Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“အကယ်၍ ငြိမ်းချမ်းသွားပြီဆိုရင် ကျောင်းဆရာမပဲ ပြန်လုပ်မယ်’’

“အကယ်၍ ငြိမ်းချမ်းသွားပြီဆိုရင် ကျောင်းဆရာမပဲ ပြန်လုပ်မယ်’’

0
By Editor on April 21, 2021 Headline

#Unicode

Civil Disobedience Movement- CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သည့် ကျောင်းဆရာမတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း
မဝတ်ရည်စိုး (အမည်လွဲ) သည် ကရင်ပြည်နယ် ဘားအံမြို့နယ်က ကျေးလက်ဒေသရှိ ကျေးရွာတစ်ရွာမှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်သော ပါတီစုံအထွေထွေရွေးကောက်ပွဲ မဲရုံဝန်ထမ်းအဖြစ်တာဝန်ထမ်းခဲ့သူတစ်ဦးလည်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်က လက်မခံသည့်အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်း ယူလိုက်ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာပြည်သူလူထုများသည် “လှဲနေလှေအောင်းမြင်းစောင်းမကျန်” လမ်းမပေါ်ထွက်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်မှု ဆင်နွှဲခဲ့ကြပြီး မဝတ်ရည်စိုးသည်လည်း စစ်အာဏာရှ င်ဆန့်ကျင်သည့် CDM လှုပ်ရှားမှုတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ပါဝင်ခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်သည့်အတွက် လုံခြုံရေးအခြေအနေစိုးရိမ်ရသောကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အိုင်ဇောလ်မြို့သို့ ထွက်ပြေးခိုလုံလာသည့် မဝတ်ရည်စိုးကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထား သည်။
မေး။ ။ ကျောင်းဆရာမတစ်ယောက်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ဘယ်လိုဖြစ်ပြီးတော့ ဝင်ပါဖြစ်သွားလဲ။ 
ဖြေ။ ။ ပထမကတော့ ဘာမှမသိဘူး ဒါပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖုန်းအဆက်အသွယ်တွေ ဖြတ်လိုက်တယ်ပေါ့နော် နောက်ပြီးတော့ မဲခိုးတယ်လို့ပြောတဲ့အတွက် ဆရာမတွေ မဲခိုးတယ်လို့ပြောရင် အသေစိတ်ပေါက်တယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကိုတိုင်ပင်ပန်းခဲ့တယ် မဲရုံမှာ ဘယ်လိုတာဝန်ထမ်းဆောင်ခဲ့လဲ အကုန်လုံးသိတယ် သိတဲ့အတွက် မဲခိုးတယ်လို့စွတ်စွဲမခံနိုင်ဘူး လက်မခံနိုင်ဘူး ဆရာမတွေအကုန်လုံးအတွက်လည်း လက်မခံနိုင်ဘူး သူတို့အားလုံးကိုယ်စားလည်း ကိုယ်ကသည်းမခံနိုင်ဘူး ဖြစ်တယ်လေ အဲလိုမျိုးဆိုတော့ ဆန္ဒတွေကအလိုလိုပြချင်လာတယ် ဖြစ်လာတယ် အဲလိုမျိုးနဲ့ ပါဝင်လာတာပါ။
မေး။ ။ ဆရာမတို့အနေနဲ့ စစ်အာဏာဆန့်ကျင်ရေးဆန္ဒဖော်ထုတ်မှုတွေမှာဘယ်လိုပုံစံမျိူးနဲ့ပါဝင်ဖြစ်ခဲ့ကြလဲ။ 
ဖြေ။ ။ ဆရာမတွေပဲဖွဲ့ထားတဲ့ group ရှိတယ်၊ ဘယ်အချိန်ဘယ်နာရီ ဘယ်မှာလူစုမယ် အဲလိုမျိုးပေါ့နော် အဲလိုမျိုး ဆန္ဒပြတယ် ပြတဲ့အခါကျတော့ မနက်ပိုင်းဆိုရင်  (၉)  နာရီဆိုရင် နာရီစင်မှာဆန္ဒပြတယ် ပထမတော့အဆင်ပြေတယ် အဲလိုမျိုးပေါနော် မဖမ်းမဆီးဘူး နေ့တိုင်းလိုလိုဆန္ဒပြတယ် နောက်ပိုင်းကြာလာတဲ့အခါကျတော့ သူတို့ကအတင်းအကျပ် အဖမ်းအဆီးတော့မဟုတ်ဘူး ဆရာမတွေကိုလူမစုအောင်အဓိကတော့ ဘားအံမှာ ဆန္ဒပြတာက ဆရာဆရာမတွေပဲ များတယ် ဆန္ဒပြတဲ့အချိန်မှာ ဆရာဆရာမတွေက ဦးဆောင်ပြီးတော့ နောက်က ရပ်ကွက်သူရပ်ကွက်သားတွေ လူထုတွေ အဲလိုမျိုးလိုက်တာဆိုတော့ အရင်ဆုံးက ဆရာမတွေလူစုတဲ့နေရာကိုပဲ လာစုကြတယ် အဓိကတော့ ဆရာမတွေမစုဖြစ်အောင် တားဆီးတယ် တားဆီးတဲ့အခါကျတော့ ဆရာမတွေရွာကနေတက်လာပြီဆိုရင် မြို့မရောက်ခင် ဂိတ်တွေမှာ လိုင်စင်စစ်တယ် လိုင်စင်ယာဉ်မောင်းလိုင်စင် အကယ်၍ယာဉ်မောင်းလိုင်စင်မပါဘူးဆိုရင်ပြန်ဆိုပြီးတော့ ပြန်ခိုင်းတယ် မစုဖြစ်အောင်သူတို့အဲလိုမျိုးလုပ်တယ် ကျောင်းစိမ်းအင်္ကျီဝတ်လာတယ်ဆိုရင် သူတို့က အရင်ဦးဆုံးပြန်ခိုင်းတယ် နောက်ပိုင်းကျတော့ ဆန္ဒပြဖို့အခက်အခဲဖြစ်လာတဲ့အခါကျတော့ ကျောင်းစိမ်းအင်္ကျီတွေကို လွယ်အိတ်ထဲမှာထည့် ထည့်ပြီးတော့နော် အဲလိုမျိုးစုတဲ့နေရာရောက်မှ အကျီင်္လဲ အဲလိုမျိုးပြရတယ် ပြန်ပြီဆိုလည်း ကျောင်းစိမ်းအကျင်္ီတွေချွတ် အိတ်ထဲမှာထည့်ပြီးတော့ အဲလိုမျိုးပြန်ရတယ်ပေါ့။
မေး – ခုလိုမျိူးတပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူလိုက်တာဟာ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက မဲရလဒ်ဟာ အဓိကအကြောင်းပြပါတယ်၊ မဲရလဒ်ကို လက်မခံလို့ ပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုပေမယ့် NLD အစိုးရကမဖြေရှင်းပေးလို့ အာဏာသိမ်းလိုက်တဲ့သဘောမျိူးဖြစ်နေတယ် ရွေးကောက်ပွဲတုန်းက ဆရာမတို့က မဲရုံးမှာတာဝန်ကျတယ်ဆိုတော့ တပ်မတော်ကစွပ်စွဲသလိုမဲလိမ် မဲခိုးဖို့ဆို ဘယ်လောက်ထိဖြစ်နိုင်ခြေရှိပါသလဲ။ 
ဖြေ – မဲခိုးဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်စုစာရင်းနဲ့လာတယ် အသက် (၁၈) နှစ်ပြည့်ပြီဆိုရင် သူတို့အိမ်ထောင်စုစာရင်းထဲကအတိုင်း သူတို့နာမည်စာရင်းနဲ့လာတယ် လာပြီးရင် လူတစ်ယောက်က နှစ်ခါပေးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး ဘာဖြစ်လို့ဆိုရင် မှင်တုပြီဆိုရင် (၅) ရက်ထိက မပျက်ဘူး တော်ရုံတန်ရုံနဲ့ မပျက်ဘူး ပြီးတော့ ဒီရွာမှာမဲပေးတဲ့အချိန်မှာလည်း ကော်မရှင်တွေရှိတယ် ပြီးတော့ အကုန်လုံးပါတီကလူတွေရှိတယ် ပြီးတော့ မဲတခါတည်းဖောက်ခဲ့တယ်ဆိုတာနဲ့ သူတို့ရှေ့မှာတခါတည်း ကြော်ငြာပြတယ် ပြီးရင် ဘယ်ပါတီကဘယ်နှစ်မဲရလဲအစ သူတို့စာလာအိတ်ထဲထည့်ပြီးတော့ တခါတည်း ရဲတွေနဲ့ အဲဒီခန်းမမှာသွားပြီးတော့ မသွားခင်မှာလည်းတစ်ခါတည်းဖုန်းဆက်ပြီးသွားပြီ ကော်မရှင်ကို ဘယ်သူက ဘယ်ပါတီက ဘယ်နှစ်မဲရလဲဆိုတာကို သူတို့တခါတည်းပြောပြီးမှ ဒီမဲတွေလည်း ဒီရဲတွေနဲ့ယူသွားတယ်ဆိုတော့ မဲခိုးတယ်လို့ပြောတာတော့မဖြစ်နိုင်ဘူး။
မေး။ ။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြတဲ့ ဆရာမတို့အပါအဝင်ပေါ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလို့ ခုဆိုရင် အရပ်သားပြည်သူ ၇၀၀ ကျော်ကျဆုံးပြီပေါ့နော်၊ အများအပြားလည်းအအဖမ်းခံခဲ့ရတယ်၊ ဒီအပေါ်မှာ ဆရာမခံစားချက်ကိုသိချင်ပါတယ်။ 
ဖြေ။ ။  ပြည်သူလူထုတွေကတော့ လက်နက်မရှိဘူးလေ စာရွက်လေးတွေပဲရှိတယ် ကိုင်ပြီးတော့ ဆန္ဒပြတယ် ရင်ထဲကခံစားချက်တွေကိုပြောတယ် ဒါကို သူတို့ကလက်နက်တွေနဲ့ မတရားနှိပ်စက်တယ်ဆိုတော့ မတရားဘူးလို့တော့ ခံစားရတယ် လက်နက်ရှိတိုင်းလုပ်ချင်ရာလုပ်လို့ရတယ်ပုံစံဖြစ်နေတယ် လူ့အခွင့်အရေးတွေလည်းအများကြီးချိုး ဖောက်ခံရတယ် အဲလိုမျိုးခံစားတယ်။
မေး။ ။ အခုမီဇိုရမ်ဘက်ကိုထွက်ပြေးခိုလုံလာတော့ နေထိုင်ရေးပိုင်းမှာကော်ဘယ်လိုအခက်ခဲတွေရှိလဲ၊ ဘာတွေဆက်လုပ်ဖို့စီစဉ်ထားပါသလဲ။ 
ဖြေ ။ ။ အခုလောလောဆယ်တော့ သူတို့သင်တန်းတွေခေါ်နေတယ် သင်တန်းခေါ်နေပြီ သင်တန်းမဝင်ဘူးဆိုရင် လူက ၅၀၅ ထုတ်တော့မယ်ဆိုတော့ မလုပ်ဘူး မလာတော့ဘူးလို့တော့ပြောထားတယ် CDM မှာပါတယ် အဲလိုမျိုးတော့ ပြောထားတယ် ဒါပေမဲ့ ၁၄ ရက်နေ့ထိ စောင့်ကြည့်မယ်ပေါ့နော် ၁၄ ရက်နေ့ထိ စောင့်ကြည့်ပြီးတော့ သူတို့နာမည်စာရင်းကောက်မယ် သင်တန်းအတွက် ဒီမှာတော့အခက်အခဲတော့မရှိပါဘူး အားလုံးအဆင်ပြေပါတယ် အကယ်၍ ငြိမ်းချမ်းသွားပြီဆိုလို့ရှိရင် ဆရာမပြန်လုပ်မယ်ပေါ့နော် အခုကတော့ ပြန်ဖို့ကတော့ အစီအစဉ်မရှိသေးဘူး။
မေး။ ။ နောက်ဆုံးအနေနဲ့ နွေးဦးတော်လှန်ရေးအပေါ်ပဲဖြစ်ဖြစ် ဆရာမတစ်ယောက်အနေနဲ့ဘာများပြောကြားလိုပါလဲ။ 
ဖြေ။ ။ CDM မပါသေးတဲ့ဝန်ထမ်းတွေလည်း CDM ပါစေချင်တယ် CDM ရာခိုင်နှုန်းအပြည့်အောင်မြင်တယ်ဆိုရင် ဒီတော်လှန်ရေးက ရှောရှောရှူရှူနဲ့ပြီးမယ် အကယ်၍ CDM မပါသေးဘူးဆိုလည်းပါစေချင်တယ် အခုတိုက်ပွဲဝင်တဲ့လူငယ်တွေကလေးတွေအားလုံးလည်း ဒီထက်မက ပိုပြီးအားတင်းထားပါ အဲလိုမျိုးတော့ ပြောစေချင်ပါတယ်။

#Zawgyi

“အကယ္၍ ၿငိမ္းခ်မ္းသြားၿပီဆိုရင္ ေက်ာင္းဆရာမပဲ ျပန္လုပ္မယ္’’

Civil Disobedience Movement- CDM လႈပ္ရွားမႈတြင္ပါ၀င္ၿပီး မီဇိုရမ္ျပည္နယ္သို႔ ထြက္ေျပးတိမ္းေရွာင္သည့္ ေက်ာင္းဆရာမတစ္ဦးႏွင့္ ေတြ႕ဆံုေမးျမန္းျခင္း

မ၀တ္ရည္စိုး (အမည္လြဲ) သည္ ကရင္ျပည္နယ္ ဘားအံၿမိဳ႕နယ္က ေက်းလက္ေဒသရွိ ေက်းရြာတစ္ရြာမွာ မူလတန္းျပ ေက်ာင္းဆရာမတစ္ဦးျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပျပဳလုပ္ေသာ ပါတီစံုအေထြေထြေရြးေကာက္ပြဲ မဲရံု၀န္ထမ္းအျဖစ္တာ၀န္ထမ္းခဲ့သူတစ္ဦးလည္းျဖစ္သည္။

၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို တပ္မေတာ္က လက္မခံသည့္အတြက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ႏိုင္ငံေတာ္အာဏာသိမ္း ယူလိုက္ၿပီးေနာက္ တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ျမန္မာျပည္သူလူထုမ်ားသည္ “လွဲေနေလွေအာင္းျမင္းေစာင္းမက်န္” လမ္းမေပၚထြက္ၿပီး စစ္အာဏာရွင္စနစ္ဆန္႔က်င္ဆႏၵေဖာ္ထုတ္မႈ ဆင္ႏႊဲခဲ့ၾကၿပီး မ၀တ္ရည္စိုးသည္လည္း စစ္အာဏာရွ င္ဆန္႔က်င္သည့္ CDM လႈပ္ရွားမႈတြင္ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ကစတင္ပါ၀င္ခဲ့သည္။

စစ္အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈတြင္ ပူးေပါင္းပါ၀င္သည့္အတြက္ လံုျခံဳေရးအေျခအေနစိုးရိမ္ရေသာေၾကာင့္ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္အိုင္ေဇာလ္ၿမိဳ႕သို႔ ထြက္ေျပးခိုလံုလာသည့္ မ၀တ္ရည္စိုးကို ခိုႏူမ္းသုန္သတင္းဌာနက ေတြ႕ဆံုေမးျမန္းထား သည္။

ေမး။      ။ ေက်ာင္းဆရာမတစ္ေယာက္အေနနဲ႔ စစ္အာဏာရွင္ဆန္႔က်င္တဲ့ CDM လႈပ္ရွားမႈမွာ ဘယ္လိုျဖစ္ျပီးေတာ့ ၀င္ပါျဖစ္သြားလဲ။

ေျဖ။      ။ ပထမကေတာ့ ဘာမွမသိဘူး ဒါေပမဲ့ အာဏာသိမ္းျပီးတဲ့ေနာက္ပိုင္းမွာ ဖုန္းအဆက္အသြယ္ေတြ ျဖတ္လိုက္တယ္ေပါ့ေနာ္ ေနာက္ျပီးေတာ့ မဲခိုးတယ္လို႔ေျပာတဲ့အတြက္ ဆရာမေတြ မဲခုိးတယ္လို႔ေျပာရင္ အေသစိတ္ေပါက္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ကိုတိုင္ပင္ပန္းခဲ့တယ္ မဲရံုမွာ ဘယ္လိုတာ၀န္ထမ္းေဆာင္ခဲ့လဲ အကုန္လံုးသိတယ္ သိတဲ့အတြက္ မဲခုိးတယ္လို႔စြတ္စြဲမခံႏုိင္ဘူး လက္မခံႏုိင္ဘူး ဆရာမေတြအကုန္လံုးအတြက္လည္း လက္မခံႏုိင္ဘူး သူတို႔အားလံုးကိုယ္စားလည္း ကိုယ္ကသည္းမခံႏုိင္ဘူး ျဖစ္တယ္ေလ အဲလိုမ်ိဳးဆိုေတာ့ ဆႏၵေတြကအလိုလိုျပခ်င္လာတယ္ ျဖစ္လာတယ္ အဲလိုမ်ိဳးနဲ႔ ပါ၀င္လာတာပါ။

ေမး။      ။ ဆရာမတို႔အေနနဲ႔ စစ္အာဏာဆန္႔က်င္ေရးဆႏၵေဖာ္ထုတ္မႈေတြမွာဘယ္လိုပံုစံမ်ဴိးနဲ႔ပါ၀င္ျဖစ္ခဲ့ၾကလဲ။

ေျဖ။      ။ ဆရာမေတြပဲဖြဲ႕ထားတဲ့ group ရွိတယ္၊ ဘယ္အခ်ိန္ဘယ္နာရီ ဘယ္မွာလူစုမယ္ အဲလိုမ်ိဳးေပါ့ေနာ္ အဲလိုမ်ိဳး ဆႏၵျပတယ္ ျပတဲ့အခါက်ေတာ့ မနက္ပိုင္းဆိုရင္  (၉)  နာရီဆိုရင္ နာရီစင္မွာဆႏၵျပတယ္ ပထမေတာ့အဆင္ေျပတယ္ အဲလိုမ်ိဳးေပါေနာ္ မဖမ္းမဆီးဘူး ေန႔တိုင္းလိုလိုဆႏၵျပတယ္ ေနာက္ပိုင္းၾကာလာတဲ့အခါက်ေတာ့ သူတို႔ကအတင္းအက်ပ္ အဖမ္းအဆီးေတာ့မဟုတ္ဘူး ဆရာမေတြကိုလူမစုေအာင္အဓိကေတာ့ ဘားအံမွာ ဆႏၵျပတာက ဆရာဆရာမေတြပဲ မ်ားတယ္ ဆႏၵျပတဲ့အခ်ိန္မွာ ဆရာဆရာမေတြက ဦးေဆာင္ျပီးေတာ့ ေနာက္က ရပ္ကြက္သူရပ္ကြက္သားေတြ လူထုေတြ အဲလိုမ်ိဳးလိုက္တာဆိုေတာ့ အရင္ဆံုးက ဆရာမေတြလူစုတဲ့ေနရာကိုပဲ လာစုၾကတယ္ အဓိကေတာ့ ဆရာမေတြမစုျဖစ္ေအာင္ တားဆီးတယ္ တားဆီးတဲ့အခါက်ေတာ့ ဆရာမေတြရြာကေနတက္လာျပီဆိုရင္ ျမိဳ႕မေရာက္ခင္ ဂိတ္ေတြမွာ လိုင္စင္စစ္တယ္ လိုင္စင္ယာဥ္ေမာင္းလိုင္စင္ အကယ္၍ယာဥ္ေမာင္းလိုင္စင္မပါဘူးဆိုရင္ျပန္ဆိုျပီးေတာ့ ျပန္ခိုင္းတယ္ မစုျဖစ္ေအာင္သူတို႔အဲလိုမ်ိဳးလုပ္တယ္ ေက်ာင္းစိမ္းအကၤ်ီ၀တ္လာတယ္ဆိုရင္ သူတို႔က အရင္ဦးဆံုးျပန္ခိုင္းတယ္ ေနာက္ပိုင္းက်ေတာ့ ဆႏၵျပဖို႔အခက္အခဲျဖစ္လာတဲ့အခါက်ေတာ့ ေက်ာင္းစိမ္းအကၤီ်ေတြကို လြယ္အိတ္ထဲမွာထည့္ ထည့္ျပီးေတာ့ေနာ္ အဲလိုမ်ိဳးစုတဲ့ေနရာေရာက္မွ အက်ီၤလဲ အဲလိုမ်ိဳးျပရတယ္ ျပန္ျပီဆိုလည္း ေက်ာင္းစိမ္းအက်ၤီေတြခ်ြတ္ အိတ္ထဲမွာထည့္ျပီးေတာ့ အဲလိုမ်ိဳးျပန္ရတယ္ေပါ့။

ေမး – ခုလိုမ်ဴိးတပ္မေတာ္က ႏိုင္ငံေတာ္အာဏာသိမ္းယူလိုက္တာဟာ ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတုန္းက မဲရလဒ္ဟာ အဓိကအေၾကာင္းျပပါတယ္၊ မဲရလဒ္ကို လက္မခံလို႔ ျပန္လည္ေျဖရွင္းေပးဖို႔ေတာင္းဆိုေပမယ့္ NLD အစိုးရကမေျဖရွင္းေပးလို႔ အာဏာသိမ္းလိုက္တဲ့သေဘာမ်ဴိးျဖစ္ေနတယ္ ေရြးေကာက္ပြဲတုန္းက ဆရာမတို႔က မဲရံုးမွာတာ၀န္က်တယ္ဆိုေတာ့ တပ္မေတာ္ကစြပ္စြဲသလိုမဲလိမ္ မဲခိုးဖို႔ဆို ဘယ္ေလာက္ထိျဖစ္ႏိုင္ေျခရွိပါသလဲ။

ေျဖ – မဲခိုးဖို႔ဆိုတာကေတာ့မျဖစ္ႏိုင္ဘူးေပါ့ေနာ္ ဘာျဖစ္လို႔လဲဆိုေတာ့ အိမ္ေထာင္စုစာရင္းနဲ႔လာတယ္ အသက္ (၁၈) ႏွစ္ျပည့္ျပီဆိုရင္ သူတို႔အိမ္ေထာင္စုစာရင္းထဲကအတုိင္း သူတို႔နာမည္စာရင္းနဲ႔လာတယ္ လာျပီးရင္ လူတစ္ေယာက္က ႏွစ္ခါေပးဖို႔ဆိုတာလည္းမျဖစ္ႏုိင္ဘူး ဘာျဖစ္လို႔ဆိုရင္ မွင္တုျပီဆိုရင္ (၅) ရက္ထိက မပ်က္ဘူး ေတာ္ရံုတန္ရံုနဲ႔ မပ်က္ဘူး ျပီးေတာ့ ဒီရြာမွာမဲေပးတဲ့အခ်ိန္မွာလည္း ေကာ္မရွင္ေတြရိွတယ္ ျပီးေတာ့ အကုန္လံုးပါတီကလူေတြရွိတယ္ ျပီးေတာ့ မဲတခါတည္းေဖာက္ခဲ့တယ္ဆိုတာနဲ႔ သူတို႔ေရွ႕မွာတခါတည္း ေၾကာ္ျငာျပတယ္ ျပီးရင္ ဘယ္ပါတီကဘယ္ႏွစ္မဲရလဲအစ သူတို႔စာလာအိတ္ထဲထည့္ျပီးေတာ့ တခါတည္း ရဲေတြနဲ႔ အဲဒီခန္းမမွာသြားျပီးေတာ့ မသြားခင္မွာလည္းတစ္ခါတည္းဖုန္းဆက္ျပီးသြားျပီ ေကာ္မရွင္ကို ဘယ္သူက ဘယ္ပါတီက ဘယ္ႏွစ္မဲရလဲဆိုတာကို သူတို႔တခါတည္းေျပာျပီးမွ ဒီမဲေတြလည္း ဒီရဲေတြနဲ႔ယူသြားတယ္ဆိုေတာ့ မဲခိုးတယ္လို႔ေျပာတာေတာ့မျဖစ္ႏိုင္ဘူး။

ေမး။      ။ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ၾကတဲ့ ဆရာမတို႔အပါအ၀င္ေပါ့ ျပည္သူေတြကို စစ္ေကာင္စီက အၾကမ္းဖက္ၿဖိဳခြင္းလို႔ ခုဆိုရင္ အရပ္သားျပည္သူ ၇၀၀ ေက်ာ္က်ဆံုးၿပီေပါ့ေနာ္၊ အမ်ားအျပားလည္းအအဖမ္းခံခဲ့ရတယ္၊ ဒီအေပၚမွာ ဆရာမခံစားခ်က္ကိုသိခ်င္ပါတယ္။

ေျဖ။      ။  ျပည္သူလူထုေတြကေတာ့ လက္နက္မရိွဘူးေလ စာရြက္ေလးေတြပဲရိွတယ္ ကိုင္ျပီးေတာ့ ဆႏၵျပတယ္ ရင္ထဲကခံစားခ်က္ေတြကိုေျပာတယ္ ဒါကို သူတို႔ကလက္နက္ေတြနဲ႔ မတရားႏွိပ္စက္တယ္ဆိုေတာ့ မတရားဘူးလို႔ေတာ့ ခံစားရတယ္ လက္နက္ရိွတိုင္းလုပ္ခ်င္ရာလုပ္လို႔ရတယ္ပံုစံျဖစ္ေနတယ္ လူ႔အခြင့္အေရးေတြလည္းအမ်ားၾကီးခ်ိဳး ေဖာက္ခံရတယ္ အဲလိုမ်ိဳးခံစားတယ္။

ေမး။      ။ အခုမီဇိုရမ္ဘက္ကိုထြက္ေျပးခိုလံုလာေတာ့ ေနထိုင္ေရးပိုင္းမွာေကာ္ဘယ္လိုအခက္ခဲေတြရွိလဲ၊ ဘာေတြဆက္လုပ္ဖို႔စီစဥ္ထားပါသလဲ။

ေျဖ ။     ။ အခုေလာေလာဆယ္ေတာ့ သူတို႔သင္တန္းေတြေခၚေနတယ္ သင္တန္းေခၚေနျပီ သင္တန္းမ၀င္ဘူးဆိုရင္ လူက ၅၀၅ ထုတ္ေတာ့မယ္ဆိုေတာ့ မလုပ္ဘူး မလာေတာ့ဘူးလို႔ေတာ့ေျပာထားတယ္ CDM မွာပါတယ္ အဲလိုမ်ိဳးေတာ့ ေျပာထားတယ္ ဒါေပမဲ့ ၁၄ ရက္ေန႔ထိ ေစာင့္ၾကည့္မယ္ေပါ့ေနာ္ ၁၄ ရက္ေန႔ထိ ေစာင့္ၾကည့္ျပီးေတာ့ သူတုိ႔နာမည္စာရင္းေကာက္မယ္ သင္တန္းအတြက္ ဒီမွာေတာ့အခက္အခဲေတာ့မရိွပါဘူး အားလံုးအဆင္ေျပပါတယ္ အကယ္၍ ျငိမ္းခ်မ္းသြားျပီဆိုလို႔ရိွရင္ ဆရာမျပန္လုပ္မယ္ေပါ့ေနာ္ အခုကေတာ့ ျပန္ဖို႔ကေတာ့ အစီအစဥ္မရိွေသးဘူး။

ေမး။      ။ ေနာက္ဆံုးအေနနဲ႔ ေႏြးဦးေတာ္လွန္ေရးအေပၚပဲျဖစ္ျဖစ္ ဆရာမတစ္ေယာက္အေနနဲ႔ဘာမ်ားေျပာၾကားလိုပါလဲ။

ေျဖ။      ။ CDM မပါေသးတဲ့၀န္ထမ္းေတြလည္း CDM ပါေစခ်င္တယ္ CDM ရာခိုင္ႏႈန္းအျပည့္ေအာင္ျမင္တယ္ဆိုရင္ ဒီေတာ္လွန္ေရးက ေရွာေရွာရွဴရွဴနဲ႔ၿပီးမယ္ အကယ္၍ CDM မပါေသးဘူးဆိုလည္းပါေစခ်င္တယ္ အခုတိုက္ပဲြ၀င္တဲ့လူငယ္ေတြကေလးေတြအားလံုးလည္း ဒီထက္မက ပိုျပီးအားတင္းထားပါ အဲလိုမ်ိဳးေတာ့ ေျပာေစခ်င္ပါတယ္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.