Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟွာလ်ငိုးရမ်းဒေသသည် စစ်အစိုးရခေတ်အဆက်ဆက်သတ်မှတ်ပေးသော မည်သည့်မြို့နယ် နယ်နိမိတ်အောက်တွင်မရှိဟု HPO ထုတ်ပြန်

ဟွာလ်ငိုးရမ်းဒေသသည် စစ်အစိုးရခေတ်အဆက်ဆက်သတ်မှတ်ပေးသော မည်သည့်မြို့နယ် နယ်နိမိတ်အောက်တွင်မရှိဟု HPO ထုတ်ပြန်

0
By Editor on May 20, 2025 Headline

(004SS)

ချင်းပြည် (ချင်းလဲန်) ဖွဲ့စည်းပုံအတိုင်း ဒေသန္တရတစ်ခုအဖြစ် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်နေသော ဟွာလ်ငိုးရမ်းဒေသသည် စစ်အစိုးရ၏ ခေတ်အဆက်ဆက် သတ်မှတ်ပေးသော မည်သည့် မြို့နယ်၊ နယ်နိမိတ်အောက်တွင် မရှိဟု ဟွာလ်ငိုးရမ်းပြည်သူ့အဖွဲ့အစည်း (HPO) က ယမန်နေ့ညတွင် ထုတ်ပြန်သည်။

HPO/ CDF- Hualngoram သည် ချင်းပြည် (ချင်းလဲန်း) ဖွဲ့စည်းပုံ ၂၀၂၃ နှင့်အညီ ဖွဲ့စည်းထားသော ဒေသန္တရအစိုးရတစ်ခုဖြစ်ပြီး ဟွာလ်ငိုးရမ်းဒေသတွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျှက်ရှိသည်။

ထို့ကြောင့် ဟွာလ်ငိုးရမ်းဒေသအတွင်း ပညာရေး၊ ကျန်မာရေး ကဏ္ဍအသီးသီး၌ ဝန်ဆောင်မှုပေးလျှက်ရှိသော NGOs အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံဆေးခန်းများအနေဖြင့် ဟွာလ်ငိုးရမ်း ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါဘဲ လုပ်ငန်းဆောင်ရွက်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်း HPO က ဆိုသည်။

ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရ ထိန်းချုပ်နယ်မြေအတွင်း၌ ပုဂ္ဂလိကနှင့် အခြားသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသန္တရအစိုးရ၏ ခွင့်ပြုချက်မပါပဲ လက်နက်နှင့်အတူ ဖြတ်သန်း သွားလာခွင့်လုံးဝ (လုံးဝ) မပြုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဒေသန္တရအစိုးရ၏ အစိုးရယန္တရား လည်ပတ်ဆောင်ရွက်မှုများအား နှောင့်ယှက်တားဆီးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ပြည်သူ့ဝန်ဆောင်မှုများအား ပိတ်ပင်တာဆီးခြင်းများကိုလည်း လုံးဝ (လုံးဝ) ခွင့်မပြုကြောင်း ဖော်ပြထားသည်။

လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ပြီး သတင်းမှားဖြန့်ခြင်း၊ ပဋိပက္ခဖြစ်ပွားရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ အမုန်းတရားဖြန့်ခြင်းများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ကြောင်း၊ HPO/ CDF-Hualngoram ၏ ထုတ်ပြန်ချက်များကို လိုက်နာခြင်းမရှိပါက လိုအပ်သလို ထိထိရောက် ရောက် အရေးယူဆောင်ရွက်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

HPO/CDF-Hualngoram သည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတွင်ပါဝင်သော တော်လှန်ရေးအဖွဲ့အစည်း (၁၉) အနက် ချင်းပြည် (ချင်းလဲန်း) ဖွဲ့စည်းပုံ ၂၀၂၃ နှင့်အညီ ဖွဲ့စည်းထားသော ဒေသန္တရအစိုးရတစ်ခု ဖြစ်သည်ဟု ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.