိခဲ့သူ ၅၂ ဦးနှင့် Facility Quarantine ဝင်ပြီးသား (၄) ဦးတို့သည်လည်း ဓာတ်ခွဲစစ်ဆေးကြည့်ရာတွင် မေလ ၄ ရက်နေ့က Negative ပြခဲ့ပြီးဖြစ်သည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID-19 ပိုးတွေ့လူနာ (၄) ဦးအနက် လူနာအမှတ်(၃၁) သည်း ဓာတ်ခွဲနမူနာစစ်ဆေးရာတွင် ပထမအကြိမ် Negative ပြပြီး နောက်ထပ်စစ်ဆေးကာ ဒုတိယအကြိမ် Negative ပြပါက ဆေးရုံမှဆင်းခိုင်းမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။

“တီးတိန်မှာလည်း လူနာအမှတ် (၃၁) က Negative တစ်ခါရပြီ မနက်ဖြန်ဆိုရင် ပြန်ပို့မယ် မနက်ဖြန်ပြန်ပို့ပြီးတော့ ဒုတိယအကြိမ် Negative ပြရင် ကျနော်တို့ လူနာအမှတ် ၁၅၀ လိုပဲ ဆေးရုံကဆင်းခိုင်းပြီး Quarantine နှစ်ပတ်ကိုနားခိုင်းမယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၆) ရှိပြီး ယင်းတို့အနက် တီးတိန်မြို့မှ လူနာအမှတ် (၁) သည် Negative နှစ်ကြိမ်ပြကာ ရောဂါပိုးမတွေ့တော့သည့်အတွက် ဧပြီလ ၃၀ ရက်နေ့က ဆေးရုံမှ ဆင်းသွားပြီး နေအိမ်တွင် (၁၄) Home Quarantine ဖြင့်ထားရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.