Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

0
By Editor on November 5, 2025 Headline

(006SV)

မကွေးတိုင်းအနောက်ခြမ်း၊ ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Asho က အောက်တိုဘာလ အတွင်း အကျဉ်းသား ၁၀၀ ကျော်အပါအဝင် ကျေးရွာဒေသခံ လူနာစုစုပေါင်း ၂၇၀ ကျော်ကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လတာအတွင်း CDF – အရှိုရဲဘော် တပ်ဖွဲ့ဝင် ၄၆ ဦး၊ အကျဉ်းသား ၁၀၄ ဦး၊ အရပ်သား ၆၇ ဦး၊ ကျေးရွာများကို ရွေ့လျားကုသမှုဖြင့် ဆေးကုသမှု ပေးနိုင်သော လူနာ ၆၀ ဦး စသည့် CDF – အရှို စခန်းအားလုံးနှင့် ကျေးရွာဒေသခံလူနာ စုစုပေါင်း ၂၇၇ ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့သည်ဟု CDF – အရှိုထံမှ သိရသည်။

ယခုလို အရပ်သားပြည်သူများကိုပါ ဆေးဝါးကုသမှုများပေးနိုင်ရန် ဆေးဝါးအလှူ သီးခြား ပံ့ပိုးပေးပါသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများအား မိဘပြည်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

“ပြီးခဲ့တဲ့လ ကုသမှု ပေးခဲ့ရတဲ့ လူနာတွေထဲမှာ အများဆုံးက ရာသီတုပ်ကွေးတွေ အဖြစ်များကြပါတယ်။ အဓိကက လမ်းခရီးခက်ခဲမှုနဲ့ ဆေးဝါးမလုံလောက်မှုတွေတော့ အနည်းငယ်ရှိခဲ့ပါတယ်၊၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကတော့ ၄၀ ရာခိုင်နှုန်းလောက်ရှိပါမယ်၊၊ အကျဉ်းသားတွေထဲမှာလည်း ရာသီတုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးဖျားနာ၊ ထိခိုက်ရှနာ စတာတွေကြောင့် ကုသပေးခဲ့ရတာတွေလည်း ရှိပါတယ်” ဟု CDF – အရှို၊ ဆေးဌာနမှူး မိုင်းအိုင်ယူက ပြောသည်။

လူနာများတွင် ရာသီတုပ်ကွေ ဖြစ်ပွားမှုကို အများဆုံးကုသပေးခဲ့ရပြီး ငှက်ဖျား၊ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ဆေးဝါးကုသမှု ပေးနိုင်ရန် ဆေးဝါးအလှူ ပံ့ပိုးကူညီပေးသော ပြည်တွင်းပြည်ပမှ ဝန်းရံထောက်ပံ့သူများကို ကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

CDF – အရှိုတပ်ဖွဲ့သည် စက်တင်ဘာလဆန်းမှစတင်၍ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာသော စစ်ကော်မရှင်တပ် စစ်ကြောင်းများကို အခြားတော်လှန်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခြင်းနှင့်အတူ ခုခံ/ ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု နိုဝင်ဘာလဆန်းပိုင်းက အသိပေးထုတ်ပြန်ထားသည်။

စက်တင်ဘာလမှ အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်မှ စစ်မှုထမ်းရန် စုဆောင်းခြင်း ခံရသော တပ်ဖွဲ့ဝင် ၂၆ ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိကြောင်း၊ CDF – အရှို ရဲဘော် ၂ ဦး ကျဆုံးပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦး၊ အခြားထိခိုက်ဒဏ်ရာ ရရှိသူ တပ်ဖွဲ့ဝင် ၇ ဦး ရှိသည်ဟု သိရသည်။

ဓါတ်ပုံ – CDF – အရှို့က ဆေးဝါးကုသပေးသော လူနာတချို့နှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ၊

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

CDF – မရာထိန်းချုပ်ထားသည့် ငဖိုင်ပိ (ခ) ရွာကို MDF က ဒရုန်းဖြင့် ၃ ကြိမ် တိုက်ခိုက်ဟု ဆို

MDF စခန်း တိုက်ခိုက်ခံရဆိုသည့်သတင်း မရာနှစ်ဖွဲ့ကြား ထုတ်ပြန်ပြောဆိုချက် ကွဲလွဲနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.